ခေါင်းပုံဖြတ် အမြတ်ကြီးစားနေသည့် ပွဲစားများကို မြန်မာနှင့်ထိုင်း ပေါင်းပြီး ဖမ်းမည်

ခေါင်းပုံဖြတ် အမြတ်ကြီးစားနေသည့် ပွဲစားများကို မြန်မာနှင့်ထိုင်း ပေါင်းပြီး ဖမ်းမည်
October 10, 2017 Asian Fame

4:49 pm
ခေါင်းပုံဖြတ် အမြတ်ကြီးစားနေသည့် ပွဲစားများကို မြန်မာနှင့်ထိုင်း ပေါင်းပြီး ဖမ်းမည်

mm-thai(နေပြည်တော် ၊ အောက်တိုဘာ ၁၀)

ထိုင်းရောက်မြန်မာလုပ်သားတွေ CI စာအုပ် ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ၀န်ဆောင်စရိတ် ပိုမိုကောက်ခံနေတဲ့ ပွဲစားတွေကို ဖမ်းဆီးအရေးယူတော့မယ်လို့ မြန်မာ အလုပ်သမား နဲ့ လ၀က ၀န်ကြီးဌာနက ယနေ့ ညနေပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနတို့က ပွဲစားတွေကို အရေးယူမယ့် ကိစ္စ နဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး သဘော တူခဲ့ကြတာလို့ ၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းနိုင်ငံက CI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ်) စာအုပ်ထုတ်ပေးရေး စခန်းကို အောက်တိုဘာ ၃ ရက်နေ့ ကသွားခဲ့ကြပြီး လုပ်သားတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့ကြပါတယ်။

CI စာအုပ်ထုတ်ပေးရေး စခန်းဆိုတာဟာ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တရားဝင် အလုပ်လုပ်နိုင်ဖို့ သက်သေခံ အထောက်အထားတစ်ခု အနေနဲ့ သက်သေခံကဒ်ပြားတွေ ထုတ်ပေးနေတဲ့ စခန်းတွေဖြစ်ပါတယ်။

CIစာအုပ် တစ်ခုအတွက် အမှန်တကယ် ကုန်ကျငွေဟာ ထိုင်းဘက် ၃၁၀ (မြန်မာငွေ ၁သောင်းကျော် )သာ ရှိပေမယ့် ပွဲစားတွေနဲ့ လုပ်ကြတဲ့အခါ ထိုင်းဘတ် ၂၀၀၀ကျော် အထိ ပေးနေကြရပါတယ်။

ပွဲစားတွေကို ဖမ်းဆီး အရေးယူတော့မယ့် အပြင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အများအပြား ရှိတဲ့ ဒေသတွေမှာ CI စာအုပ်လျှောက်တဲ့ မြန်မာ အလုပ်သမားတွေ အဆင်ပြေ ချောမွေ့စေဖို့ ၊ ပွဲစားတွေနဲ့ဆောင်ရွက်ခြင်း မပြုနိုင်ဖို့ ၊ မြန်မာဘက်က Mobile Team အဖွဲ့နဲ့
အမြန်ဆုံး ဆောင်ရွက်နိုင်ရေး အတွက် ထိုင်းနိုင်ငံဘက်က ညှိနှိုင်းဆောင်ရွက် ပေးဖို့ ကိုလည်း သဘောတူခဲ့ကြသေးတယ် လို့ လည်း တာဝန်ရှိသူတွေ က ပြောပြပါတယ်။

CI စာအုပ် ထုတ်ပေးနေတဲ့ လုပ်ငန်းစဉ် အတွင်း 7/11 ဆိုင်တွေမှာ ငွေသွင်းရာ၌ ရရှိခဲ့သည့်ငွေသွင်းစလစ်ပါနေ့ရက်အလိုက် CI စာအုပ်ပြုလုပ်လို့မရခြင်း ၊ ပွဲစားတွေရဲ့ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ၊ ဗီဇာကြေး ပိုမိုပေးဆောင်နေရမှုတွေ ၊ MOU စနစ်နဲ့ထိုင်းကို အလုပ်သမားစေလွှတ်ရာမှာ ကြုံတွေ့နေ ရတဲ့ပြဿနာတွေ ၊ ထိုင်းနိုင်ငံရဲ့ဒေသ အချို့မှာ အလုပ် လုပ်နေတဲ့မြန်မာ လုပ်သားတွေ သတ်မှတ်လုပ်အားခမရရှိမှု စတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး တိုင်ကြားမှုတွေ ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာပြီးနောက် မှာ မြန်မာ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန ညွှန်ချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ CI ထုတ်ပေးရေး စခန်းတွေကို သွားရောက် စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*