ဝန်ကြီးဌာနထံမှ ငှားရမ်းထားသည့် ပြင်ဦးလွင်နန်းမြိုင်ဟိုတယ် အရှုံးပေါ်မှုအကြောင်းရင်း ကုမ္ပဏီရှင်းလင်း

ဝန်ကြီးဌာနထံမှ ငှားရမ်းထားသည့် ပြင်ဦးလွင်နန်းမြိုင်ဟိုတယ် အရှုံးပေါ်မှုအကြောင်းရင်း ကုမ္ပဏီရှင်းလင်း
February 8, 2017 Asian Fame

11:35 am
ဝန်ကြီးဌာနထံမှ ငှားရမ်းထားသည့် ပြင်ဦးလွင်နန်းမြိုင်ဟိုတယ် အရှုံးပေါ်မှုအကြောင်းရင်း ကုမ္ပဏီရှင်းလင်း

ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်တွင် တိုးချဲ့ဆောင်များဆောက်လုပ်ရန် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှခွင့်မပြုခဲ့၍ နစ်နာဆုံးရှုံးမှုများစွာဖြစ် နေရသည်ဟု The National Trading Co., Ltd၊ အော့ခစ်ဟိုတယ်မန်နေးဂျင်းဒါရိုက်တာ ဦးဌေးအောင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

အဆိုပါကုမ္ပဏီသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင် ဟိုတယ်အား ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ မှစ၍ ၁၅ နှစ်စာချုပ်ဖြင့် တစ်လလျှင် ကျပ်သိန်း ၅ဝဝ ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ငှားရမ်းခဲ့ကြောင်း၊ ၎င်းဟိုတယ်မှာ အခန်း ၃၂ ခန်းသာရှိပြီး ပျှမ်းမျှငှားရမ်းခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၄ဝ ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့၏ ခရီးသွားရာသီမှာ လေးလသာရှိ၍ နေ့စဉ်ရက်ဆက် အခန်းပြည့် လူမဝင်နိုင်ကြောင်း၊ ထို့ကြောင့် တစ်လလျှင် ကျပ်သိန်း ၁၅ဝ ခန့်ဝင်ငွေရရှိပြီး ဝန်ထမ်းလစာ နှင့် အထွေထွေကုန်ကျစရိတ်နုတ်ပါက ကျပ် ၇၅ သိန်းသာ ကျန်ရှိ၍ အရှုံးပေါ်နေကြောင်း၊ သို့သော်လည်း တစ်လကျပ်သိန်း ၅ဝဝ ပေး၍ ငှားရမ်းခဲ့သည်မှာ စာချုပ်ပါ သဘောတူညီချက်များကြောင့် ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

”စာချုပ်အပိုဒ် ၁၁ မှာ ဝင်ငွေတွေ ပိုမိုရရှိနိုင်ဖို့ Rest Area လို့ ခေါ်တဲ့ မြေလွတ်နေရာတွေမှာ ကျွန် တော်တို့က တိုးချဲ့ဆောင်များ ဆောက်ဖို့ဆိုတဲ့ မျှော် လင့်ချက်တွေကို မျှော်လင့်ပြီးတော့ သိန်း ၅ဝဝ ပေး ပြီး ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဦးဌေးအောင် က ဆိုသည်။ နှစ်ဖက် အငှားစာချုပ်အရ မြေကွက်အတွင်း ပြင်ဆင် ဆောက်လုပ် တိုးချဲ့မှုများနှင့် ပတ်သက်၍ ဝန်ကြီးရုံးသို့ စည်းကမ်းချက်အရ တင်ပြခွင့်ပြုချက်ယူခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ခွင့်ပြုခဲ့ ခြင်းမရှိသောကြောင့် စီမံချက်များကို အကောင်အ ထည်မဖော်နိုင်ဘဲ လစဉ်ပေးချေရမည့် ငွေကြေးကိုပင် ပေးချေနိုင်ခြင်းမရှိဘဲြေ<ွကးတင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

”ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ဆိုပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က အခန်း၂ဝဝ ပါ Service Apartment ကို နိုင်ငံတကာအဆင့်မီဆောက်လုပ်ဖို့ တင်ပြခဲ့ပါတယ်။ ကာလအတန်ကြာတဲ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုတယ်/ခရီးမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်ကို ဆက်သွယ်မေးမြန်းရာ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ကို အများကြီးငဲ့ညှာပေးခဲ့ကြောင်း၊ လက်ရှိ လုပ်ပိုင်ခွင့်ပေး ထားသော ဟိုတယ်များအနက် ၎င်းတို့က အကြွေးအများဆုံးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ကို ခေါ်ပြီးညှိနှိုင်းခဲ့ကြောင်း၊ တိုးချဲ့ဆောင် ဆောက်လုပ်ခွင့်မပြုဆိုသည်မှာ မဟုတ်မှန်ကြောင်း တုံ့ပြန်ပြောကြားသည်။

”သူ့နေရာက ပြင်ဦးလွင်မှာဆို တကယ့်နေရာပဲလေ။ သူတို့ တကယ်လုပ်ရင် လုပ်လို့ရတာပဲ။ သူတို့ ကို တိုးချဲ့လုပ်ဆောင်မယ့်ဟာတွေ ခွင့်မပြုဘူးဆိုတာ မဟုတ်ပါဘူး။ အြေ<ွကးတောင် ကျေအောင်မဆပ်နိုင် သေးတဲ့ဟာကို ထပ်ပြီးရင်းနှီးမြှုပ်နှံမယ်ဆိုတာ ဖြစ် နိုင်မလားဗျာ။ လက်ရှိအခန်းနဲ့က မဖြစ်ဘူးဆိုတာ တော့ ကျွန်တော်တို့လည်း သိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ သူတို့ တင်ပြခဲ့သေးတယ်။ ဒါ ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် သွားမယ့် အစီအစဉ်တွေ ဘာတွေဆိုတော့ ကပ်ပြီး ပြောလို့ မရဘူးလေ။ ကျွန်တော်တို့ဆီ ခွင့်ပြုချက် တောင်းရပါမယ်။ ကျွန်တော်တို့က နိုင်ငံသားတွေ ကိုပဲ လုပ်ပိုင်ခွင့်ပေးတာပါ။ တကယ်လို့ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ ပါလာပြီဆို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြရတာတွေလိုလာပါပြီ” ဟု ဦးကောင်းထွဋ်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*