အလွတ်ကျက် စနစ်ကနေ စဉ်းစားတွေးခေါ်မှုကိုအားပေးတဲ့ စနစ်ကို ပြောင်းနေပြီ လို့ ပညာရေးဝန်ကြီးပြောဆို

အလွတ်ကျက် စနစ်ကနေ စဉ်းစားတွေးခေါ်မှုကိုအားပေးတဲ့ စနစ်ကို ပြောင်းနေပြီ လို့ ပညာရေးဝန်ကြီးပြောဆို
December 19, 2017 Fame Asian

2:05 pm
အလွတ်ကျက် စနစ်ကနေ စဉ်းစားတွေးခေါ်မှုကိုအားပေးတဲ့ စနစ်ကို ပြောင်းနေပြီ လို့ ပညာရေးဝန်ကြီးပြောဆို

25593970_1658104984251777_6660938522198888917_n

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉

အလွက်ကျက်တဲ့ ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးတဲ့ ပညာရေးစနစ်ကိုပြောင်းလဲနေရာမှာ သင်ရိုး ညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရေးဆွဲလျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ က ပဲခူးတိုင်း၊ပြည်မြို့ ကိုသွားရောက်ရာမှာ ၎င်းကအခုလိုပြောခဲ့တာဖြစ်ပြီး သင်ရိုးညွှန်းတမ်းအသစ်မှာ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို ဦးတည်ရေးဆွဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အလွတ်ကျက်ပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုတယ်လို့ ယခုလဆန်းပိုင်းကပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က ပညာရေးပွဲတစ်ခုမှာပြောကြားခဲ့ပါသေးတယ်။ KG+ 12 ပညာရေးစနစ် အဖြစ် ပြောင်းလဲဖို့၊ ကျောင်းထွက်နှုန်း မြှင့်မားနေရတဲ့ အခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊ အလွတ် ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစား တွေးခေါ်မှုကို အခြေခံတဲ့ ပညာရေး စနစ်ဆီကို ပြောင်းလဲရေး အတွက် ဆရာ/ဆရာမများရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့၊ပညာရေးကောလိပ်များ အဆင့် မြှင့်တင်ရေး၊ ဘာသာရပ် ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး တို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံး ဖတ်စာအုပ် များရဲ့ အရည်အသွေး မြှင့်တင်ဖို့နဲ့ ပညာရေး ဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေဖို့ တို့ကိုဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခုလိုစနစ်ပြောင်းလဲဖို့ သင်ရိုးညွှန်းတမ်းအသစ်၊သင်ကြားရေးနည်းစနစ်အသစ်များကို ဆရာဆရာတွေကျွမ်းကျင်ဖို့ မွမ်းမံသင်တန်းတွေပေးနေတယ်လို့ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်နေရာမှာ အောင်မြင်မှု အချို့ရှိနေပေမယ့် အခက်အခဲများ၊ စိန်ခေါ်မှုများလည်း ကြုံတွေ့နေရတယ်လို့ လည်း ၀န်ကြီးက ဆက်ပြောသွားပါတယ်။ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ နေရပြီး ဘယ်ကဏ္ဍတွေမှာ ဘယ်လို အောင်မြင်မှုရနေတယ်ဆိုတာကိုတော့ အသေးစိတ်ထည့်သွင်းပြောကြားသွားခဲ့ခြင်းမရှိပါဘူး။ပညာရေးအရည်အသွေးမြင့်မားဖို့ ပြည်သူများက ၀ိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားသွားပါတယ်။

PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*