အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတက်မည့် ကိုယ်စားလှယ်နေရာအတွက် CTUM အဖွဲ့ကို ယာယီရွေးချယ်ထား

အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတက်မည့် ကိုယ်စားလှယ်နေရာအတွက် CTUM အဖွဲ့ကို ယာယီရွေးချယ်ထား
May 4, 2017 Asian Fame

1:39 pm
အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတက်မည့် ကိုယ်စားလှယ်နေရာအတွက် CTUM အဖွဲ့ကို ယာယီရွေးချယ်ထား

ရန်ကုန်၊ မေ ၁

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ကိုယ်စားလှယ်တက် ရောက်ရန် ယာယီရွေးချယ်ထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

မကြာမီ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပတော့မည့် (၁ဝ၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ILC ကို တက်ရောက်မည့် အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်ရန် ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် အလုပ် သမားအဖွဲ့ ချုပ်များ ဆွေးနွေးခဲ့ရာ CTUM အဖွဲ့ကိုသာ ယာယီရွေးချယ်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြော သည်။

ယခင်နှစ်များကလည်း ILC သို့ CTUM အဖွဲ့မှသာ အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့ပြီး ထိုသို့တက်ရောက်ရန် ရွေးချယ်မှုနှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့များ ကြားနှစ်စဉ် အငြင်းပွားမှုများဖြစ်ခဲ့သည်။ ”ကျွန်တော်တို့ တရားဝင် မထုတ်ပြန်သေးပါဘူး။ ရွေးထားတယ်တော့ပြောလို့ရတယ်။ ဒါကို အထက်က ပြန်ဆုံးဖြတ်ဦးမှာပါ။ပြီးမှ အတည်ပြုကြေညာပါလိမ့် မယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။ ပြီးခဲ့သည့် နှစ်များက ကိုယ် စားလှယ်ရွေးချယ်မှုတွင် အဖွဲ့ချုပ် ၏ အဖွဲ့ဝင် အခြေခံအလုပ်သမား အဖွဲ့ အနည်းအများကိုကြည့်၍ ရွေးချယ်ခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က လာမည့် တစ်ပတ်အတွင်း ILC တက်ရောက်မည့် အလုပ် သမား ကိုယ်စားလှယ် အမည်ကို ကြေညာပေးမည် ဖြစ်ကြောင်းနှင့် မည်သည့် စံသတ်မှတ်ချက်များ ဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ပေးမည်ဟု ဆိုသည်။ အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး မောင်ကြိုင်က ”သူတို့က လူများတယ်။ နှစ်တိုင်းသူတို့ပဲဖြစ်နေတော့ ကန့်ကွက်တဲ့သဘောပါပဲ။ ဒီနှစ် အတွက် ကျွန်တော်တို့က ညီလာခံ သွားဖို့ ကိုယ်စားလှယ်စာရင်း လည်း မတင်ဘူး။ ဖြစ်စေချင်တာက ဒီနှစ်ဘယ်အဖွဲ့ဆို နောက်နှစ် ဘယ်အဖွဲ့ ဒီလိုဖြစ်စေချင်တာ။ ကျွန်တော်တို့အဖွဲ့မှ မဟုတ်ဘူး တခြားအဖွဲ့တွေလည်းအများကြီး ရှိတယ်။ အကြံပေးအဖြစ်လိုက် ဖို့ပြောပေမယ့် ကျွန်တော်တို့လက်မခံပါဘူး” ဟု ဆိုသည်။

ILC ကိစ္စ နှစ်စဉ်အငြင်းပွားမှုဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့ချုပ်တစ်ခု ဖြစ်သော AFFM မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေး ကလည်း အဖွဲ့ဝင် အခြေခံအဖွဲ့များကိုကြည့်၍ ရွေးချယ်ခြင်းထက် အလုပ်သမား အများစု၏ ဆန္ဒသဘောထားအရ ရွေးချယ်ခြင်းက ပိုကောင်းကြောင်း၊ လူကြီးများ ထက်
လူငယ်များကိုနေရာပေး သင့်သည့်အချိန် ရောက်နေပြီဖြစ် ကြောင်း ဝေဖန်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*