”ယာဉ်ကြောတွေက ကျပ်တည်းမှုတွေမရှိဘူးလို့တော့ပြောလို့မရပါဘူး။ အရင်ကထက်တော့ နည်းနည်းလျော့လာပါတယ်။ စည်းကမ်းကောင်းလာပြီးတော့မှ နောက်ပိုင်းမှာ စည်းကမ်းပိုင်း နည်းနည်းလျော့လာပါတယ်”

”ယာဉ်ကြောတွေက ကျပ်တည်းမှုတွေမရှိဘူးလို့တော့ပြောလို့မရပါဘူး။ အရင်ကထက်တော့ နည်းနည်းလျော့လာပါတယ်။ စည်းကမ်းကောင်းလာပြီးတော့မှ နောက်ပိုင်းမှာ စည်းကမ်းပိုင်း နည်းနည်းလျော့လာပါတယ်”
February 8, 2017 Asian Fame

11:22 am
”ယာဉ်ကြောတွေက ကျပ်တည်းမှုတွေမရှိဘူးလို့တော့ပြောလို့မရပါဘူး။ အရင်ကထက်တော့ နည်းနည်းလျော့လာပါတယ်။ စည်းကမ်းကောင်းလာပြီးတော့မှ နောက်ပိုင်းမှာ စည်းကမ်းပိုင်း နည်းနည်းလျော့လာပါတယ်”

ybs per

နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် မထသကိုဖျက်သိမ်း၍ ရန်ကုန်ဘတ်စ်ကားစနစ်သစ်ဖြစ်သည့် YBS ကို စတင် အကောင်အထည်ဖော်ခဲ့သည်မှာ ရက်သတ္တသုံးပတ်မျှကြာမြင့်လာခဲ့လေပြီ။ သို့ရာတွင် YBS သည် စကတည်းက ယဉ်သကိုဆိုသည့်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတို့က မည်သို့ပင် ကြိုးစားစီစဉ်ထားသည်ဟုဆိုစေကာမူ ပြဿနာအဝဝဖြင့် စတင်ခဲ့လေသည်။ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ၊ အခမဲ့ယာဉ်များ စသည်ဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ ကြသော်လည်း ယနေ့ထက်တိုင် စင်းလုံးချောအဆင်ပြေသွားပြီဟူ၍ မဆိုနိုင်သေး။ ပိုကျပ်၊ ပိုကြာ၊ ပိုကုန် သံသရာ ထဲဝယ် တဝဲလည်လည်ရှိနေဆဲပင်ဟုဆိုနေကြသေးသည်။ ထို့ကြောင့် ရက်သတ္တသုံးပတ်သား YBS နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏အမြင်များကို တင်ပြလိုက်ရပါသည်။

ဒေါက်တာမောင်အောင်
(အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ )

ကားတွေ ကျပ်တာကတော့ သိသိသာတော့ မလျော့သွားပါဘူး။ တချို့ပြဿနာတွေကတော့ လူမရှိတဲ့အချိန်ဆိုရင် မဆွဲချင်ကြပါဘူး။ အဲဒီပြဿနာတော့ ရှိပါတယ်။ ည ပိုင်းကို မဆွဲချင်ကြပါဘူး။ တချို့တွေက ကား တွေ ပြိုင်မောင်းလာတာတွေလည်း တွေ့ရပါတယ်။ အဲဒါတွေကို စည်းကမ်းပိုင်းတွေကို လိုက်နာဖို့အတွက် ယာဉ်လိုင်းတွေအလိုက် စိစစ်ဆောင်ရွက်နေပါတယ်။ စည်းမျဉ်းစည်းကမ်းမလိုက်နာရင် ယာဉ်လိုင်းကုမ္ပဏီတွေကို နောက်ပိုင်းတွေမှာ အရေးယူဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ အတိမ်အနက်ပေါ် မူတည်ပြီး ဆောင်ရွက်ပါတယ်။ တကယ်ကို ပြစ်မှုကျူးလွန်တယ်၊ ပြည်သူတွေကို ရိုင်းပျစွာဆက်ဆံတယ်ဆိုရင် ချက်ချင်း အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ နောက် ပြီးတော့ လမ်းတွေမှာ စနစ်တကျမမောင်းဘဲ လမ်းပြောင်းပြန်မောင်းမှုတွေလည်း ရှိပါ တယ်။ အဲဒါကိုလည်း သူတို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကတစ်ဆင့် စနစ်တကျမောင်း နှင်ခိုင်းတယ်။ နောက်ပြီး အရေးယူမှုတွေကို ပါ လုပ်ခိုင်းပါတယ်။ ဒါ့ပြင် နောက်ပိုင်းမှာ ကားအသစ်တွေ လုပ်ဆောင်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ အချို့လိုင်းတွေက ကားတွေက အဟောင်းတွေ ဖြစ်ပါတယ်။ ဒါတွေကိုပါ အသစ်တွေကို ပြောင်းလဲ ပြေးဆွဲဖို့ကို လုပ်ဆောင်နေပါတယ်။ ယာဉ်ကြောတွေက ကျပ်တည်းမှုတွေ မရှိဘူးလို့ တော့ ပြောလို့မရပါဘူး။ အရင်ကထက်နည်း နည်းတော့ လျော့လာပါတယ်။ နောက်ပြီး တော့ အရင်ကထက် စည်းကမ်းကောင်းလာ ပြီးတော့မှ နောက်ပိုင်းမှာ စည်းကမ်းပိုင်း နည်းနည်း လျော့နည်းလာပါတယ်။ စည်းမျဉ်း စည်းကမ်းတွေကို စနစ်တကျလိုက်နာအောင် ဆောင်ရွက်ပါတယ်။ လိုက်နာမှုမရှိရင်လည်း အရေးယူမှုတွေနဲ့ ဆောင်ရွက်ပါတယ်။

