ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယခုနှစ်မှာ ပြန်လည် စီစစ်သုံးသပ်နေပြီလို့ ပြော

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယခုနှစ်မှာ ပြန်လည် စီစစ်သုံးသပ်နေပြီလို့ ပြော
February 20, 2018 Fame Asian

5:42 pm
ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယခုနှစ်မှာ ပြန်လည် စီစစ်သုံးသပ်နေပြီလို့ ပြော

28166363_1699530020090956_3654429346199628323_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်းမှာ ပြန်လည် စီစစ်သုံးသပ် ဆောင်ရွက်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ဒီကနေ့ လွှတ်တော်မှာပြောပါတယ်။

ဒီကနေ့  ကျင်းပတဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၆) ကြိမ်မြောက်နေ့ အစည်းအဝေးမှာ လသာမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်က ”လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ မော်တော်ယာဉ်တင်သွင်းခွင့် Free Permit ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်စီစစ်ခွင့်ပြုပေးရန် အစီအစဉ်ရှိမရှိ ” မေးခွန်းကိုမေးမြန်းခဲ့မှုနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယခုလိုပြောကြားတာဖြစ်ပါတယ်။

”အဲဒီကျင့်သုံးလာမယ့် မော်တော်ယာဉ်တင်သွင်းခွင့် ဆောင်ရွက်မယ့်အစီအစဉ်အသေးစိတ်ကို တိုင်းဒေသကြီးလွှတ်တော်နဲ့  ပြည်သူလူထုထံ အချိန်မီကြိုတင်အသိပေးပြီိးမှ ဆောင်ရွက်ပါမယ်” လို့ သူကပြောပါတယ်။

”လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် Free Permit နဲ့ မော်တော်ယာဉ်တင်သွင်းတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ သက်သက်သာသာ မော်တော်ယာဉ်တင်သွင်းလို့ ရတဲ့အတွက် များစွာအဆင်ပြေပါတယ် ။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ခန့် က Free Permit နဲ့ တင်သွင်းတဲ့ဟာကိုရပ်ဆိုင်းခဲ့ပါတယ်အဲဒီလိုရပ်ဆိုင်းပေမယ့် တစ်ခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ မော်တော်ယာဉ်တင်သွင်းလို့ ရနေပါတယ်။ အကျိုးဆက်အနေနဲ့ ကတော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မော်ဒယ်တူ အက္ခရာတူ ကားချင်းတူရင်တောင် သိန်း၇၀-၈၀ လောက်ဈေးများနေပါတယ်” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

၂၀၁၁ ခုနှစ်မှ ယနေ့ အချိန်ထိ ပြည်ပမှ တင်သွားထားတဲ့ မော်တော်ယာဉ်စီးရေဟာ တစ်နိုင်ငံလုံးမှာ ၈ ဒသမ ၈ သိန်းကျော်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကပြောပါတယ်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ရန်ကုန်တိုင်းလိပ်စာနဲ့ မော်တော်ယာဉ်တင်သွင်းခွင့်၊ ကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျောက်ထားမှုများနဲ့ တစ်ခြားတိုင်းနဲ့ ပြည်နယ်များမှ ရန်ကုန်လိပ်စာပြောင်းလျောက်ထားမှုများကို ကားပါကင်မှတ်ပုံတင်နဲ့ လျောက်ထားစေပြီး တိုင်းအစိုးရခွင့်ပြုမိန့် ပါမှ ခွင့်ပြုတဲ့စနစ်ကို ကျင့်သုံးခဲ့ပေမယ့် ထိရောက်မှုမရှိလို့ ၂၀၁၆ ခုနှစ်မတ်လအတွင်းမှာ အဲဒီစနစ်ကိုရပ်နားခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*