ထိုင်းနဲ့မလေး ကနေ ပြည်တော်ပြန် ၀င်လာတဲ့ မြန်မာလုပ်သား စုစုပေါင်း ၅သောင်းခန့်ရှိ

ထိုင်းနဲ့မလေး ကနေ ပြည်တော်ပြန် ၀င်လာတဲ့ မြန်မာလုပ်သား စုစုပေါင်း ၅သောင်းခန့်ရှိ
September 14, 2017 Asian Fame

3:13 pm
ထိုင်းနဲ့မလေး ကနေ ပြည်တော်ပြန် ၀င်လာတဲ့ မြန်မာလုပ်သား စုစုပေါင်း ၅သောင်းခန့်ရှိ

Myawaddy(နေပြည်တော်၊ စက်တင်ဘာ ၁၄)

ထိုင်းနိုင်ငံမှာ အသက်ဝင်တော့မယ့် အလုပ်သမား ဥပဒေသစ်ရဲ့ သတ်မှတ်ချက်တွေကြာင့်ရယ် ရခိုင်ဖြစ်စဉ်ကြောင့်ရယ် အဲဒီ အကြောင်း ကိစ္စတွေကြောင့် မလေးရှား ၊ ထိုင်းနိုင်ငံ တို့ကနေ မြန်မာနိုင်ငံ ထဲကို ပြန်လည် ၀င်ရောက်လာတဲ့ ရွှေ့ပြောင်း လုပ်သား ၅ သောင်းလောက် ရှိနေတယ် လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက နေ သိရပါတယ်။

ဒီ ပြန်ဝင်လာတဲ့ ရွှေပြောင်းလုပ်သား ၄၈၁၉၁ ဟာ စက်တင်ဘာ ၁၃ ရက်နေ့ အထိ စာရင်းဖြစ်ပြီး ဒီ ထဲမှာ မလေးရှားကနေ ထိုင်း ၊ ထိုင်းနိုင်ငံ ကနေ မြန်မာနိုင်ငံ အဆင့်ဆင့်ဝင်ရောက်လာတဲ့ ရွှေပြောင်းလုပ်သားတွေ ပါဝင်ပြီး ထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ် ကိုင်ပြီး ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအများစုပါဝင်တယ်လို့သိရပါတယ်။

အလုပ်သမား နဲ့လ၀က ၀န်ကြီး ဌာနက နေရရှိတဲ့စာရင်း အတိအကျအရတော့ မြ၀တီ ဂိတ်ကနေ ၀ယ်ရောက်လာတဲ့ ရွှေ့ပြောင်း လုပ်သား ၃၈၉၁၂ ဦး ၊ ကော့သောင်းကနေ ၀င်ရောက်လာတဲ့ရွှေ့ပြောင်းလုပ်သား ၆၃၅၃ ဦး ၊ တာချီလိတ်ကနေ၀င်ရောက်လာတဲ့ရွှေ့ပြောင်း လုပ်သား ၅၅၉ ဦး ၊ ထီးခီးကနေ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၃၁၇ ဦး ၊ မောတောင်ကနေ၀င်ရောက်လာတဲ့ ရွှေ့ပြောင်း လုပ်သား ၁၀၅၀ ဦးဖြစ်တယ်လို့ သိရပါတယ်။

လက်တလော အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံကနေ ထိုင်း ၊ ထိုင်းကနေ မြန်မာနိုင်ငံ ကို ၀င်ရောက် လာတဲ့ ရွှေ့ပြောင်း လုပ်သား ၂၆၄ ဦး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ၁၀၀ ကျော်နဲ့ စက်တင်ဘာလ ၅ ရက်နေ့က ၂၃၁ ဦး ရှိခဲ့တယ် လို့ သိရပါတယ်။

သူတို့ကို မြဝတီ ကျောက်လုံးကြီး ကယ်ဆယ်ရေး စခန်းကနေပြီး တာဝန်ရှိသူတွေက နေရပ်ပြန်ပို့ ပေးနေကြပါတယ်။

ဒါ့အပြင် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၁) ရက်နေ့ကနေစပြီး ယနေ့ စက်တင်ဘာ(၁၄) ရက်နေ့အထိ ထိုင်းနိုင်ငံ အာဏာ ပိုင်တွေက ဖမ်းဆီး ရမိခဲ့ပြီး မြန်မာနိုင်ငံ ကိုပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တဲ့ ထိုင်းရောက် တရားမ၀င် မြန်မာရွှေ့ပြောင်း လုပ်သား ကျား(၆၅၉)ဦး ၊ မ(၂၉၇)ဦး ၊ကလေး(၅၂)ဦး၊ စုစုပေါင်း (၁၀၀၈)ဦး ရှိပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အထောက်အထားမဲ့ လုပ်သားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် နဲ့အရေးယူမယ့် ဥပဒေသစ် တစ်ရပ်ကိုပြီးခဲ့တဲ့ လပိုင်းမှာ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဥပဒေ အာဏာတည်ဖို့ ၆ လ ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ ဒါကြောင့် ထိုင်းကို ရောက်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဟာ ဒီ ၆ လအတွင်းမှာ နေရပ်ကို ပြန်နေကြတာ ဖြစ်ပါတယ်။

အလားတူ မလေးရှားမှာလည်း ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပြီး စိတ်မချရတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် မြန်မာလုပ်သားအချို့ဟာ မြန်မာနိုင်ငံကို ပြန်လာနေကြတာဖြစ်ပါတယ်။

ထိုင်းနဲ့မလေးရှားနိုင်ငံ ဟာဆိုရင် မြန်မာလုပ်သားတွေ အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေလည်း ဖြစ်နေပါတယ်။ အလားတူ တရားမ၀င် သွားရောက်လုပ်ကိုင်မှု အများဆုံးနိုင်ငံတွေ လည်းဖြစ်နေပါတယ်။

Ye Lwin
Photo-Sithu Soe

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*