အန္တရာယ် ရှိသော စားသောက် ကုန်၊ လူသုံးကုန်များနှင့် စပ်ဆေးများ အတွက် ကျေးရွာများမှ လူများကို လခပေးပြီး ပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်ကို FDA စတင်

အန္တရာယ် ရှိသော စားသောက် ကုန်၊ လူသုံးကုန်များနှင့် စပ်ဆေးများ အတွက် ကျေးရွာများမှ လူများကို လခပေးပြီး ပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်ကို FDA စတင်
March 22, 2017 Asian Fame

4:20 pm
အန္တရာယ် ရှိသော စားသောက် ကုန်၊ လူသုံးကုန်များနှင့် စပ်ဆေးများ အတွက် ကျေးရွာများမှ လူများကို လခပေးပြီး ပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်ကို FDA စတင်

(နေပြည်တော်၊ မတ် ၁၈)

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ မြို့ကြီးများ နှင့် လက်လှမ်းမမီသော ကျေးရွာ များတွင် ကျေးရွာမှ လူများကို လစာ ပေးပြီး ၄င်းကျေးရွာများတွင် ပညာ ပေးလုပ်ငန်းများ ဆောင်ရွက်စေ မည့် အစီအစဉ်ကို စတင်သွားမည် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တစ် နိုင်ငံလုံးရှိ ကျေးရွာ စုစုပေါင်း ၁၇၄ ရွာကို ပထမအဆင့်အဖြစ် ဆောင် ရွက် သွားမည်ဖြစ်သည်။ ယခု ရွေး ချယ်ထားသော ကျေးရွာများမှာ မြို့နှင့် အလှမ်းဝေးပြီးကျန်းမာရေး ဗဟုသုတ နည်းပါးသော ဒေသများ ဖြစ်သောကြောင့် ကျေးရွာနေပြည် သူများ၏ နေ့စဉ် စားသောက်ပုံနည်း လမ်းများနှင့် အန္တရာယ်ရှိသော အ စားအစာ ဆေးဝါးများကို မသုံးစွဲမိ စေရန်အတွက် ပညာပေး လုပ်ငန်း များကို တစ်လကြာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု အစီအစဉ်အတွက် ကျေး ရွာတစ်ခုလျှင်လူ ၂ ဦး ရွေးချယ်ပြီး ၄င်း တို့ကို ၅ ရက်ကြာ သင်တန်းပေး မည်ဖြစ်ကာ မိမိတို့၏ ကျေးရွာများ တွင် တစ်လကြာ ပြန်လည်ပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ တွင် ၄င်းတို့၏ ကျေးရွာများအတွင်း စပ်ဆေးများ အသုံးမပြုကြရန်၊ တား မြစ်ထားသော စားသောက်ကုန်လူ သုံးကုန်များကို မသုံးစွဲကြရန် အတွက် ခွဲခြားသိနိုင်စေရန် ပညာပေးဆောင် ရွက်သွားကြမည် ဖြစ်သည်။

ပညာပေး အစီအစဉ်အတွက် လိုအပ်သော  ၅ ရက် သင်တန်းကို နေပြည်တော် FDA ရုံးချုပ်နှင့် ကချင်၊ ကယား၊ ချင်း၊ ကရင်၊ ရခိုင်၊ တနင်္သာရီတိုင်း အတွင်းရှိ FDA ရုံး ခွဲများတွင် သင်တန်းပေးသွားမည် ဖြစ်သည်။ သင်တန်း ကာလမှာ ယခု လ ၂၈ ရက်မှ ဧပြီလ ၁ ရက်နေ့ အထိ ဖြစ်ပြီး ကျန်းမာရေးအတွက် ရွေး ချယ်စားသုံးရမည့် အစားအသောက် နှင့် ဆေးဝါးများ အတွက် ဗဟုသုတ များကို သင်ကြား ပေးသွားမည်ဖြစ် သည်။

ပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ရမည့် အချိန်မှာ မေလ ၁ ရက် နေ့ဖြစ်ပြီး သင်တန်းဆင်း ကျေးရွာလူထု အနေနှင့် တစ်ရက် လျှင် ၃၆ဝဝ ကျပ်နှုန်းဖြင့် တစ်လ ပညာပေး လုပ်ငန်းများကို ဆောင် ရွက်သွားရမည်ဖြစ်ပါသည်။

”အဓိကကတော့ ကျေးရွာက လူအချင်းချင်း ပညာပေးတာ ပိုထိ ရောက်မယ်ထင်လို့ပါ။ တချို့က ဒေသတွေမှာ ဘာသာ စကားနဲ့ ယုံ ကြည်မှု ဆိုင်ရာ အခြေအနေတွေရှိ တယ်။ ဒါကြောင့်ဒါတွေက မသုံး သင့်ဘူး ဆိုတာ ကို ဒီကလူတွေပြော တာထက် သူ့လူ သူပြောတာက အများ ကြီး ထိရောက်နိုင်ပါတယ်။ ဒါပထမဆုံး ခြေလှမ်းပါ” ဟုလက် ထောက် ညွှန်ကြားရေးမှူး ဒေါက် တာဥက္ကာဖြိုးက ဆိုသည်။

ယခုအစီအစဉ်သည် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏ ပထမဆုံး စမ်းသပ် ဆောင်ရွက်သည့် ကျေးရွာအရောက် လူထုပညာပေးရေးစီမံချက်ဖြစ်ပြီး အားနည်းချက် အားသာချက်များကို စိစစ်ကာ တစ်နိုင်ငံလုံးရှိ ကျေးရွာ များကို ပျံ့နှံ့စွာ ပညာပေးနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

အချို့သော လုပ်ငန်းရှင်များ အနေနှင့် မြို့ကြီးများတွင် ထုတ်လုပ် ရောင်းချရန် မဖြစ်နိုင်တော့သည့် ကျန်းမာရေးနှင့် မညီသော စား သောက်ကုန်၊ လူသုံးကုန် များကို အသိပညာဗဟုသုတ နည်းပါးသော ကျေးရွာများတွင် တွင်ကျယ်စွာ ရောင်းချနေကြသည့် အတွက် ယခု အစီအစဉ်ကို စတင်အကောင်အ ထည်ဖော်ရခြင်းဖြစ်ကြောင်း FDA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*