YBS သုံးပတ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အင်တာနက်ကနေ တစ်ရက်ခန့် စစ်တမ်းကောက်ယူခဲ့လို့ ဏသစကူမေ နြတျ စာဖတ်ပရိသတ်တွေက ဖြေကြားပေးကြတာတွေအရ လုံးဝအဆင်မပြေဘူးလို့ဖြေကြားသူ ၄၇ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ယခင်အတိုင်းထားမည်မှာ ဝ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မထသကို မလိုတော့ဘူးလို့ပေါ်လွင်ပါတယ်။ အဆင်ပြေတဲ့ ရာခိုင်နှုန်းလည်း ၈ ဒသမ ၂ ရာခိုင်နှုန်းပဲရှိတဲ့အတွက် အလွန်နည်းပါတယ်။ ပြင်ဆင်လိုက်ရင် အဆင်ပြေမယ်လို့ မျှော်လင့်တဲ့ အရေအတွက်က ၃ဝ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။

YBS သုံးပတ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အင်တာနက်ကနေ တစ်ရက်ခန့် စစ်တမ်းကောက်ယူခဲ့လို့ ဏသစကူမေ နြတျ စာဖတ်ပရိသတ်တွေက ဖြေကြားပေးကြတာတွေအရ လုံးဝအဆင်မပြေဘူးလို့ဖြေကြားသူ ၄၇ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ယခင်အတိုင်းထားမည်မှာ ဝ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မထသကို မလိုတော့ဘူးလို့ပေါ်လွင်ပါတယ်။ အဆင်ပြေတဲ့ ရာခိုင်နှုန်းလည်း ၈ ဒသမ ၂ ရာခိုင်နှုန်းပဲရှိတဲ့အတွက် အလွန်နည်းပါတယ်။ ပြင်ဆင်လိုက်ရင် အဆင်ပြေမယ်လို့ မျှော်လင့်တဲ့ အရေအတွက်က ၃ဝ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။

ရဲမှူးကြီး(ယာယီ)မျိုးအောင်မြင့် (ရန်ကုန်တိုင်းဒေသကြီး အမှတ်-၇ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး)

