မန္တလေး တံခွန်တိုင်အ၀ိုင်း အနီး ပန်းရံတော်ချောင်းထဲ လူသေ ၁လောင်းတွေ့

မန္တလေး တံခွန်တိုင်အ၀ိုင်း အနီး ပန်းရံတော်ချောင်းထဲ လူသေ ၁လောင်းတွေ့
July 19, 2017 Asian Fame

2:18 pm
မန္တလေး တံခွန်တိုင်အ၀ိုင်း အနီး ပန်းရံတော်ချောင်းထဲ လူသေ ၁လောင်းတွေ့

mdy(မန္တလေး၊ ဇူလိုင်၁၉)

မန္တလေး ပြည်ကြီး တံခွန်မြို့နယ် တံခွန်တိုင် အ၀ိုင်းအနီး ပန်းရံတော် ချောင်းထဲမှာ ဒီနေ့ (ဇူလိုင် ၁၉ ရက်) မနက် ၉ နာရီ အချိန်ခန့်က အမည်မသိ အမျိုးသား တစ်ဦးရဲ့အလောင်း တစ်လောင်း ပုပ်ပွနေတဲ့ အနေအထား နဲ့တွေ့ရှိခဲ့ရတယ် လို့ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။

အဲဒီပုပ်ပွနေတဲ့ အလောင်းကို မီးသတ်တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ဆယ်ယူပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင် စစ်ဆေးမှုတွေပြုလုပ်နေတယ် လို့လည်း သိရပါတယ်။

သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ကတော့ အလောင်းတွေ့ ရှိမှုနဲ့ပတ်သက်လို့ အပူတပြင်း စုံစမ်းနေပြီး လတ်တလော မှာတော့ ဘာမှ မပြောနိုင်သေးပါဘူး လို့ ပြည်ကြီးတံခွန် မြို့နယ် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ် ဦးကပြောပါတယ်။

အဲဒီအလောင်းဟာ ချောင်း အထက်ကနေ ရေနဲ့မျှောပါ လာတာဖြစ်ပြီး ချုံနွယ်တွေ နဲ့ငြိနေတဲ့ အနေအထားမှာ တွေ့ရှိခဲ့ ရတာ ဖြစ်တယ် လို့ နယ်မြေခံ သတင်းတပ်ဖွဲ့တာဝန်ရှိသူတွေဆီ သိရပါတယ်။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*