လူငယ်များအတွက် တယ်လီနောမှ နည်းပညာ ဆိုင်ရာ အလုပ်ခွင် သင်တန်းပေးမည်

လူငယ်များအတွက် တယ်လီနောမှ နည်းပညာ ဆိုင်ရာ အလုပ်ခွင် သင်တန်းပေးမည်
May 18, 2017 Asian Fame

5:00 pm
လူငယ်များအတွက် တယ်လီနောမှ နည်းပညာ ဆိုင်ရာ အလုပ်ခွင် သင်တန်းပေးမည်

(ရန်ကုန်၊ မေ ၁၂)

လူငယ်များ လုပ်ငန်းခွင် ဝင်ရာတွင် အဆင်ပြေ စေရန် အတွက် တယ်လီနောမှ ပထမဆုံး အကြိမ်အဖြစ် နည်းပညာဆိုင်ရာ အလုပ်ခွင်သင်တန်းပေးသွားမည် ဖြစ်သည်။

သင်တန်းအစီအစဉ် ပထမ အသုတ်အဖြစ် ဘွဲ့ရလူငယ် ၁ဝ ဦး အား  ‘နည်းပညာ ဆိုင်ရာ အလုပ် ခွင် သင်တန်းသားများ’ အဖြစ် လက်ခံမည်ဖြစ်ပြီး ကွန်ပျူတာ တက္ကသိုလ်များမှဘွဲ့ရ လူငယ်များ နှင့် နည်းပညာတက္ကသိုလ်များမှ Electrical Communication နှင့် Information Technology  ဘာသာရပ်များကို အထူးပြုသင်ကြား ခဲ့သည့် ဘွဲ့ရလူငယ် များအား အဆိုပါ အစီအစဉ်မှတစ်ဆင့် အလုပ်ခန့်အပ်နိုင်ရန် ရည်ရွယ်ထား ကြောင်း၊ ထို့ကြောင့် ယခုအစီ အစဉ်နှင့်ကိုက်ညီသည့် ဒီပလိုမာ (သို့)အောင်လက်မှတ် ကိုင်ဆောင် ထားသည့်ဘွဲ့ရ လူငယ်များ လျှောက် ထားနိုင်ကြောင်းသိရသည်။

”ရွေးချယ်ခံရပြီဆိုရင် စာချုပ် စချုပ်ကတည်းက လခရမယ်။ တစ်နှစ်ပြီးတော့မှ အလုပ်ဆက် ခန့် မခန့် ဆိုတာကတော့ ဒီတစ်နှစ် အတွင်းမှာ ရှိတဲ့ သူ့ရဲ့ လုပ်ဆောင် မှုတွေကို ကြည့်သွားမှာပါ” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွေးချယ်ခံရသူများသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် စတင်မည်ဖြစ်သည့် ၁၂ လကြာ သက်တမ်းရှိ စာချုပ် တစ်ခုကို ချုပ်ဆို၍ တယ်လီနော ၏ ဆက် သွယ်ရေး ကွန်ရက်နှင့် သတင်း အချက်အလက်နည်းပညာနှင့် ဆိုင်သော ဌာနများတွင် အလုပ် ခွင် သင်တန်းသား အဖြစ် လုပ်ကိုင် သွားကြရမည်ဖြစ်သည်။

သင်တန်းသားများ အနေနှင့် ၄င်းတို့၏ သက်ဆိုင်ရာအလုပ်ခွင် များသို့ မဝင်ရောက်မီ အလုပ်ခွင် တွင်း သိသင့်သည့် အကြောင်းအ ရာများအား ရှင်းလင်းပြောကြား သည့် ၃ ရက်ကြာ အလုပ်ခွင်မိတ် ဆက်အစီအစဉ်ကို စတင်တက် ရောက်ကြ ရမည်ဖြစ်ပြီး အဆိုပါ အစီ အစဉ်တွင် တယ်လီနော လုပ် ငန်းစုနှင့် တယ်လီနော၏အလုပ် လုပ်ကိုင်သည့် နည်းစနစ် များကို မိတ်ဆက်ပြောကြားခြင်း၊ လုပ် ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း အကြောင်းနှင့် လုပ်ငန်းခွင်အတွင်း  အချက်အလက် လုံခြုံမှုရေးရာ များကို ရှင်းလင်းပြောကြားခြင်း တို့ကိုပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့တက်ရောက်လို သူများသည် လျှောက်လွှာများကို တယ်လီနော၏ ဝက်ဘ်ဆိုက်တွင် ရယူကာ ပြည့်စုံစွာ ဖြည့်စွက် ထား သော လျှောက်လွှာများအား မိမိတို့၏ ကိုယ်ရေး ရာဇဝင်နှင့် အတူ  Technology­[email protected] သို့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*