ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ရဲတပ်သား တစ်ဦး အိမ်သာ အတွင်းသေဆုံးနေ

ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ရဲတပ်သား တစ်ဦး အိမ်သာ အတွင်းသေဆုံးနေ
September 12, 2017 Asian Fame

12:21 pm
ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ရဲတပ်သား တစ်ဦး အိမ်သာ အတွင်းသေဆုံးနေ

(မြစ်ကြီးနား ၊ စက်တင်ဘာ ၁၂)

ဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ ရဲတပ်သားတစ်ဦး အိမ်သာ အတွင်းမှာ သေဆုံးနေတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၁ ရက်နေ့က မြစ်ကြီးနားမြို့ မှာဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ၀န်းသိုဘုန်းကြီးကျောင်းတိုက် အတွင်းမှာရှိတဲ့ အများသုံး အိမ်သာ အတွင်းမှာ အဆိုပါ ရဲတပ်သားရဲ့ အလောင်း ကိုတွေ့ရှိ ခဲ့ရတာဖြစ်ပြီး သေဆုံးသူရဲ့ အနားမှာတော့ ဆေးထိုးအပ်နဲ့ ကော်ဗူးခွံ အသေးတစ်ခုတွေ့ရှိရတယ် လို့ မြစ်ကြီးနားမြို့မ ရဲစခန်းကနေ သိရ ပါတယ်။

“အလောင်းကို ရင်ခွဲစစ်ဆေးနေတုန်းပါ ။ ဒါကြောင့် မူးယစ်ဆေးလွန်ပြီး သေတယ်လို့တော့ ပြောလို့ မရသေးဘူး။ ဆရာဝန်ဆေးစာ ထွက်လာမှပဲ အတည်ပြုလို့ရမယ်” လို့ မြစ်ကြီးနား မြို့မရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

သေဆုံးသူ ရဲတပ်သားဟာ မြစ်ကြီးနားမြို့၊ စီတာပူ ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

သူဟာ ရဲစခန်းကနေ မြစ်ကြီးနား တရားရုံးကို ရုံးထုတ် တာဝန်ထမ်းဆောင်ဖို့ ထွက်သွားပေမယ့် တရားရုံးကို မသွားဘဲ ၀န်းသို ဘုန်းကြီးကျောင်း မှာ ရှိတဲ့သူငယ်ချင်းတွေ ဆီကိုသွားခဲ့တယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းထဲက အိမ်သာထဲ ကို ၀င်သွားပြီး နာရီဝက်လောက် ကြာတဲ့အထိ ပြန်ထွက် မလာလို့ သွားရောက် ကြည့်ရှူတဲ့အခါ အခုလို သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားမှု အရသိရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*