စီးပွားကူးသန်း ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများ အပေါ် အကဲဖြတ် မှတ်ချက်ပြုနိုင်မည့် စစ်တမ်း တစ်ရပ်ကောက်ခံ

စီးပွားကူးသန်း ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများ အပေါ် အကဲဖြတ် မှတ်ချက်ပြုနိုင်မည့် စစ်တမ်း တစ်ရပ်ကောက်ခံ
June 7, 2017 Asian Fame

3:28 pm
စီးပွားကူးသန်း ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများ အပေါ် အကဲဖြတ် မှတ်ချက်ပြုနိုင်မည့် စစ်တမ်း တစ်ရပ်ကောက်ခံ

(နေပြည်တော်၊ ဇွန် ၇)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၏ လုပ်ငန်း စွမ်းဆောင်ရည် များနှင့် ပို့ကုန် သွင်းကုန် လိုင်စင်များလျှောက်ထားရာ တွင် ကြန့်ကြာမှု အခက်အခဲ၊ မပြေလည်မှု များကို အကဲဖြတ်ပြီး မှတ်ချက်ပြုနိုင်မည့် စစ်တမ်း တစ်ရပ် ကို ယနေ့စတင် ကောက်ခံလျှက် ရှိသည်။

စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများ အတွက် အဆင်ပြေခြင်း၊ အဆင်မပြေခြင်း များကို သိရှိနိုင်စေရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် များကို အကဲဖြတ်နိုင်စေရန် အဆိုပါ စစ်တမ်း ကို ကောက် ယူခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားကူးသန်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က”ဌာနဖက်မှာ ဘာတွေလိုနေတယ်၊ ဘာနေရာတွေမှာပြင်ရမယ်။ ဘယ် ဝန်ထမ်း ကတော့ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဘယ်ဝန်ထမ်းမှာတော့ အားနည်းချက်တွေ ရှိနေသေးတယ် ဆိုတာကို သိနိုင်ဖို့ လုပ်တာပါ။ အကောင်းဆုံး ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးနိုင်အောင်ပါ။”ဟုဆိုသည်။

၎င်းအကဲဖြတ် စစ်တမ်းတွင် မိမိပေးလို့သည့် အခြားအကြံပြုချက် များအပါအဝင် အချက်(၈)ချက် ပါဝင်ပြီး ကောင်း၊ သင့်၊ ညံ့၊ မှတ်ချက် ဆိုသည့် အကွက် များတွင် မိမိကြုံတွေ့ခံစား ရသလို အမှန်ခြစ်ပြီး အကဲဖြတ်ပေးနိုင်မည်ဖြစ်သည်။

အကဲဖြတ် စစ်တမ်းစာရွက်ကို ယနေ့ ကုန်သွယ်ရေး ဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များ လာရောက် လျှောက်ထားသည့် Company များ၊ ကားတင်သွင်းခွင့် လာရောက် လျှောက်ထားသူများအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ရုံးတွင် ပါမစ် လာရောက်လျှောက် ထားသည့်အေးဂျင့်များကိုပါ ဝေဌပြီး စစ်တမ်းရယူခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*