ရခိုင်ပြည်နယ်အတွင်း ကျောင်းများ အဆင့်တိုးမြှင့်လိုက်သောကြောင့် ဆရာလိုအပ်ချက် မြင့်မားနေ

ရခိုင်ပြည်နယ်အတွင်း ကျောင်းများ အဆင့်တိုးမြှင့်လိုက်သောကြောင့် ဆရာလိုအပ်ချက် မြင့်မားနေ
May 31, 2017 Asian Fame

2:59 pm
ရခိုင်ပြည်နယ်အတွင်း ကျောင်းများ အဆင့်တိုးမြှင့်လိုက်သောကြောင့် ဆရာလိုအပ်ချက် မြင့်မားနေ

လင်းဟိန်း
ရန်ကုန်၊ မေ ၂၉

ယခုနှစ် ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်း ၃ဝဝ ကို အဆင့်တိုးမြှင့်ပေးလိုက်သော်လည်း ဆရာ၊ ဆရာမ ဦးရေ ၃၃ဝဝ ခန့်လိုအပ်နေသေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။ အထက်တန်းပြ ဆရာ၊ ဆရာမဦးရေ ၄ဝဝ ခန့်၊ အလယ်တန်းပြ ဆရာ၊ ဆရာမဦးရေ ၇ဝဝ ခန့်နှင့် မူလတန်းပြ ဆရာ၊ ဆရာမဦးရေ ၂၂ဝဝ ခန့်လိုအပ်နေခြင်း ဖြစ်သည်။

ယင်းလိုအပ်နေသော ဆရာ၊ ဆရာမများနေရာတွင် ခန့်အပ်ရန်အတွက် ရခိုင်ပြည်နယ် တစ်ခုတည်းမှ ဆရာ၊ ဆရာမ အရေအတွက်နှင့် လုံလောက်မှုမရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။ ”ရခိုင်က ပညာရေးတက္ကသိုလ် ပထမနှစ် ဒုတိယနှစ် ဖြေထားတဲ့ သူတွေကို အစမ်းခန့်အနေနဲ့ ခန့် ရင်တောင် လိုအပ်နေတဲ့ အထက် တန်းပြအားလုံးရဲ့ လေးပုံတစ်ပုံ လောက်ပဲရမယ်”ဟု ၎င်းက ပြောသည်။ ယခင် ပညာသင်နှစ်များတွင် လည်း ရခိုင်ပြည်နယ်ရှိ စာသင် ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်မှုရှိနေခဲ့ပြီး ယခုနှစ်ပညာ သင်နှစ်တွင် စာသင်ကျောင်းများ အား အဆင့်တိုးမြှင့်လိုက်သည့် အတွက် ဆရာ၊ ဆရာမ လိုအပ်မှု ပိုများလာခဲ့ခြင်းဖြစ်ကြောင်း ဦးစိန်ထွန်းလှက ပြောသည်။ လက်ရှိတွင် ယင်းလိုအပ်နေသော ဆရာ၊ ဆရာမများ နေရာတွင် အခြားတိုင်းနှင့်ပြည်နယ်များမှ ဆရာ၊ ဆရာမများကိုပါ ခန့်အပ် ပေးရန် ရခိုင်ပြည်နယ် ပညာရေး မှူးရုံးက ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသည်။ ”အခက်အခဲ ရှိပါတယ်။ တော်တော်အခက်အခဲ ရှိပါတယ်၊ ဝန်ကြီးဌာနကို တင်ပြထားတာ ဘယ်တော့ အကြောင်းပြန်မလဲ မသိသေးဘူး”ဟု ဦးစိန်ထွန်းလှက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင်လည်း ရခိုင်ပြည် နယ်အတွင်းမှ စာသင်ကျောင်းများ တွင် ဆရာ၊ ဆရာမဦးရေ တစ် ထောင်ကျော်ခန့် လစ်လပ်နေခဲ့ သည်။ ယင်းလစ်လပ်နေရာများ တွင် ဆရာ၊ ဆရာမများကို ကျောင်း ဖွင့်ချိန်အမီ ခန့်အပ်ရန်လိုအပ်ပြီး ယင်းဆရာ၊ ဆရာမများ၏ အရည် အချင်းကိုလည်း ဖြည့်ဆည်းပေး ရန် လိုအပ်ကြောင်း စစ်တွေမြို့မှ အငြိမ်းစားကျောင်း ဆရာဦးလှသိန်းက ပြောသည်။ ”ရခိုင်ပြည်နယ် ပညာရေး နိမ့် ကျနေတာဟာ ဆရာ၊ ဆရာမ အ ရေအတွက် မလုံလောက်တာ ကြောင့်လည်း ပါပါတယ်” ဟု ၎င်းကပြောသည်။ ယင်းအပြင် ကျောင်းသားဦး ရေတိုးလာသည့်အတွက် စာသင် ကျောင်း အဆောက်အအုံများကို လည်း တိုးချဲ့ ဆောက်လုပ်ရန်လို အပ်နေကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ”ရခိုင်က ကျောင်းတော်တော် များများက ပြိုပျက်နေတာတွေပဲ။ ကျောင်းဆောင် အသစ်တွေလည်း လုပ်ပေးဖို့ လိုပါတယ်။ ကျောင်း သားတွေကို ပြွတ်သိပ်ပြီးထားလို့ အဆင်မပြေဘူးလေ” ဟု ဦးလှသိန်းက ပြောသည်။

ယခုပညာသင်နှစ်တွင် ရခိုင် ပြည်နယ်အတွင်းရှိ အထက်တန်း ကျောင်း ၂၁ ကျောင်း၊ အထက် တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၈၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅၇ ကျောင်း၊ မူလတန်းလွန် ၇၁ ကျောင်း၊ မူလတန်းကျောင်း ၂ဝ နှင့် မူလတန်းကျောင်းခွဲ ၂၇ ကျောင်းတို့ကို အဆင့်တိုးမြှင့်လိုက် ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ စာသင်ကျောင်း များကို အဆင့် တိုးမြှင့်ပေးရာတွင် အထက်တန်းခွဲမှ အထက်တန်းသို့ တိုးမြှင့်ပါက ဆရာ ဆရာမ ၁၂ ဦး၊ အလယ်တန်းမှ အထက် တန်း သို့ တိုးမြှင့်ပေးပါက ဆရာ၊ ဆရာမ ၈ ဦး၊ မူလတန်းလွန်မှ အလယ်တန်းသို့ တိုးမြှင့်ပေးပါက ဆရာမ ဆရာမ ၇ ဦး စသဖြင့်တိုးမြှင့်ခန့်ထားပေးရမည်ဟု ပညာရေးဌာနက သတ်မှတ်ထားသည်။ ရခိုင်တစ်ပြည်နယ်လုံးတွင် အခြေခံပညာ စာသင်ကျောင်း ပေါင်း ၃၂၈ဝ ရှိပြီး ဆရာ၊ ဆရာမ ဦးရေ ၂၄၉၇၉ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*