ခရီးလမ်းအသုံးပြုချိန် ကန့်သတ်မှု၊ နယ်မြေ ရှင်းလင်းဖို့ ကြေညာမှုတွေ ဆက်တိုက်ရှိလာတဲ့ကြားမှာ တိုက်ပွဲ အရိပ်အငွေ့တွေ ပိုများလာတဲ့ ကချင်ပြည်နယ် (ဖားကန့် -တနိုင်း)

ခရီးလမ်းအသုံးပြုချိန် ကန့်သတ်မှု၊ နယ်မြေ ရှင်းလင်းဖို့ ကြေညာမှုတွေ ဆက်တိုက်ရှိလာတဲ့ကြားမှာ တိုက်ပွဲ အရိပ်အငွေ့တွေ ပိုများလာတဲ့ ကချင်ပြည်နယ် (ဖားကန့် -တနိုင်း)
June 12, 2017 Asian Fame

5:36 pm
ခရီးလမ်းအသုံးပြုချိန် ကန့်သတ်မှု၊ နယ်မြေ ရှင်းလင်းဖို့ ကြေညာမှုတွေ ဆက်တိုက်ရှိလာတဲ့ကြားမှာ တိုက်ပွဲ အရိပ်အငွေ့တွေ ပိုများလာတဲ့ ကချင်ပြည်နယ် (ဖားကန့် -တနိုင်း)

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်ထဲမှာ နယ်မြေရှင်းလင်း ရေးလုပ်ဖို့၊ ဖြစ်ပေါ်နေတဲ့အခြေ အနေတွေကြောင့်စတဲ့အကြောင်း အရင်းတွေကိုပြပြီး ဒေသခံတွေကို ထွက်ပြေး တိမ်းရှောင်ခိုင်းတာ၊ ခရီး လမ်းပိုင်းတွေမှာ သွားလာခွင့်ကန့် သတ် ပိတ်ပင်လိုက်တာတွေဆက် တိုက် ဖြစ်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ လေးရက်လောက်က ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေ/ပယင်းတူးတဲ့မှော် ဆယ်ခုမှာ တပ်မတော်ကနေ မကြာ ခင်နယ်မြေ ရှင်းလင်းတာတွေ ဆောင်ရွက်သွားမှာ ဖြစ်လို့ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား တိမ်းရှောင်ပေးဖို့ ရေးသားထား တဲ့စာရွက်တွေကို ရဟတ်ယာဉ်ပေါ် ကနေကြဲချခဲ့တယ် လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးနောက် မကြာခင်ဇွန်လ ၇ ရက်နေ့မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေ အနေတွေကြောင့် မိုးကောင်း-ကာမိုင်း လမ်း၊ လဝါး-ကာမိုင်းလမ်း၊ ကာမိုင်း- ဖားကန့်လမ်း၊ ဝှေခါ-ဖားကန့်လမ်း စတဲ့ လမ်းပိုင်းတွေမှာ ဇွန်လ ၁ဝ ရက်နေ့က စပြီး နံနက် ၆နာရီကနေ ည ၇ နာရီအတွင်းပဲသွားလာဖို့၊ ကျန်တဲ့အချိန်လုံးဝသွားလာခြင်းမပြုဖို့ KIA က ကြေညာခဲ့ပါတယ်။ အခုလည်း အလားတူကြေညာချက်တစ် စောင်ကို KIA က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်မှာ တော့ ဟူးကောင်းလီဒို လမ်းမတစ် လျှောက်နေထိုင်နေတဲ့ ပြည်သူလူထု နဲ့ ခရီးသွားမော်တော်ယာဉ်၊ ဆိုင် ကယ်၊ခရီးသည်တွေအနေနဲ့ မြစ်ကြီး နား- တနိုင်းလမ်း၊လဝါး-ကာမိုင်း လမ်း၊ ဇဒူးဇွပ်-ယုဇနကုမ္ပဏီ-နမ့် ယားလမ်း၊ တနိုင်း-မုန်ခေါမ် (မိုင်း ခွမ်)လမ်း၊ တနိုင်း-ခလုံး-ရှင်ဗွေယန် လမ်း၊ စတဲ့လမ်းတွေမှာ ဇွန် ၁ဝ ရက် နေ့ကနေစပြီး နံနက်၅နာရီကနေ ည ၇ နာရီအတွင်းပဲသွားလာဖို့၊ ကျန်တဲ့ အချိန် လုံးဝသွားလာခြင်း မပြုလုပ်ဖို့ အကြောင်းကြားစာတစ်စောင်ကို ထပ်မံသတိပေးထုတ်ပြန်လိုက်ပါ တယ်။

