မြို့နယ် ၃၃ မြို့နယ်တွင် လယ်ယာ ဝန်ဆောင်မှုစင်တာများ တည်ထောင်နေပြီ

မြို့နယ် ၃၃ မြို့နယ်တွင် လယ်ယာ ဝန်ဆောင်မှုစင်တာများ တည်ထောင်နေပြီ
May 3, 2017 Asian Fame

5:15 pm
မြို့နယ် ၃၃ မြို့နယ်တွင် လယ်ယာ ဝန်ဆောင်မှုစင်တာများ တည်ထောင်နေပြီ

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂

ဆန်စပါးကဏ္ဍတွင် ရန်ပုံငွေ ကန်ဒေါ်လာသန်း ၄ဝဝ ဖြင့် ပြည်တွင်း စပါးအဓိကစိုက်သည့် မြို့နယ် ပေါင်း ၃၃ မြို့နယ်၌ လယ် ယာဝန်ဆောင်မှုစင်တာများ တည်ထောင်သွားမည့် စီမံကိန်း စတင်ဆောင်ရွက်နေပြီဟု ဆန်စပါး အသင်းချုပ်အတွင်းရေးမှူးဖြစ်သူ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လယ်ယာကဏ္ဍတွင် တောင်သူလယ်သမားများကို ဝန်ဆောင်မှုပေးမည့် လယ်ယာစီးပွားရေး ဝန်ဆောင်မှု စင်တာ (ဗှဃ)စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် တို့ရှိ နေရာပေါင်း ၃၃ ခု၌ ၄ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာ့လယ် ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း ဗြဏဃဥ တို့ ပူး ပေါင်းကာ တောင်သူလယ် သမားများ၏ လိုအပ်ချက် များဖြစ်သော လယ်ယာသုံး စက်ကိရိယာ ငှားရမ်းပေး ခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုး သတ်ဆေးများ ရောင်းချပေး ခြင်း၊ စက်ကိရိယာနှင့် စိုက် ပျိုးရေးဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ တောင်သူလယ် သမားများ၏ နည်းပညာ အ ခက်အခဲများကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်းအပြင် ထွက်ရှိလာသော စပါးများ ကိုပါ ဝယ်ယူ ပေးနိုင်စေရန် ပါ ဆောင်ရွက်ပေးရန် စီစဉ် ထားကြောင်း သိရသည်။

လက်ရှိလယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုအပိုင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတို့၌ အားနည်းနေရခြင်းမှာ အ ကျိုးအမြတ်နည်းပါး၍ ဆုံးရှုံး နိုင်ခြေများသဖြင့် လယ်ယာကဏ္ဍရင်းနှီး မြှုပ်နှံမှု နည်းပါး ခြင်းအား ကျော်လွှားနိုင်မှ သာလျှင် လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်လာပြီး ကျေး လက်နေပြည်သူလူထု၏ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင် မည်ဖြစ်ကြောင်း သိရသည်။

Service Center ၃၃ ခုကို ဧရာဝတီတိုင်းဒေသကြီး တွင် ၉ နေရာ၊ ပဲခူးတိုင်းဒေသ ကြီးတွင် ၇ နေရာ၊ ရန်ကုန် တိုင်းဒေသကြီးတွင် ၆ နေရာ၊ ရခိုင်ပြည်နယ်တွင် ၃ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ နေရာ၊ မွန်ပြည်နယ် တွင် ၁ နေရာ၊ မန္တလေးတိုင်းဒေသ ကြီးတွင် ၂ နေရာ၊ ရှမ်းပြည် နယ်တွင် ၁ နေရာ၊ ကရင် ပြည်နယ်တွင် ၁ နေရာ နှင့် မကွေးတိုင်းဒေသကြီးတွင် ၁ နေရာ စသည်တို့တွင် အ ကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင်အကြီးစား ကန် ထရိုက်လယ်ယာစနစ် ဖော် ဆောင်နိုင်ရန် စာချုပ်ပုံစံများ ရေးဆွဲလျက် ရှိပြီး လက်တွဲလုပ်ဆောင်မည့် တောင်သူ လယ်သမားများအတွက် ချေးငွေ တစ်ဧကလျှင် တစ် သိန်းခွဲ ထပ်ဆောင်းထောက် ပံ့နိုင်ရန် စီစဉ်နေသည်ဟု ဦးရဲမင်းအောင်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*