အစိုးရသစ် တစ်နှစ်တာအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဘီလျံ အထိ ရှိခဲ့

အစိုးရသစ် တစ်နှစ်တာအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဘီလျံ အထိ ရှိခဲ့
April 26, 2017 Asian Fame

2:57 pm
အစိုးရသစ် တစ်နှစ်တာအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဘီလျံ အထိ ရှိခဲ့

HEZ
ရန်ကုန်၊ ဧပြီ ၂၄

၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုးအမေရိကန် ဒေါ်လာ ၁၂ ဘီလျံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံရရှိသည့်အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံရရှိခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ် ကြည့်ပါက ပို့ကုန်တန်ဖိုး အမေရိ ကန် ဒေါ်လာသန်း ၅ဝဝ ခန့်နှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၆ဝဝ ရရှိခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၁ဝဝ ခန့် ပိုမိုခဲ့ပြီး ပို့ကုန်သွင်းကုန် နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ ၅ ဘီလျံဖိုး ကုန်သွယ်မှုတန်ဖိုးကွာခြားခဲ့ သည်။

ပြည်ပ ပို့ကုန်တင်ပို့မှုမှာ သဘာဝ ဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်း၊ လယ်ယာ ထွက်ကုန်ပစ္စည်း ၂၅ ရာခိုင်နှုန်း၊ ဃဏြ ချုပ်ပြီးအထည် တင်ပို့မှု ၁၆ ရာခိုင်နှုန်း၊ သတ္တုတွင်း ထွက် ၈ ရာခိုင်နှုန်း၊ ရေထွက်ပစ္စည်း ၅ ရာခိုင်နှုန်းဖြစ်ပြီး သစ်တော ထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်နှင့် အခြားပစ္စည်းများ ၂၁ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရ သည်။ သဘာဝဓာတ်ငွေ့ တင်ပို့မှုအ နေဖြင့် ယခင်နှစ်ထက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ လျော့နည်းတင်ပို့နိုင်ပြီး သတ္တုတွင်းထွက်ပစ္စည်းများဖြစ် သော ကျောက်စိမ်း၊ သတ္တုနှင့် သတ္တုရိုင်းများလည်း ယခင်နှစ် ထက် အမေရိကန် ဒေါ်လာသန်း ၁၉ဝ လျော့နည်း တင်ပို့ထားသည်။

သဘာဝသယံဇာတ ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်၊ ထုတ် လုပ်ထွက်ရှိမှု ကန့်သတ်ချက်၊ ကမ္ဘာ တွင် ဖြစ်ပေါ်နေသော ဈေးကွက် ဈေးနှုန်းများ ကန့်သတ်ချက်များ ရှိနေသောကြောင့် လျော့နည်းတင် ပို့ရခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် လယ်ယာထွက် ကုန်ပစ္စည်း တင်ပို့မှုသည် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃၁ သန်း တင်ပို့နိုင်ပြီး လယ်ယာထွက်ကုန် များ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရာ တွင် ရာသီဥတု၊ သဘာဝဘေး အန္တရာယ်၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အရည်အသွေးမြှင့် Value Added ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားတို့အပေါ်တွင် မှီခိုရသော ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးမှာ အဓိကစိန်ခေါ် မှုများဖြစ်နေသည်။ ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် ပို့ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တစ်လျှောက်လုံးတွင် အဓိကအခက်အခဲမှာ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် မြင့်မားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*