မောင်တောမှာ ညမထွက်ရအချိန်ကို တိုးမြှင့်

မောင်တောမှာ ညမထွက်ရအချိန်ကို တိုးမြှင့်
August 25, 2017 Fame Asian

5:08 pm
မောင်တောမှာ ညမထွက်ရအချိန်ကို တိုးမြှင့်

aaaaမောင်တော၊ သြဂုတ် ၂၅

မနေ့ ညက အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်မှာ ယခုညက စလို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ယခင်ထုတ်ပြန်ထားတဲ့ အချိန်ထက် တိုးပြီးသတ်မှတ်လိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး (ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေ ၄နာရီ ၂၀ မိနစ်အချိန်တွင် ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” အရင်အချိန်ထက် တစ်နာရီတိုးပြီးသတ်မှတ်လိုက်ပါတယ်။အရင်က ည ၉ နာရီက နေ မနက်၅ နာရီအထိ သတ်မှတ်ထားတယ် ။ အခု မနက် ၆ နာရီထိတိုးပြီးသတ်မှတ်လိုက်ပါတယ်” လို့ ၎င်းတာဝန်ရှိသူကဖြေပါတယ်။

မောင်တောမြို့ နယ်အတွင်း ရုံးများနဲ့ ကျောင်းများကိုတော့ ပိတ်ထားလိုက်ရတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

PH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*