အရွယ်တင် နုပျိုစေခြင်း၏ လျှို့ဝှက်ချက်ကို ရုရှား သမ္မတ ပူတင် ရှာဖွေနေသလော

အရွယ်တင် နုပျိုစေခြင်း၏ လျှို့ဝှက်ချက်ကို ရုရှား သမ္မတ ပူတင် ရှာဖွေနေသလော
December 28, 2016 Asian Fame

2:16 pm
အရွယ်တင် နုပျိုစေခြင်း၏ လျှို့ဝှက်ချက်ကို ရုရှား သမ္မတ ပူတင် ရှာဖွေနေသလော

pu-tin(စိန့်ပီတာစဘတ်၊ ဒီဇင်ဘာ ၂၇)

အသက် ၆၄ နှစ် ရှိနေပြီ ဖြစ်သော ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် အရွယ်တင် နုပျိုစေသည့် ဆေးဝါးများ ထုတ်လုပ်နေသော စက်ရုံ တစ်ခု သို့ ယနေ့ သွားရောက် လေ့လာခဲ့သည်။

ပူတင်သည် မကျန်းမမာဖြစ်နေသော ကာဇက်စတန် ခေါင်းဆောင် နာဇာဘာ ယက်ဗ်နှင့် အတူ စိန့်ပီတာစဘတ်ရှိ  Biocad ဆေးဝါး စက်ရုံ သို့ သွားရောက်လေ့လာခဲ့ ခြင်းဖြစ်ပြီး စက်ရုံရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်လျက် ရှိသော ကင်ဆာ ရောဂါကို ပါ တန်ပြန် တိုက်ခိုက်နိုင် သည့် အပင်တစ် မျိုးမှ ထုတ်လုပ်သည့် အရွယ်တင်နုပျိုဆေး သုတေသနပြု နေရာကိုပါ စိတ်ဝင်စားစွာ လေ့လာခဲ့သည်။

ထိုသို့လေ့လာစဉ်တွင် ပူတင်ရော နာ ဇာဘာယက်ဗ်တို့က ”ဒီအရွယ်တင် နုပျို ဆေးရဲ့ ပထမဆုံးရလဒ်ကို တစ်နှစ် အတွင်း မှာ သိရမယ် လို့ ကျုပ်တို့ မျှော်လင့်နေပါ တယ်” ဟု ပြောသွားကြောင်း ယင်းဓာတ်ခွဲ ခန်းမှ သိပ္ပံပညာရှင် အလက်ဆန်းဒါး ကာရာဘယ်က ပြောသည်။

”ကျုပ်တို့ရဲ့ ရည်မှန်းချက်က အသက် ကို ဆွဲဆန့်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် အသက်ကြီးနေတဲ့သူ တစ်ယောက်ဟာ နုပျိုတဲ့ အရသာကို အရည်အသွေး ရှိရှိနဲ့ ခံစားနိုင်ဖို့ကိုပဲ ရည်မှန်းထားတာပါ” ဟု လည်း အလက်ဆန်ဒါး ကပြောပါသည်။

Biocad ဆေးဝါးစက်ရုံသည် ရုရှား နိုင်ငံတွင် ဇီဝနည်းပညာဆိုင်ရာ ထိပ်တန်း ဦးဆောင်ကုမ္ပဏီ ဖြစ်ပါသည်။

PN002
ref: Is Vladimir Putin looking for the secret to eternal life?

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*