အလုပ်သမား အဖွဲ့ချုပ်များ စုပေါင်းပြုလုပ်မည့် မေဒေးနေ့အခမ်းအနားတွင် နိုင်ငံအနှံ့မှ အလုပ်သမား ပြဿနာများကို ဖော်ထုတ်ပြသမည်

အလုပ်သမား အဖွဲ့ချုပ်များ စုပေါင်းပြုလုပ်မည့် မေဒေးနေ့အခမ်းအနားတွင် နိုင်ငံအနှံ့မှ အလုပ်သမား ပြဿနာများကို ဖော်ထုတ်ပြသမည်
April 27, 2017 Asian Fame

3:30 pm
အလုပ်သမား အဖွဲ့ချုပ်များ စုပေါင်းပြုလုပ်မည့် မေဒေးနေ့အခမ်းအနားတွင် နိုင်ငံအနှံ့မှ အလုပ်သမား ပြဿနာများကို ဖော်ထုတ်ပြသမည်

ရဲလွင်
ရန်ကုန်၊ ဧပြီ ၂၄

အလုပ်သမားအဖွဲ့ချုပ် ညီနောင်လေးဖွဲ့စုပေါင်းပြုလုပ်မည့် မေဒေးနေ့အခမ်းအနားတွင် ဒေသအလိုက်ဖြစ်ပွားနေသော အလုပ်သမား ပြဿနာများအပါအဝင် အ ခြားသော လူမှုပြဿနာများကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် AFFM ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ် ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ၊ မြန်မာနိုင်ငံ ဆရာ၊ဆရာမများအဖွဲ့ချုပ်နှင့် ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်ဒုတိယသမ္မတကို ဖိတ်ကြားထားကြောင်း MICS ဥက္ကဋ္ဌ ဦးမောင်ကြိုင်က ပြောသည်။

AFFM မှ ဦးဇာနည်သွေးက ”ဥပမာ…ရန်ကုန်တိုင်းဆိုရင် ရန်ကုန်တိုင်းမှာ အဓိကဖြစ်ပွားနေတဲ့ အလုပ်သမားပြဿနာ၊ ကလေးလုပ်သားဆိုလည်း ကလေးလုပ်သား ပြဿနာ၊ လူမှုရေးပြဿနာတွေ အဲ့ဒါတွေကို ဒေသအလိုက် ပြခန်း တွေနဲ့ပြမယ်။ ကချင်ပြည်နယ်ဆို ရင်လည်း အဲ့ဒီဒေသမှာ အဓိက ဖြစ်ပွားနေတဲ့ လူမှုပြဿနာ၊ အ လုပ်သမားပြဿနာတွေကို ပြသမယ်။ တခြားတိုင်းဒေသနဲ့ ပြည် နယ်တွေ အားလုံးအဲ့ဒီလိုပဲ ပြသမယ်။ ဒီအခမ်းအနားကိုတော့ အကြီးကြီးလုပ်ဖို့ စီစဉ်ထားပြီ”ဟု ဆို သည်။ ယင်းပြသထားသည့် ပြခန်းများတွင် ဒေသအလိုက် အကအလှ များနှင့် ဒေသထွက်အစားအစာများကို ဘူဖေးစနစ်ပုံစံဖြင့်ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိ ရသည်။ အဆိုပါမေဒေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ လာမည့် မေလ ၁ ရက်နေ့ တွင် ကျရောက်မည့် မေဒေးနေ့အ ထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ဒေသအနှံတွင် အလုပ်သမားအဖွဲ့အစည်း အသီးသီးက အခမ်းအနား များပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*