လာမည့်ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၅ဝဝဝ ခန့် မွေးထုတ်ရန် ဝန်ကြီးဌာနစီစဉ်

လာမည့်ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၅ဝဝဝ ခန့် မွေးထုတ်ရန် ဝန်ကြီးဌာနစီစဉ်
May 17, 2017 Asian Fame

2:07 pm
လာမည့်ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၅ဝဝဝ ခန့် မွေးထုတ်ရန် ဝန်ကြီးဌာနစီစဉ်

worker

ရဲလွင်
ရန်ကုန်၊ မေ ၁၅

လာမည့် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၅ဝဝဝ ခန့် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကိစ္စကို လာမည့် ဘဏ္ဍာနှစ်အတွင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်တစ်ခုအဖြစ် သတ် မှတ်ထားကြောင်း သိရသည်။ မေ လ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ လေးလပတ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆိုပါကျွမ်းကျင်လုပ်သား ၅ဝဝဝ ခန့် မွေးထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ကိရိယာ များ ဝယ်ယူပြီး အခြေခံကျွမ်းကျင်မှု သက်မွေးပညာသင်တန်းများ လေ့ ကျင့်ပို့ချပေးရန်၊ ကျွမ်းကျင်လုပ်သားများ ရရှိစေရေးအတွက် သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့် လှစ်ရန် မှာကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျွမ်း ကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရေးအတွက် အလုပ်သမားလေ့ ကျင့်ရေးသင်တန်းကျောင်းများကို ရန်ကုန်၊ မန္တလေး၊ ပုသိမ် စသည့် မြို့များတွင်ဖွင့်လှစ်ထားပြီး ကျွမ်း ကျင်မှုစံသတ်မှတ်ရေးအဖွဲ့ NSSA မှလည်း လုပ်သားများကို လုပ်ငန်း အလိုက် စစ်ဆေးမှုများပြုလုပ်ကာ ကျွမ်းကျင်မှုစံသတ်မှတ်ချက်လက်မှတ်များ ထုတ်ပေးလျက်ရှိသည်။ သို့ရာတွင် ဘတ်ဂျက်အား နည်းမှုကြောင့် ဂဟေဆော်ခြင်း လုပ်ငန်းကဲ့သို့ စက်ပစ္စည်းကုန်ကျ စရိတ်များပြားသည့်လုပ်ငန်းများအတွက် လိုအပ်ချက်များရှိနေ ကြောင်း NSSA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားဖူးသည်။

ယင်းသို့ပစ္စည်း လိုအပ်ချက်ကြောင့် လက်ရှိတွင် လျှပ်စစ်ကျွမ်းကျင်၊ အဲကွန်းပြင်ခြင်း၊ ဝိတ်တာ၊ လက်သမား စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်မှုလက်မှတ် ထုတ်ပေးခြင်းများကိုသာ လုပ်ဆောင်နိုင်သေးကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်ယနေ့အချိန် ထိ ကျွမ်းကျင်လက်မှတ်ရလုပ်သား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးသောင်းခန့်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ယမန်နှစ်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*