ဥရောပသို့ ခရီးသွားကြမည့် အမေရိကန် နိုင်ငံသား များအား နိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွား သတိပေးချက် ထုတ်ပြန်

ဥရောပသို့ ခရီးသွားကြမည့် အမေရိကန် နိုင်ငံသား များအား နိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွား သတိပေးချက် ထုတ်ပြန်
May 3, 2017 Asian Fame

11:20 am
ဥရောပသို့ ခရီးသွားကြမည့် အမေရိကန် နိုင်ငံသား များအား နိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွား သတိပေးချက် ထုတ်ပြန်

(ဝါရှင်တန်၊ မေ ၂)

ဥရောပသို့ ခရီးသွားကြမည့် အမေရိကန်နိုင်ငံသား များအား အမေရိကန် ပြည်ထောင်စုနိုင်ငံခြား ရေး ဝန်ကြီးဌာနက ခရီးသွား သတိ ပေးချက် တစ်ရပ်ကို ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ဥရောပနိုင်ငံ အချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့် အတွက် ထိုခရီးသွား သတိပေးချက်ကို ထုတ်ပြန်ကြေညာ ရခြင်းဖြစ် သည်။

ဒေသခံနိုင်ငံ များအနေဖြင့် တန်ပြန် အကြမ်းဖက်စစ်ဆင်ရေး များကို ဆက်လက် ပြုလုပ်နေစဉ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွား လာမည်ဆိုခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ကျန်ရှိနေမည့် အလားအလာ များကြောင့် ယခုကဲ့ သို့ သတိပေးချက် ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

အမေရိကန်နိုင်ငံသား တို့အနေ ဖြင့် ဖြစ်လာနိုင်ဖွယ်ရာ အကြမ်းဖက် မှုများ (သို့တည်းမဟုတ်) အစွန်း ရောက် အကြမ်းဖက် ဝါဒီတို့၏ တိုက်ခိုက် လာနိုင်ဖွယ်ရာ များကို အစဉ်အမြဲ သတိရှိနေသင့်သည် ဟူ၍လည်း ယင်း သတိပေးချက်တွင် ရေးသား ထားပါသေးသည်။

ယင်းသတိပေးချက်သည် လာ မည့် ရက်သတ္တပတ် အတွင်းတွင်ပင် သမ္မတအသစ် ရွေးကောက်ပွဲ ပြုလုပ် တော့မည်ဖြစ်သလို၊ အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ် ပွားခဲ့သည့် ပြင်သစ်နိုင်ငံနှင့် လက် ရှိအချိန်အထိ အကြမ်းဖက် တိုက် ခိုက်မှု များ ဖြစ် ပွားခြင်း မရှိသေး သော်လည်း ခရီးသွားများ အသွား အလာများကြသလို အကြမ်းဖက် သမားတို့ကလည်း အာရုံစိုက်လာ နိုင်သည့် ရုရှား၊ ဆွီဒင်နှင့် ဗြိတိန် နိုင်ငံတို့ကို ရည်ညွှန်းထုတ်ပြန်ခြင်း ဖြစ်သည်။

ref: US State Department issues travel alert for Europe

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*