အရင်က မထသစနစ်မှာက ယာဉ်လိုင်း တွေဟာ ပြိုင်ဆိုင်မောင်းတာတွေရှိပါတယ်။ အဲဒီလို ပြိုင်ပြီးတော့ မောင်းတယ်။ ရှေ့အစီး နောက်အစီး ကျော်တက်မောင်းနှင်မှုတွေ ကြောင့် ယာဉ်တိုက်မှုတွေ ပိုပြီးတော့ ဖြစ်ပါ တယ်။ စည်းကမ်းလိုက်နာမှုတွေလည်း မရှိပါဘူး။ အခုလို အများပိုင် ပြောင်းလဲပြေးဆွဲ တဲ့အပိုင်းမှာတော့ ဒီယာဉ်လိုင်းတွေက ယာဉ် မောင်းတွေ စည်းကမ်းလိုက်နာမှု အားကောင်း လာတာကို တွေ့ရပါတယ်။ တစ်စီးပြီးမှတစ်စီး ထွက်တာတွေ တွေ့လာရပါတယ်။ ကျော်မောင်းတာတွေ၊ အပြိုင်အဆိုင်မောင်းတာတွေလည်း ယခင်ကလောက် မတွေ့ရှိရပါဘူး။ ဒါပေမယ့် အစိုးရကနေ အများပိုင်စနစ်မှာ လုံလုံလောက်လောက် မလုပ်ဆောင်နိုင်ရတာတွေ၊ မော်တော်ယာဉ်လုံလောက်မှု မရှိသေးတာတွေ၊ ဒါတွေကြောင့် ပြေးဆွဲတဲ့အပိုင်းမှာတော့ လုံလောက်မှုမရှိသေးပါဘူး။ ကျွန် တော်တို့အနေနဲ့က ကိုယ်ပိုင်ယာဉ်တွေထက်စာရင် အများပိုင်ယာဉ်လိုင်းတွေကို ထိန်းသိမ်း ဆောင်ရွက်တဲ့အပိုင်းက ပိုမိုစည်းကမ်းရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဘာလို့လဲဆိုတော့ အများပိုင်ယာဉ်လိုင်းတွေကို ဦးစားပေးဆောင် ရွက်မှသာ ပြည်သူတွေပိုမို အဆင်ပြေစေဖို့ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလိုက်တဲ့ယာဉ် လိုင်းစနစ်မှာ ယာဉ်လိုင်းတွေဟာ မြို့တွင်း မှာတော့ သိသိသာသာလျော့နည်းလာတာ ကို တွေ့ရပါတယ်။ တခြားတခြားသော မြို့ ပြင်တွေမှာတော့ ဖြတ်သန်းသွားလာတဲ့ကားတွေ များတယ်။ နောက်ပြီး ပြည်သူအနေနဲ့ကလည်း ယခင် မထသစနစ်လို အသုံးပြုနေရ တာတွေကြောင့် ကျန်တဲ့မြို့တွေမှာ ယာဉ်ရှုပ် ထွေးမှုကို သိသိသာသာ မလျော့ဘူးဆိုရင် တောင်မှ စည်းကမ်းတွေလိုက်နာမှုကြောင့် ယခင်မထသထက်စာရင်တော့ အနည်းအ ငယ်လျော့ကျသွားပါတယ်။ စည်းကမ်းဖောက် ဖျက်မှုတွေ ရှိရင်တော့ ယခင်မော်တော်ယာဉ် နည်းဥပဒေအတိုင်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပါတယ်။

ဒါရိုက်တာ ကိုတရုတ်လေး
(Power Eleven အများပိုင် ကုမ္ပဏီလီမိတက်)

လက်ရှိအနေအထား YBS ယာဉ်လိုင်းတွေ စည်းကမ်းလိုက်နာမှုတွေကိုတော့ ကျေနပ်အားရမှုတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ လေ့လာတွေ့ရှိရသလောက်တော့ လိုအပ် ချက်တွေ အများကြီးရှိနေပါသေးတယ်။ ပြော မယ်ဆိုရင်တော့ အခုပြောင်းလဲလိုက်တဲ့ အများပိုင်စနစ်ကို မကျင့်သုံးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မကျင့်သုံးနိုင်တဲ့အတွက်ကြောင့် အရင်ကစနစ်လိုပဲ ပြန်ဖြစ်ပါတယ်။ ဘာတွေ ဖြစ်လာမလဲဆိုတော့ အလုအယက်မောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီစနစ်ကို မသိနားမလည်တာတွေလည်းပါပါတယ်။ ပုဂ္ဂလိက လုပ်ဆောင်တာမျိုးတွေ တွေ့လာရပါတယ်။ အခုလိုမျိုးတွေ လုပ်နေကြတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ကလည်း ငွေရဖို့အတွက်ကို ယခင်ကလိုပဲ ငွေရဖို့အတွက်ပဲ လုပ်ဆောင်လာကြမှာဖြစ် တယ်။ အဲဒီလို လုပ်ဆောင်ကြတဲ့အတွက် ကြောင့် အရင်လိုပဲ စနစ်ကပြန်ဖြစ်သွားမှာ ဖြစ်တယ်။ ပြောင်းလဲမှုတွေလည်း မရှိလာနိုင်ပါဘူး။ အရင်စနစ်အတိုင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ လေ့လာကြည့်သလောက်က တော့ စပြီးပြေးဆွဲတဲ့ ပထမပတ်လောက်မှာပဲ ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာမှုရှိတာ ကို တွေ့ရပါတယ်။ နောက်ပိုင်း နှစ်ပတ်သုံးပတ် ကြာလာတဲ့အခါမှာတော့ အရင်စနစ်အတိုင်း ပြန်သွားနေတာတွေကို တွေ့ရပါတယ်။ ဒီ လိုပဲသွားမယ်ဆိုရင်တော့ ပြောင်းလဲမှုမရှိပါဘူး။ လက်ရှိပြေးဆွဲတဲ့စနစ်မှာ စနစ်တကျလိုက်နာ ဆောင်ရွက်မယ်ဆိုရင် ပြောင်းလဲမှု တွေရှိလာမှာဖြစ်တယ်။ ယာဉ်ကြောတွေလည်း သိသိသာသာ လျော့နည်းသွားမှာဖြစ်တယ်။ တချို့ယာဉ်လိုင်းတွေက စနစ်တကျလုပ်ဆောင် တာရှိပါတယ်။ သူတို့တွေပဲ လုပ်ဆောင်နေ လို့ကတော့ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။အားလုံးက ပြောင်းလဲပြီး စနစ်တကျပြေးဆွဲ မှသာ အောင်မြင်မှာဖြစ်တယ်။ အခုပုံစံအတိုင်းဆိုရင်တော့ အရင်စနစ်အတိုင်းပြန်ဖြစ် နေမှာဖြစ်ပါတယ်။

