ကိုစိုးလှိုင်ဦး နှင့် တွေ့ဆုံခြင်း

ကိုစိုးလှိုင်ဦး နှင့် တွေ့ဆုံခြင်း
February 8, 2017 Asian Fame

2:28 pm
ကိုစိုးလှိုင်ဦး နှင့် တွေ့ဆုံခြင်း

SoeHlaingOoကိုစိုးလှိုင်ဦးနှင့် သရုပ်ဆောင် ရတနာခင်တို့ မိသားစုက အခြေခံ လူတန်းစားနှင့် လစာနည်းမိသားစု များအတွက် ရည်ရွယ်ကာ ‘ရွှေ’ (စားဖွယ်စုံနှင့် ကဖီး) ကို ဖေဖော် ဝါရီ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆိုင်တွင် လာရောက် စားသုံးသူ များသည် ထမင်းနှင့်အတူ အသား ဟင်းတစ်ခွက်၊ အသီးအရွက်ကြော် တစ်ခွက်၊ ချဉ်ရေဟင်း ငါးပိတို့စရာ များကို ကျပ်ငါးရာဖြင့် စားသုံးနိုင် မည်ဖြစ်သည်။ ၄င်းဆိုင်ကို သရုပ် ဆောင် ရတနာခင်၏ ခင်ပွန်း ကိုစိုး လှိုင်ဦး၏ စိတ်ကူးဖြင့် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ရာ ကိုစိုးလှိုင်ဦးနှင့် တွေ့ဆုံ ၍ ရွှေစားဖွယ်စုံ နှင့် ကဖီးအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

တစ်ခါပြင် ကျပ်ငါးရာ ထမင်းဆိုင် ဖွင့်တဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး သိပါရစေရှင့်။

ဒီဝန်ထမ်း သက်သာ ထမင်း ဆိုင် တစ်ခါပြင် ကျပ်ငါးရာ ‘ရွှေ’ (စားဖွယ်စုံနဲ့ကဖီး) ဆိုင်ကိုဖွင့်ရတဲ့ စိတ်ကူး ရည်ရွယ်ချက် ကတော့ အခြေခံ လူတန်းစားတွေ၊ လခနည်း တဲ့ ဝန်ထမ်းတွေ အတွက်ပါ။ အခြေခံ လူတန်းစားတွေ အတွက် အပိုဝင်ငွေလေး ထွက်လာအောင်၊ နောက်တစ်ခုက ဈေးနှုန်းသက် သက်သာသာနဲ့ အာဟာရ ပြည့်ပြည့် စားသုံးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး တော့ ဒီဆိုင်ကိုဖွင့်တာပါ။

ကုန်ဈေးနှုန်းတွေ မြင့်တက်နေချိန် မှာ ဒီလိုဖွင့်မယ် ဆိုတော့ အစ်ကိုတို့ အနေနဲ့ စီးပွားရေး အရအမြတ် အစွန်းက အဆင်ပြေမယ်လို့ ယုံကြည် ပါသလား။

စီးပွားရေး အတွက်ကတော့ ဘယ်လိုအတိုင်းမှ ကိုက်တယ် ဆို တာ မူတည်တယ်ပေါ့။ စားသုံးသူ များမယ် အရေအတွက် များများ ရောင်းရရင်တော့ မရှုံးဖို့ များပါတယ်။ အရေအတွက် များများ မရောင်းရ ရင်တော့ ရှုံးသွားနိုင်တယ်လေ။ ဒါပေမယ့် ရှုံးမယ်ဆိုပြီး တွေးကြောက် နေမယ်ဆိုရင် လုပ်လို့ရမှာ မဟုတ် ဘူး။ လုပ်ဖြစ်မှာလည်း မဟုတ်ဘူး။ ဒီလိုဝန်ထမ်း သက်သာဆိုင်လေး လည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ မိသား စုလေး ဒီဆိုင်ကို ဘာမှကို မကြည့်ဘဲ ဖွင့်လိုက်တယ်။

ဖွင့်ပြီး တစ်ရက်နှစ်ရက် အတွင်းမှာ စားသုံးသူရဲ့ တုံ့ပြန်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။

အခုဖွင့်တာ တစ်ရက်နှစ်ရက် ပဲ ရှိသေးတယ်။ စိတ်ဝင်စားမှုများ တာတွေ့ရတော့ ကျွန်တော်တို့ လည်ပတ်နိုင်ပြီ ဆိုတာနဲ့ အဆင်ပြေ ပြီဆိုတာနဲ့ နောက်တစ်ဆိုင်ကို အမြန် ဆုံး ထပ်တိုးချဲ့ဖို့ အဆင်သင့်ပါပဲ။ တိုးချဲ့မှာပါ။ အစီအစဉ် ရှိပြီးသားပါ။

