ကန်ဒေါ်လာ သန်း၁၂၀ကျော်ကို သမ္မတ ထရမ့်နှင့် သူ့မိသားစု လုံခြုံရေး အတွက်သုံးစွဲရန် လွှတ်တော် ကသတ်မှတ်ခွင့်ပြု

ကန်ဒေါ်လာ သန်း၁၂၀ကျော်ကို သမ္မတ ထရမ့်နှင့် သူ့မိသားစု လုံခြုံရေး အတွက်သုံးစွဲရန် လွှတ်တော် ကသတ်မှတ်ခွင့်ပြု
May 3, 2017 Asian Fame

11:14 am
ကန်ဒေါ်လာ သန်း၁၂၀ကျော်ကို သမ္မတ ထရမ့်နှင့် သူ့မိသားစု လုံခြုံရေး အတွက်သုံးစွဲရန် လွှတ်တော် ကသတ်မှတ်ခွင့်ပြု

trumph ဒေါ်နယ်ထရမ့် မိသားစု လုံခြုံရေး အတွက် သုံးစွဲရန်အဖြစ် ကန်ဒေါ်လာ သန်း၁၂၀ကျော် ကို ကွန်ဂရက် လွှတ်တော်က သတ်မှတ်ခွင့်ပြု လိုက်ကြောင်း သိရသည်။

ယင်းငွေကြေးပမာဏ၏ တစ်ဝက်ခန့်ဖြစ်သည့် ဒေါ်လာ သန်း ၆၀ခန့်မှာ အမေရိကန် ပြည်ထောင်စု၏ လျှို့ဝှက် လုံခြုံရေးအဖွဲ့ (Secret Service) အတွက် ကြိုတင် လျာထားပြီးသားဖြစ်ပြီး၊ ယင်းအဖွဲ့မှာ သမ္မတ ထရမ့်ပြည်ပခရီးသွားစဉ် လုံခြုံရေး တာဝန်များနှင့်၊ နယူးယောက်မြို့တော် ရှိ ဒေါ်နယ်ထရမ့်ပိုင် ”ထရမ့်မျှော်စင်”ခေါ် ၅၈ ထပ်မြင့်အဆောက်အအုံကြီးအတွက်လုံခြုံရေးတာဝန်များကို ထမ်းဆောင် ရသည့်အဖွဲ့ဖြစ်သည်။

ကျန် ဒေါ်လာ သန်း ၆၀ခန့်မှာမူ သမ္မတ မိသားစု နိုင်ငံတွင်း အသုံးစရိတ် ကုန်ကျငွေတို့ကို ပြန်လည် ထုတ်ပေးရန် အတွက်ဖြစ်ပြီး၊ ယင်းစရိတ် ကုန်ကျငွေများမှာ သမ္မတထရမ့် ၏ ရွေးကောက်ပွဲကာလ အသုံးစရိတ်များပါ အကျုံးဝင်သည်။

ထို့အပြင် လော်ဘီ လုပ်ခြင်း၏ နောက်ကွယ်မှ ကုန်ကျစရိတ်များ၊ မစ္စတာ ထရမ့်မိသားစု လုံခြုံရေး အတွက် သွယ်ဝိုက် ပတ် သက်နေသော ကုန်ကျ စရိတ်များ အတွက်လည်း အကျုံးဝင်ပြီး ယခု သတ်မှတ် ပေးလိုက်သော ငွေများသည် လက်ရှိဘဏ္ဍာရေးနှစ် အတွင်းသာလျှင် သုံးစွဲရန်အတွက်ဖြစ်သည်ဆို၏။

PN

ref: Congress Allocates $120 Million for Trump Family’s Security Costs

ပုံစာ – သမ္မတထရမ့်၏ ရဟတ်ယာဉ်များအနီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော လျှို့ဝှက်လုံခြုံရေးအဖွဲ့(Secret Service)မှ အဖွဲ့ဝင်များ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*