ရေလုပ်သား များအတွက် အာမခံချက် ပိုမိုရှိလာမည့် ငါးလုပ်ငန်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းမည်

ရေလုပ်သား များအတွက် အာမခံချက် ပိုမိုရှိလာမည့် ငါးလုပ်ငန်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းမည်
December 30, 2016 Asian Fame

3:18 pm
ရေလုပ်သား များအတွက် အာမခံချက် ပိုမိုရှိလာမည့် ငါးလုပ်ငန်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းမည်

navy-worker(ရန်ကုန်၊ ဒီဇင်ဘာ ၂၇)

မြန်မာနိုင်ငံ ပင်လယ်ပြင်ငါး လုပ်ငန်း ဥပဒေကို ပြည်ထောင်စုရှေ့ နေချုပ်ရုံးသို့ တင်ပြထားပြီး ၂ဝ၁၇ အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင် မည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန မှ သိရသည်။

မြန်မာနိုင်ငံတွင် မူလ ရှိနေသည့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေ နှင့် နိုင်ငံခြား ငါးဖမ်းယာဉ်များ ငါး လုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ တို့ကို ဖြည့်စွက် ပြင်ဆင်ကာ အဆိုပါဥပဒေ အားရေးဆွဲခြင်း ဖြစ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာန၊ ဥပဒေရေးရာ ဌာန ခွဲတာဝန်ခံ ဦးတင်ထွဋ် ကပြောသည်။

”ခေတ်ပြောင်းလာတာ နဲ့အညီ မူလရှိနေတဲ့ ဥပဒေမှာပါတဲ့ အချက် တွေကပြည့်စုံမှု ရှိတဲ့အတွက် ပြင်ဆင် ရေးဆွဲတာပါ။ ၂ဝ၁၇ အတွင်း မှာ တော့ အတည်ပြု ပြဋ္ဌာန်းနိုင်မယ် ထင် ပါတယ်”ဟု ဦးတင်ထွဋ်ကပြောသည်။

ယင်းဥပဒေ အတည်ပြုပြဋ္ဌာန်း ပြီးပါက ရေလုပ်သားများ အတွက် အာမခံချက် ပိုမိုရှိလာမည်ဖြစ်ပြီး ငါးသယံဇာတ ထိန်းသိမ်းမှုကို လည်း ပိုမို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် သက်ဆိုင်ရာမြို့ နယ် ရေလုပ်ငန်းဦးစီးဌာနမှ တာဝန် ရှိသူများက ဒေသခံ ရေလုပ်သား များနှင့် ပူးပေါင်းပြီး တရားမဝင် ငါးခိုး ဖမ်းမှု၊ တရားမဝင်ငါးဖမ်း ကိရိယာ အသုံးပြုမှုများကို ထိန်း သိမ်းနိုင်မည် ဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။ အဆိုပါ ဥပဒေကို ငါးလုပ်ငန်း ဦးစီးဌာနက ဦးစီးပြီး ပြင်ပမှ ငါးလုပ်ငန်း ဆိုင်ရာ ပညာရှင်များ၊ ငါးလုပ်ငန်းနှင့် သက်ဆိုင်သည့် NGO၊ INGO  များနှင့် ပူးပေါင်းကာ ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက ပြင် ဆင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့ပင်လယ်ပြင် တွင် ငါးလုပ်ငန်း လုပ်ကိုင်ရန် လိုင် စင်ရယူထားသည့် ကမ်းဝေးရေ ယာဉ် သုံးထောင် နီးပါးနှင့် ကမ်း နီးရေ ယာဉ် တစ်သောင်းခြောက် ထောင်ခန့် ရှိကြောင်း ငါးလုပ်ငန်း ဦးစီး ဌာန၏ စာရင်းအရ သိရသည်။

လက်ရှိတွင် ပင်လယ်ပြင် အ တွင်းလုံခြုံရေး အင်အား လုံလောက် စွာ ချထားနိုင်ခြင်း မရှိသည့်အ တွက် တရားမဝင် ငါးဖမ်းရေယာဉ် များ ဝင်ရောက်ခြင်း၊ တရားမဝင် ငါးခိုးဖမ်းခြင်း၊ တရားမဝင်ငါးဖမ်း ကိရိယာ အသုံးပြုခြင်း များရှိနေ ကြောင်း တနင်္သာရီတိုင်း ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်း ဦးစီးဌာနက ငါး မဖမ်းရအချိန်နှင့် ငါးမဖမ်းရ ဧရိယာ ကို နှစ်စဉ်သတ်မှတ်ကာ ကန့်သတ် ထားသော်လည်း တရားမဝင်ခိုးဖမ်း သည့် ငါးဖမ်းရေယာဉ် များလည်း ရှိနေကြောင်း သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*