ဇွန် ၇ရက်နေ့ အကြောင်းကြား စာကိုတော့ KIA တပ်ရင်း ၆ က တပ်ရင်းမှူးလက်မှတ်ရေးထိုးထုတ် ပြန်ထားတာကိုတွေ့ရပြီး ဇွန် ၉ ရက်နေ့ အကြောင်းကြားစာကိုတော့ KIA တပ်ရင်း ၁၄က တပ်ရင်းမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ တပ်မတော်က ရော၊ KIA ကရော တပ်လှန့်တဲ့ ကြေညာချက်တွေ၊ အကြောင်းကြားစာတွေ ထုတ်ပြန်နေတဲ့ နယ်မြေတွေထဲမှာ တချို့နယ်မြေတွေဟာဆိုရင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ နယ်မြေတွေပါ ဝင်နေပါတယ်။ဒါနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြော ရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဆင်ရမ်က တနိုင်းဒေသထဲက မှော်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတာ ကြောင့် ပြောရခက်တယ်လို့ ပေါ်ပြူလာကိုမှတ်ချက် ပြုပြောဆိုခဲ့ပါတယ်။

လက်ရှိမှာဆိုရင် ဒီဒေသတွေ မှာဖြစ်ပွားလာတဲ့ တိုက်ပွဲအရိပ်အငွေ့တွေကြောင့် တနိုင်းဒေသမှော်တွေထဲ က ထွက်ပြေးတိမ်းရှောင်နေသူတွေ နေ့စဉ် ၄ဝဝ ပတ်ဝန်းကျင်မှာရှိနေပါ တယ်။ ထွက်ပြေးတိမ်းရှောင်သူတွေ ဟာ ကုန်းလမ်းခရီးကသွားရင် တပ်မတော်နဲ့ KIA ကြား ပိတ်မိမှာ စိုးရိမ်ကြတာကြောင့် ရေလမ်းခရီးကို အသုံးပြုတိမ်းရှောင်နေကြပါတယ်။ သူတို့ကို ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေက အကူအညီပေးပြီး ကယ်ဆယ်နေကြပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြောင်းကြား စာတွေအရ ဆက်စပ်နေတဲ့ နယ် မြေတွေကို ဆက်သွယ်မေးမြန်းရာ မှာတော့ ဖားကန့်ဒေသမှာ KIA က လမ်းခရီးအသုံးပြုမှု အချိန်ကန့်သတ်ပိတ်ပင်ထားပေမယ့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမှုတော့ မရှိ သေးဘူးလို့ ဖားကန့်နယ်မြေ ရဲ စခန်းက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေ တွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)ကိုယ် စားလှယ် ဦးဒါရှိလဆိုင်းကို ဆက် သွယ်မေးမြန်းရာမှာတော့ ” တစ်ဖက် နဲ့တစ်ဖက် ထိန်းထိန်းသိမ်းသိမ်း မရှိ ဘူးဆိုရင်တော့ အခြေအနေကဆိုး ရွားလာနိုင်တယ်။ ဒီနေ့အထိတော့ ပိုနေမြဲကျားနေမြဲပဲ။ ဒီအတိုင်းလေးပဲ ဆက်ပြီး မဆိုးရွားအောင် လုပ်မယ်ဆို ရင် ပြဿနာမရှိဘူး။ မဟုတ်ရင်တော့ မလွယ်ဘူး” လို့ မှတ်ချက်ပြုပါတယ်။

ကချင်ပြည်နယ်တွင်း စစ်ဆင် ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ် အောင် ရဲဝင်းကို ဆက်သွယ်မေးမြန်းရာမှာ တော့စစ်ဆင်ရေးသတင်းတွေနဲ့ပတ် သက်လို့ ထုတ်ပြန်သင့်တာရှိရင် ထုတ်ပြန်ပေးမှာဖြစ်တဲ့အကြောင်း သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။တနိုင်းဒေသမှာဆိုရင်လည်း ပြီးခဲ့တဲ့ ဇွန်လ လဆန်းရက်တွေက တပ်မ တော်နဲှု့ဗ ကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသေးတယ်။ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး KIA ကပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက

” ဒါက ပြောရခက်တယ်။ ဒီနေ့ဖြစ်ပွားတဲ့အကြောင်းအရင်းတွေကို အခြေခံဟိုးတောက်လျှောက်အမှုပတ်နေတော့မယ်။ အချိန်ပေးရမယ်။ တခြားနည်းလမ်းမရှိဘူး” လို့သာ မှတ်ချက်ပြုခဲ့ပါတယ်။ တပ်မ တော်နဲ့ KIA ကြား အပစ်အခတ်ရပ်စဲရေးစာချုပ်၁၉၉၄ ခုနှစ်က စတင်ချုပ်ဆိုပြီး ၁၇နှစ် အကြာ တိုက်ပွဲကင်းမဲ့ခဲ့တဲ့ ကချင် ပြည်နယ်အတွင်းမှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားခဲ့တာအခုဆိုရင်၆ နှစ်တင်းတင်းပြည့် မြောက်ဖို့ရက်ပိုင်း ပဲလိုပါတော့တယ်။ အခုဆိုရင်လည်း တနိုင်းဒေသမှာ ဖြစ်ပွားနေတဲ့အခြေအနေ အရပ်ရပ်ဟာ တိုက်ပွဲတွေ ပိုဖြစ်လာမလားဆို တဲ့မေးခွန်း တွေများစွာကို ဖြစ်ပေါ်နေစေပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*