ဒီဆိုင်ကို ဖွင့်ဖို့ အချိန် ဘယ်လောက် ထိယူပြီးတော့ လုပ်ခဲ့ရပါသလဲရှင့်။

အချိန် တော်တော် ကြာကြာ ယူရပါတယ်။ ဒီလိုဖွင့်ဖို့စဉ်းစား ထားတာလည်း ကြာပြီ။ ကျွန်တော် ကလုပ်မယ် ဆိုရင် အားလုံးထောင့် စုံကနေ ပြည့်စုံမှ လုပ်မယ်ဆိုပြီး အခု ကျွန်တော်တို့ ရွှေစားဖွယ်စုံနှင့် ကဖီး Facebook Page မှာ တင် ထားတဲ့ ဇယားကို အရင်ဆုံး လေ့လာ ရေးဆွဲပြီးမှ ဖွင့်ခဲ့တာပါ။

ဇယားနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းပြပေးစေချင်ပါတယ်။

ဒီဇယား အသေးစိတ်မှာ လူဦး ရေသန်း ၅ဝ ကျော်မှာ အလုပ်လုပ် သူဦးရေ ၁ဝ သန်းကျော်၊ တစ်ဦး မှာ ထမင်း တစ်နပ်ကို ၅ဝဝ ကျပ် သက်သာမယ် ဆိုရင် တစ်ရက်မှာ ထမင်းနှစ်နှပ်ကို ၁ဝဝဝ ကျပ်သက် သာမယ်။ တစ်လမှာ ၃ဝဝဝဝ ကျပ် သက်သာပါမယ်။ တစ်ဦးမှာ ၃ဝဝဝဝ ကျပ်နှုန်း နဲ့ အလုပ် လုပ် သူဦးရေ ၁ဝ သန်း ဆိုရင် ကျပ် သန်းပေါင်း ၃ သိန်း အပိုထွက် လာမယ်။ တစ်လမှာ ဆိုရင် ကျပ် (၃ဝဝ ဘီလျံကျပ်) ထွက်လာမယ်။ ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်တစ် ဆိုင်ဖွင့်မယ် ဆို ဆိုင်ငှားခတစ်လ ကို ၅ သိန်းဝန်းကျင် ဆိုရင် ကုန်စုံ ဆိုင်တစ်ဆိုင် မှာ ဝန်ထမ်း တစ်ဦး၊ တစ်သိန်းခွဲ နှုန်းနဲ့ သုံးဦးအတွက် ငါးသိန်း ဝန်းကျင် စုစုပေါင်း ၁ဝ သိန်းဝန်းကျင် ရှိတယ်။ အဲဒီလိုမှာ တစ်လမှာ ၃ဝဝ ဘီလျံ ကျပ်သည် ကုန်စုံဆိုင်ပေါင်း ၃ သိန်းကို ထောက်ပံ့ ပေးနိုင်မယ်။ တစ်ဆိုင်ကို ဝန်ထမ်း သုံးဦးနဲ့တွက်ရင် ဝန်ထမ်း ပေါင်း ၉ သန်း အလုပ်ရနိုင်တယ်။ ကုန်စုံဆိုင် ဆိုတာက ကုန်ပစ္စည်း တစ်မျိုးသာမက ရောင်းချတဲ့ ဆိုင်မျိုး ကို ဥပမာပေးထားတာပါ။ ပြီး တော့ကုန်စုံဆိုင် ရောင်းရင် လိုအပ် တဲ့ပစ္စည်းကို အိမ်တွင်းစက်မှု လက်မှု အသေးစား၊ အလတ်စား၊ အကြီးစား၊ စက်ရုံ၊ အလုပ်ရုံတွေ က မှာယူရမှာဖြစ်တဲ့ အတွက် အဲဒီ လုပ်ငန်းတွေလည်း အလုပ် ရရှိမယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့် အလမ်းတွေ အမြောက်အမြား ပေါ် ပေါက်လာမယ်။ စက်ရုံ၊ အလုပ်ရုံ များမှာလိုအပ်တဲ့ ကုန်ကြမ်းတွေကို လည်း တောင်သူ လယ်သမားများ ထံမှာ မှာယူရမယ်လေ။ အဲဒီတော့ တောင်သူဦးကြီး များအတွက် များ စွာ အထောက်အကူဖြစ်တဲ့ အတွက် လယ်ရောင်းစားစရာ မလိုတော့ ဘူး။ ကုန်စုံဆိုင်တွေ အလုပ်ဖြစ် တာကို အလုပ် လုပ်ကိုင်သူ အသေးစား၊ အလတ်စား လုပ်ငန်း ရှင်တွေမြင်ရင် သူတို့လည်း အတု ယူပြီး အလားတူ ဆိုင်တွေ ဖွင့်လာ မယ်။ ဆိုင်တွေဖွင့်မယ် ဆိုရင် နေရာ ဆိုင်ခန်းတွေကို ငှားရမ်းဝယ်ယူ ရမယ်။ အဲဒီ အတွက်ကြောင့် အိမ်၊ ခြံ၊ မြေလုပ်ငန်း များလည်း ပြန်လည် ကောင်းမွန် လာနိုင်တယ်။ အိမ်၊ ခြံ၊ မြေ ပြန်လည် ကောင်းမွန်လာရင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန် လာမှာဖြစ်တဲ့ အတွက် ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ လိုအပ်တဲ့ ငွေကြေးတွေကို ဘဏ်လုပ်ငန်းတွေ ကနေ အထောက် အကူယူရင် ဘဏ် လုပ်ငန်းတွေ လည်း လုပ်ငန်းကောင်းလာမယ်။ အသေးစား၊ အလတ်စား၊ အကြီး စားလုပ်ငန်းတွေ ကောင်းမွန် အောင်မြင် လာမယ် ဆိုရင် အစိုးရ အခွန်ကောက်တဲ့အခါ လွယ်ကူ လာမယ်။

