အစိုးရက ဆောက်ပေးမည့် တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်မည့် နိုင်ငံ့ဝန်ထမ်းစာရင်း စတင်ကောက်ယူ

အစိုးရက ဆောက်ပေးမည့် တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်မည့် နိုင်ငံ့ဝန်ထမ်းစာရင်း စတင်ကောက်ယူ
April 26, 2017 Asian Fame

3:00 pm
အစိုးရက ဆောက်ပေးမည့် တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်မည့် နိုင်ငံ့ဝန်ထမ်းစာရင်း စတင်ကောက်ယူ

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၂၄

အစိုးရက ဆောက်လုပ်ပေးမည့် တန်ဖိုးနည်းအိမ်ရာများတွင် နေထိုင်မည့် နိုင်ငံ့ဝန်ထမ်းများ စာရင်းကို စတင်ကောက်ယူနိုင် ရေးအတွက် သက်ဆိုင်ရာတိုင်း နှင့် ပြည်နယ်အစိုးရများသို့ ညွှန်ကြားထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များတွင် နိုင်ငံဝန်ထမ်းများ အတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ နေရာချထားပေး သွားမည်ဖြစ်ပြီး အဆိုပါဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ပေးရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဌာနများမှ တာဝန်ရှိသူများက ဧပြီလ ၁၉ ရက်နေ့တွင် ဆွေးနွေးခဲ့သည်။

”ဘယ်လောက် ဆောက်ပေးမယ်ဆိုတာက မသိသေးပါဘူး။ ဝန်ထမ်းတွေရဲ့ နေထိုင်မယ့် စာရင်းတွေကို ရမှဖြစ်မှာပါ။ ဒါမှလည်း ဆောက်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့က ဝန်ထမ်းအိမ်ရာမှာမနေ ဘဲ နီးစပ်ရာမှာလည်း နေကြပါတယ်” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။ ထို့အပြင် ဆောက်လုပ်ပေးမည့် မြေနေရာများ စိစစ်ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုး အဖွဲ့များဖြင့် ဆွေးနွေးပွဲများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ထမ်းများ၏ နေထိုင်မှု ဘဝအဆင်ပြေစေရေးအတွက် လူနေအိမ်ရာများတည်ဆောက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန် ထမ်းများ အငြိမ်းစားယူသည့်အ ခါ နေအိမ် အခက်အခဲ မရှိစေ ရေးအတွက် ထိုသို့ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်း စီမံကိန်းများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပါ သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*