ဒေါက်တာစိုးထွန်း
(ဥက္ကဋ္ဌ၊ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း)

မထသကနေ YBS စနစ်ကို ပြောင်းတာ ကောင်းတယ်။ ဒါပေမယ့်လည်းပဲ ရုတ်တရက်ပြောင်းလဲပြီး လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အများရဲ့ထောက်ပြစရာဖြစ်သွား တယ်။ ဒါက ပထမတစ်ချက်ပါ။ ဒုတိယတစ် ချက်ကတော့ ယာဉ်လိုင်းတွေနဲ့ ပတ်သက်လို့ အစိုးရဟာ ကြိုတင်ညှိနှိုင်းခြင်း မရှိတာကိုတွေ့ရတယ်။ ဒါကလည်း အလွတ်ပြောတာမဟုတ် ပါဘူး။ လက်ရှိကြုံတွေ့နေရတဲ့ အကျိုးအမြတ် ခွဲဝေရေး မကျေလည်မှုတွေကို ကြည့်ပြီး ပြောတာပါ။ နောက်တစ်ခု လမ်းကြောင်းဆွဲတာ။ အချို့သောလမ်းကြောင်းတွေဟာ အဆင်မပြေဘူး။ ဒီလိုအသံတွေလည်း ထွက်တယ်။ ဒါ့ကြောင့် ပြောင်းလဲမှုဟာ ကောင်းပြီး လိုအပ်ချက်တွေရှိနေတယ်လို့ ပြောချင်တယ်။

ဦးသိန်းနိုင်
(ဒဂုံမြို့သစ်တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော့် မဲဆန္ဒရှင်ပြည်သူတွေကတော့ ပြောကြတယ်ဗျ။ အဆင်ပြေတယ်လို့။ တချို့ အဆင်မပြေဘူး ပြောနေကြတာကလည်း အခိုက်အတန့်ပါပဲ။ နောက်တော့ အဆင်ပြေ သွားမှာပါ။ ဒါပေမယ့်လို့ ကားတွေက အရင် လိုပဲ ပြိုင်မောင်းနေတယ်လို့တော့ ကျွန်တော့်ဆီ သတင်းပေးကြတယ်။ ကျွန်တော်ကတော့ YBS ကား မစီးဖူးသေးဘူး။ ယာဉ်ကြောပိတ်ဆို့မှုပိုင်းကို ပြောရရင်တော့ အရင်တုန်းကလောက် မဆိုးတော့ဘူး။

ဦးနေလင်းအောင်
(တိုင်းလွှတ်တော်ကိုယ်စားလှယ်
သန်လျင် မဲဆန္ဒနယ် အမှတ်-၁)

