သင်္ကြန်အပြီး ထိုင်းသို့ တရားမဝင် နည်းလမ်းဖြင့် ပြန်ဝင်လာသူများကို ထိုင်းရဲတပ်ဖွဲ့ လက်မခံသဖြင့် အခက်အခဲဖြစ်နေ

သင်္ကြန်အပြီး ထိုင်းသို့ တရားမဝင် နည်းလမ်းဖြင့် ပြန်ဝင်လာသူများကို ထိုင်းရဲတပ်ဖွဲ့ လက်မခံသဖြင့် အခက်အခဲဖြစ်နေ
April 27, 2017 Asian Fame

3:25 pm
သင်္ကြန်အပြီး ထိုင်းသို့ တရားမဝင် နည်းလမ်းဖြင့် ပြန်ဝင်လာသူများကို ထိုင်းရဲတပ်ဖွဲ့ လက်မခံသဖြင့် အခက်အခဲဖြစ်နေ

ရဲလွင်
ရန်ကုန်၊ ဧပြီ ၂၄

သင်္ကြန်ကာလအပြီး လုပ်ငန်းခွင်ဝင်ရန် ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် ပြန်လည်ဝင်ရောက်သော လုပ်သားများများပြားနေပြီး ၎င်းတို့မှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။ မြန်မာလုပ်သားများသည် ဧပြီ ၁၈ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာနေကြရာ တရားမဝင်နည်း လမ်းဖြင့် ပြန်လည်ဝင်ရောက်လာ သူများကို ထိုင်းရဲတပ်ဖွဲ့က လက်မ ခံသောကြောင့် သံရုံးမှ ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုင်းအခြေစိုက် မြန်မာရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ဥက္ကဋ္ဌ ဦးစိန် ဌေးက ”နယ်စပ်ကနေ လဝက တုံး မရှိဘဲ ချောင်းကူးလာသူတွေက ပြဿနာတက်နေတယ်။ အဲ့ဒီလို လာတဲ့သူလည်း များတယ်။ ထိုင်း ကနေထွက်တုန်းက ဂိတ်ကနေ ထွက်ပြီးအပြန် စာရွက်စာတမ်း ပြည့်ပြည့်စုံစုံနဲ့ ပြန်ဝင်တဲ့သူတွေ ကတော့ အေးဆေးပါပဲ” ဟု ပြောသည်။ ယင်းသို့ တရားမဝင်ပြန်လည် ဝင်ရောက်သူများတွင် အများစု သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ပြန်စဉ်ကလည်း တရားမဝင် ထွက်လာသူများ ဖြစ်ကြောင်း သိရသည်။

ဦးစိန်ဌေးက ”အထွက်မှာ လည်း တန်းစီရတာကြာတော့ မစောင့်ချင်ကြဘူး။ ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ ထွက်ကြတယ်။ အခု ပြန်ဝင်တဲ့ ဂိတ်တွေမှာလည်း လူတွေပုံနေတယ်။ လူကလည်း များတယ်။ ကျပ်လည်းကျပ်တယ်” ဟု ပြောသည်။ ထိုင်းအစိုးရက မြန်မာလုပ် သားများကို သင်္ကြန်ကာလနေရပ် ပြန်ခွင့်ကို ဧပြီလ ၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၅ ရက်ကြာ ခွင့်ပြု ထားခြင်းဖြစ်ပြီး ဧပြီလ၃၁ ရက် နေ့ မတိုင်ခင် ပြန်လာကြရန်နှင့် ထိုသို့မဟုတ်ပါက ထိုင်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေ ညာထားသည်။ ထိုင်းရှိ မြန်မာအလုပ်သမား သံအရာရှိ အဖွဲ့ကလည်း မြန်မာလုပ်သားများ အချိန်မီပြန်လာ ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*