ဒီဇယား နဲ့ပတ်သက်ပြီး အစ်ကို ထမင်းဆိုင်ဖွင့်ဖို့ အတွက်ပဲ ရည် ရွယ်ပြီး လေ့လာခဲ့တာလား။

ကျွန်တော် ဒီလို သက်သာတဲ့ ထမင်းဆိုင်ကို ဘာကြောင့် ဖွင့်ရ သလဲ၊ ကျွန်တော် တိတိကျကျတွက် ပြနိုင်ဖို့ ဒါကို လေ့လာထားတာ ကြာပြီ။ အများကို ချပြသင့်၊ ချ မပြ သင့် စဉ်းစားလာတာ တစ်နှစ်နီးပါး ပါပဲ။ ပြောသင့်မပြောသင့်၊ ပြော မယ်မပြောဘူး ဆိုပြီး လွန်ဆွဲစဉ်း စားရာ ကနေ နောက်ဆုံးကျွန်တော် တွေးတယ်။ မပြောဘူး ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေး အခြေအနေ တစ်ခုကို လေ့လာပြီး တွက်ချက်ပြီးတော့မှ မပြောရင်၊ ဒီလိုမှ ဇယား ဆွဲပြီး မရှင်းပြဘူး ဆိုရင် ထင်သာမြင်သာ မြင်ကြမှာ မဟုတ်လောက်ဘူး။ စကားပဲ ပြော ပြနေရင် မပြီးသလို မထိရောက် လောက်ဘူး ဆိုပြီး ဒါလေးကိုနား လည်လွယ်အောင် အသေးစိတ်ဆွဲ ပြီးတော့ ကျွန်တော် ရှင်းပြတာပါ။ အားလုံး ကလည်း ကိုယ်လုပ်နိုင်မယ့် အပိုင်းမှာ ဒီထက် ပါဝင်လုပ် ဆောင်ကြမယ် ဆိုရင် နိုင်ငံ အတွက် အဆင်ပြေမယ် လို့ယုံတယ်။

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ယခုလက်ရှိ မြန်မာပြည် စီးပွားရေး အခြေအနေကို ဘယ်လို မြင်ပါသလဲ။

ကျွန်တော် ကိုယ်တိုင် စီးပွားရေး လုပ်ငန်းလုပ်တဲ့ လူတစ်ယောက် ဆိုတော့ ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ နိုင်ငံတိုင်း လိုလိုက စီးပွားရေး အခက်အခဲ နဲ့ကြုံတွေ့နေရတာပဲ လေ။ ကျွန်တော်က ဒီနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ အတွက် ဒီနိုင်ငံ အတွက် တစ်ဖက်တစ်လမ်းကနေ ဘယ်လို အရင်ဆုံး ကောင်းမွန် အောင် လုပ်ပေးနိုင်မလဲ။ နောက် တစ်ခုက ဒီနိုင်ငံက လုပ်သား ပြည် သူတွေရတဲ့လစာ အနေ အထားနဲ့ လုပ်ငန်းရှင်တွေ ပေးနိုင်တဲ့ အနေ အထားရယ် နှိုင်းယှဉ်ပြီးတော့ပြ တယ်။ လေ့လာတဲ့ အချိန်မှာ တွေ့ မြင်နေရတဲ့ စီးပွားရေး အခက်အခဲ တွေ စားဝတ်နေရေး အခက်အခဲ တွေကို နိုင်ငံတော်ကို ကူညီပြီး ဖြေ ရှင်းပေးနိုင်ဖို့ ဒီထက်ကောင်းတဲ့ အိုင်ဒီယာတွေ လည်း အခြားသူ တွေဆီမှာ ရှိမှာပဲလို့ ယုံကြည်တယ်။

ဒီဆိုင်အတွက် ဝန်ထမ်းအင်အား ဘယ်လောက် သုံးထားပါသလဲ။ နယ်ကနေ လာတာ များပါသလား။

ဝန်ထမ်း ၁၅ ယောက်ခန့် ထားတယ်။ အများစုကတော့ နယ်က များတယ်။ သူတို့အတွက် နေစား စရိတ်ငြိမ်း ပေးပါတယ်။ ဆိုင်လိပ်စာ ကတော့ တာမွေမြို့နယ်၊ ဗျိုင်း ရေအိုးစင် လမ်းထဲမှာပါ ခင်ဗျား။

ထူးထူးမေးမြန်းရေးသားသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*