ကျွန်တော့်မဲဆန္ဒနယ်က ပြည်သူတွေက ပြောကြတယ်ဗျ။ ယာဉ်လိုင်းတွေက အရင်လိုပဲ မပြောင်းလဲသေးဘူး။ တစ်ခါတလေ ဂိတ်အဆုံးထိ မပို့တာတို့၊ ပိုက်ဆံပိုတောင်း တာတို့ လုပ်ကြတယ်လို့ ပြောကြတယ်။ နောက်ပြောတာကတော့ ရုံးတက်ရုံးဆင်းချိန် ကားတွေကျပ်တယ်။ လမ်း ၅ဝ ကနေ မြို့ထဲ လာတဲ့အခါမှာလည်း ကားလေးတွေများ တော့ တော်တော်ကျပ်တယ်လို့ ပြောတယ်။ ယာဉ်ကြောပိတ်ဆို့မှုကတော့ ပိုပြီးလျော့ကျသွားတယ်လို့ သိပ်မရှိပါဘူး။

ဦးရန်အောင်
(တိုင်းလွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ်-၂)

YBS နဲ့ပတ်သက်ပြီး ခံစားမှုကို ပြောပါဆိုရင် စိတ်ထဲ မသက်မသာခံစားနေရတယ်လို့ ရှင်းရှင်းလင်းလင်းပြောရပါမယ်။ ဒါအမှန်အတိုင်းပဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စား လှယ်တွေတောင်မှ နီးမှ သိတယ်။ ပြည်သူဆို ပြောမနေတော့နဲ့ဗျာ။ ပြောင်းလဲမှုက ကောင်း ပါတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေ လွဲနေတယ်။ အချို့ကိစ္စတွေမှာပေါ့လေ။ အရာအားလုံးတော့ မဟုတ်ပါဘူး။ အစိုးရထက် လွှတ်တော်ကိုယ်စားလှယ်တွေက ပိုသိတာတွေ ရှိပါတယ်။ ပန်ကာအောက်မှာ ထိုင်ပြီး လမ်းကြောင်းဆွဲလို့တော့ မရဘူးလေ။ အဖြေကတော့ မှတ်တိုင်တွေ တလွဲ ဖြစ်နေတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အစိုးရအပေါ် အခြေအနေတွေ ပေးနေရဲ့ သားနဲ့ ဘာလို့အကောင်းဆုံးမလုပ်တာလဲ မေးချင်တယ်။ အချိန်တွေ အများကြီးရနေတာပဲဗျာ။ အစိုးရဘက်မှာလည်း ဝန်းရံနေတဲ့ လူဟောင်းတွေရှိတယ်ဗျ။ သူတို့ပေးတဲ့အချက် အလက်တွေ အစိုးရက ယုံယုံကြည်ကြည်ယူ သုံးနေတာပဲ။ အဲဒီမှာ စပြီး လွဲတော့တာပဲ။ ကွင်းဆင်းပြီး လုပ်ရမှာလေ။လွှတ်တော်ကိုယ်
စားလှယ်တွေကို ပူးပေါင်းဖို့သာ ဖိတ်ခေါ်ရင် ဒီ့ထက်ပိုပြီး သပ်သပ်ရပ်ရပ်သားနားသွားမယ်။ အခု အစိုးရလုပ်တဲ့ YBS စနစ်ဟာ လုံးဝကိုမကောင်းဘူး။ အရာအားလုံး လွဲချော် နေတယ်လို့ ကျွန်တော် မပြောဘူးနော်။ အ ချို့နေရာတွေမှာ အဆင်ပြေတယ်၊ အချို့နေ ရာတွေမှာ အဆင်မပြေဘူး။ အစပိုင်းကာ လတွေလို သည်းခံကြပါဦး၊ စောင့်ကြပါဦးလို့ ပြောရမယ့်အချိန် မဟုတ်တော့ဘူး၊ ခုချိန်က။ ဒီစနစ်ကြီးကို အောင်မြင်ချင်လွန်းလို့ အားလုံးက ဝိုင်းဝန်းကူညီခဲ့ကြတာဗျ။ တက္ကစီ သမားကအစ၊ လူငယ်လေးတွေက အဆုံး။ ခုပြောချင်တာက အစိုးရအနေနဲ့ လိုအပ်ချက်တွေကို မြန်မြန်ဆန်ဆန် အဖြေရှာဖို့ရယ်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပဲလို တော့တယ်။ မဟုတ်ရင်တော့ ရေရှည်မှာ သူတို့က သည်းခံကြမှာ မဟုတ်ဘူး။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*