ရန်ကုန် နှင့် မန္တလေးရှိ အနုပညာ အထက်တန်းကျောင်း တို့တွင် နွေရာသီ ပန်တျာ သင်တန်းနှင့် ပန်းချီ သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးသွားမည်

ရန်ကုန် နှင့် မန္တလေးရှိ အနုပညာ အထက်တန်းကျောင်း တို့တွင် နွေရာသီ ပန်တျာ သင်တန်းနှင့် ပန်းချီ သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးသွားမည်
February 17, 2017 Asian Fame

3:54 pm
ရန်ကုန် နှင့် မန္တလေးရှိ အနုပညာ အထက်တန်းကျောင်း တို့တွင် နွေရာသီ ပန်တျာ သင်တန်းနှင့် ပန်းချီ သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးသွားမည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ)

ပန်တျာ သင်တန်းနှင့် ပန်းချီ သင်တန်း တက်ရောက်လို သူများ အတွက် နွေရာသီ သင်တန်းများ အဖြစ် ရန်ကုန် အနုပညာအထက် တန်းကျောင်း နှင့် မန္တလေးအနု ပညာ အထက်တန်းကျောင်း တို့တွင် သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်သည်။

ဖွင့်လှစ် သင်ကြားပေးသွား မည့်သင်တန်း များမှာ ပန်တျာ (အဆို၊ အက)၊ ပန်းချီသင်တန်း များဖြစ်ပြီး အဆိုပါ သင်တန်း တက်ရောက်လို သူများမှာ အ သက် ၅နှစ် မှ ၁၅ နှစ်အတွင်း ရှိရမည်ဖြစ်သည်။ ယင်းသင်တန်း နှင့်ပတ်သက်၍ ၄င်းတို့ကျောင်း များမှ ဖွင့်လှစ် ထားသည့် အခြေ ခံ သင်တန်းဆင်းပြီး သူများအ နေဖြင့် တန်းမြင့် သင်တန်းသို့ လည်းကောင်း၊ တန်းမြင့် သင် တန်း ပြီးဆုံးပြီး သူများ အနေဖြင့် နွေ ရာသီ သင်ရိုးကုန် သင်တန်း သို့လည်းကောင်း တက်ရောက် ခွင့်ရရှိမည် ဖြစ်သည်။

”ဒီလို သင်တန်း ဖွင့်ရတဲ့ ရည် ရွယ်ချက်ကတော့  အဆို၊ အက နဲ့ ပန်းချီဝါသနာပါတဲ့ ကလေး တွေအတွက် ထိုးထွင်းဥာဏ်တွေ စိတ်ကူး စိတ်သန်းတွေ တိုးပွား လာစေဖို့ ပန်းချီဆိုင်ရာ အလှ အပရသတွေကို ခံစားတတ်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေ နဲ့ ၂ဝ၁ဝ ခုနှစ်ကတည်းက စပြီး ဖွင့်လှစ် ပေးတာပါ” ဟု အနုပညာ အ ထက်တန်းကျောင်း (ရန်ကုန်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်း က ပြောသည်။

သင်တန်း တက်ရောက်လို သူများ အနေဖြင့် သင်တန်း လျှောက်လွှာများကို ကမ္ဘာအေး ဘုရားလမ်းရှိ အနုပညာအထက် တန်းကျောင်း (ရန်ကုန်)တွင် လည်းကောင်း၊ ၆၆ လမ်း (လမ်း ၂ဝ နှင့် ၂၂ လမ်းကြား)ရှိ အနု ပညာ အထက်တန်းကျောင်း (မန္တလေး) တွင် လည်းကောင်း လျှောက်လွှာများ ထုတ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက် အတွင်း လျှောက်လွှာများ ပြန် လည်ပေးပို့ရမည် ဖြစ်သည်။

သင်တန်း ဖွင့်လှစ်မည့်ရက် မှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖြစ်ပြီး သင်တန်း ကာလမှာ ၄ ပတ် ကြာမြင့်မည် ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၁ ၅၅၄၆၉၅ (ရန်ကုန်)သို့ လည်းကောင်း၊ ဝ၂ ၆၁၁၆၉ (မန္တလေး) သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*