လယ်မဟုတ်သည့် အခြားသီးနှံစိုက်ပျိုးသော ယာဧကများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမို ထုတ်ပေးရန် စီစဉ်နေ

လယ်မဟုတ်သည့် အခြားသီးနှံစိုက်ပျိုးသော ယာဧကများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမို ထုတ်ပေးရန် စီစဉ်နေ
April 26, 2017 Asian Fame

2:51 pm
လယ်မဟုတ်သည့် အခြားသီးနှံစိုက်ပျိုးသော ယာဧကများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမို ထုတ်ပေးရန် စီစဉ်နေ

HEZ

ရန်ကုန်၊ ဧပြီ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသော မြန်မာ့လယ် ယာ ဖွံ့ဖြိုးရေးဘဏ် ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လက် အောက်သို့ ပြောင်းရွှေ့ထားပြီး လယ်မဟုတ်သည့် အခြားသီးနှံ စိုက်ပျိုးဧကများအတွက် ချေးငွေ ပိုမို ရရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်နေ့က သတင်းထုတ် ပြန်သည်။

လက်ရှိတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်း၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးနေပြီး ဆယ်ဧကအထိသာ ထုတ်ချေးပေးနေသည်။ ယခုကဲ့သို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လက် အောက်သို့ ပြောင်းရွှေ့ပြီးနောက် အခြားသီးနှံစိုက်ပျိုးသော တောင် သူများအတွက် တစ်ဧကလျှင်ကျပ် နှစ် သောင်းနှုန်းမှ ကျပ်ငါးသောင်း နှုန်းအထိ တိုးမြှင့်ထုတ်ချေးပေး နိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တင်ပြပေးထားပြီး လာ မည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့် ချေးပေးနိုင်ဖွယ်ရှိကြောင်း သိရ သည်။

အဆိုပါ ဘဏ်ကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန လက် အောက်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြင့် ဘဏ်အတွက်အားသာချက် များစွာ ရှိလာမည်ဖြစ်ပြီး လုပ်ငန်း စဉ်များပိုမို မြန်ဆန်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ကာ ဝန်ကြီးဌာန တစ် ခုတည်းအောက်ကို ရောက်သွား သည့်အတွက် လုပ်ငန်းစဉ်များ ပိုမို မြန်ဆန်လာမည် ဖြစ်ကြောင်းနှင့် ယခင်က ငွေလိုပါက ဗဟိုဘဏ် သို့မဟုတ် မြန်မာ့စီးပွားရေးဘဏ် မှတစ်ဆင့် ချေးယူရပြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက် ရောက် ရှိပြီးပါက တိုက်ရိုက် ဆောင်ရွက်လာနိုင်မည်ဟု သိရ သည်။

ထို့ပြင် နှစ်ရှည်ချေးငွေများ ထုတ်ချေးနိုင်ရန်လည်း စီစဉ်လျက် ရှိကြောင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ပြောင်း ရွှေ့မည်ဖြစ်သော်လည်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ဆက်လက် ပူး ပေါင်း ဆောင်ရွက်မည်ဟု သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*