တိုင်းသံဃာ့နာယကအဖွဲ့က မန္တလေးသပိတ်စခန်းကို ဒီနေ့ည၁၀ နာရီနောက်ဆုံးထားဖယ်ရှားခိုင်းထား

တိုင်းသံဃာ့နာယကအဖွဲ့က မန္တလေးသပိတ်စခန်းကို ဒီနေ့ည၁၀ နာရီနောက်ဆုံးထားဖယ်ရှားခိုင်းထား
August 4, 2017 Fame Asian

2:47 pm
တိုင်းသံဃာ့နာယကအဖွဲ့က မန္တလေးသပိတ်စခန်းကို ဒီနေ့ည၁၀ နာရီနောက်ဆုံးထားဖယ်ရှားခိုင်းထား

20663840_1517466071649003_124664559104329062_n

မန္တလေး၊သြဂုတ်၎

တိုင်းသံဃာ့နာယကအဖွဲ့ကတော့ သပိတ်စခန်းကို ဒီနေ့ ည ၁၀ နာရီနောက်ဆုံးထားဖယ်ရှားပေးဖို့ မေတ္တာရပ်ခံ ထားသလို သပိတ်စခန်းတာဝန်ရှိသူတွေကလည်း ဒီ နေ့ မွန်းလွဲပိုင်းမှာ သတင်းမီဒီယာနဲ့တွေ့ဆုံရှင်းလင်းသွားဖို့ ရှိတယ်လို့သိရပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးအစအလံ နဲ့ သပိတ်မှောက်ကံဆောင်ထားတာမို့လို့. ဘယ်လိုဖိအား တွေရှိလာပါစေ သပိတ်မှောက်တာမရပ်ဘူးလို့ မန္တလေး ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး အနောက်ဘက် ၄၅ တာ သာသနာ ၂၅၀၀ ဗိမာန်ဝင်း အတွင်း အစိုးရဖြုတ်ချရေးသပိတ်စခန်း က ကြေညာချက်ထုတ်ပြန်ပါတယ်။

20621833_1517466074982336_3813944211093553732_n
အထူးအရေးပေါ်ထုတ်ပြန်ကြေညာချက်နဲ့ ကြေညာခဲ့တဲ့ ၄င်းတို့ရဲ့ကြေညာချက်မှာမန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့စာအမှတ် ၂၉၈/သ/၁၈၇ (သာ-ထွေ) တနက-၁၇ အမှတ်စဉ်နဲ့ ယနေ့၃ . ၈ . ၂၀၁၇ နေ့ ည-၇ နာရီ ၃၀ မိနစ်မှာ ပေးပို့လာတဲ့ အကြမ်းဖက်ဖြိုခွင်းဖို့ ခြိမ်းခြောက်လာတဲ့အပေါ် သပိတ်ဖြစ်မြောက်ရေးကော်မတီက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်ကြောင်း၊ မိမိတို့လုပ်ဆောင်နေတဲ့ အမျိုး ဘာသာသာသနာကာကွယ် စောင့်ရှောက်မှုလုပ်ဆောင်နေတာကို တိုင်းသံဃာ့နာယကအနေနဲ့ လက်ဝင်ရာဓားမလျှို ဖို့၊ သာသနာရေးဝန်ကြီးဌာနရဲ့ ခိုင်းစေချက်ကို လုပ်ဆောင်ဖို့ သင့်/မသင့် စဉ်းစားသင့် ကြောင်း၊ ဘယ်လိုသပိတ်စခန်းကိုမဆို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းလာမယ်ဆိုရင် အချိန်နဲ့တပြေးညီ ပြန်လည်တုန့်ပြန်သွားမှာသာဖြစ်ကြောင်း၊ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿ နာတွေဟာ သာသနာရေးဝန်ကြီးဌာနနဲ့ တိုင်းသံဃာ့နာယကအဖွဲ့မှာသာအပြည့်အဝတာဝန်ရှိကြောင်း ရဟန်းရှင်လူ ပြည်သူတွေကိုအသိပေးပါကြောင်း ပါရှိပါတယ်။

“ဘယ်လိုဖိအားပေးမှုတွေရှိလာပါစေ သပိတ်စခန်းဖျက်သိမ်းပေးမှာ မဟုတ်ပါဘူးလို့ လတ်တလော ပြောနေကြတယ်။ ကျွန်တော်တို့သုံးထားတဲ့အလံကိုက မြန်မာနိုင်ငံတော်လှန်ရေး အစတုန်းကအလံ၊ သပိတ်မှောက် ပြီးကံဆောင်ထားတာဖြစ်တဲ့အတွက်လည်း နေရာရွှေ့တာ တို့ ပြောင်းတာတို့ လုပ်လို့မရဘူး၊ ဒါကြောင့်မို့ သပိတ်စခန်းက ဆက်ရှိနေမှာဖြစ်ပါတယ်”လို့ သပိတ်စခန်းပြော ရေးဆိုခွင့်ရှိသူကပြောပါတယ်။

တည်ဆဲအစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်တောင်းဆိုနေ ကြသူ အင်အားတစ်ရာ(သပိတ်စခန်းမှတ်တမ်းအရ)ခန့်ဟာ သြဂုတ် ၂ ရက်မွန်းလွဲပိုင်းကစလို့ မန္တလေး ချမ်းမြသာစည် မြို့နယ် မဟာမုနိဘုရားကြီးအနောက်ဖက် သာသနာ ၂၅၀၀ ၀င်းအတွင်း ဗီနိုင်းပိုစတာတွေကိုင်ဆောင်ပြီး ကြွေး ကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်နေတာမှာ အထူးသဖြင့် တည်ဆဲအစိုးရအလိုမရှိဆိုတာကိုပဲ ထပ်ခါတစ်လဲလဲ တောင်းဆိုနေကြတာပါ။

သပိတ်မှောက်အဖွဲ့ကို အဲဒီနေ့ညနေပိုင်းကတည်းက မြို့ နယ်သံဃာ့နာယကဥက္ကဌဆရာတော်ကိုယ်တိုင် သပိတ် စခန်းဖျက်သိမ်းပေးဖို့ မေတ္တာရပ်ခံခဲ့ပေမယ့်လည်း သပိတ် မှောက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူသံဃာတွေက ၄င်းတို့ ကို ၇ ရက်စောင့်ဆိုင်းဖို့ ပြန်လည်မေတ္တာရပ်ခံခဲ့ပါတယ်။

ယမန်နေ့ည ၇ နာရီအချိန်ခန့်က သပိတ်စခန်း ဖယ်ရှားပေးဖို့ တိုင်းသံဃာ့နာယကအဖွဲ့က ထပ်မံအကြောင်းကြားလာတာမှာ နှစ်ဖက်သဘောထား တင်းမာလာကြပြီး ချက်ချင်းပဲ သပိတ်မှောက်အဖွဲ့က တန်ပြန်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

“သူတို့ဘက်ကလည်း ကြိုက်တာလုပ်ပေါ့၊ ဒီဘက်ကလည်း သံဃာအင်အားလူအင်အားဖြည့်ပြီး ဆက်လုပ်ဖို့သဘောတူထားပါတယ်၊ လတ်တလောသိရသလောက်တော့ သပိတ်စခန်းလုံးဝမဖျက်ပါဘူး” လို့ အထက်ပါ သပိတ်စခန်း ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*