ကချင်ပြည်နယ် ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကချင်ပြည်နယ် ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
January 25, 2017 Asian Fame

2:30 pm
ကချင်ပြည်နယ် ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

UZawThinကချင်ပြည်နယ် ဆိုသည်နှင့် ပြည်တွင်းစစ် ဖြစ်ပွားခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု အားနည်းနေသေးခြင်း၊ လမ်းပမ်း ဆက်သွယ်ရေး လို အပ်နေသေးခြင်း၊ တရား ဥပဒေစိုးမိုးမှု အားနည်း နေသေးခြင်း၊ ငြိမ်းချမ်းရေး မရရှိသေးသဖြင့် ဘာလုပ်လုပ် အကန့်အသတ်များ ရှိနေသေးခြင်း တို့ကို တွေးမိပေလိမ့်မည်။ ထို့ကြောင့် အဆိုပါ ကိစ္စအဝဝ တို့နှင့် ပတ်သက်၍ ဒုတိယအကြိမ် ကချင် ပြည်နယ် လွှတ်တော် က မည်သို့များဆောင် ရွက်နေပါသနည်း။ ကချင်ပြည်နယ် အစိုး ရ၊ ပြည်ထောင်စု အစိုးရတို့နှင့် အချိတ် အဆက်မိမိ ဟန်ချက် ညီညီ ဆောင် ရွက် နေပါ သလော။ ဒုတိယအကြိမ် ကချင် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးဇော်သင်းက ဖြေကြား ထားသည်တို့ကို ဖတ်ရှုကြည့်လျှင် သိပါ လိမ့်မည်။

ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ရဲ့  အခြေအနေ၊ ဆောင်ရွက်နေမှု အတိုင်း အတာ အဲဒါတွေ အပေါ် လွှတ်တော် ကိုယ် စားလှယ် တစ်ဦး အနေနဲ့ ဘယ်လိုတွေ့မြင် နေလဲ။ အားရ ကျေနပ်မှုတွေ ရှိပါသလား။

ကျွန်တော် တို့ရဲ့ ဒုတိယအကြိမ် ကချင် ပြည်နယ်လွှတ်တော်က ပါတီစုံ လွှတ်တော်လို့ ပြောလို့ရတယ်။ ဘာ့ကြောင့် ကျွန်တော် အဲဒီ လို ပြောလဲ ဆိုရင် ကျွန်တော်တို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦး၊ ဒူးလေး ပါတီက ၂ ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီက ၃ ဦး၊ ပြည်ခိုင်ဖြိုးက ၇ ဦးရှိလို့ပဲ။ တပ်မတော် သားကိုယ်စားလှယ် ၁၃ ဦးသာပေါင်းရင် တော့ လွှတ်တော်ကိုယ်စားလှယ်တွေအား လုံးဟာ လွှတ်တော်ထဲမှာ မြိုင်မြိုင် ဆိုင်ဆိုင် ရှိနေကြတယ်၊ ညီညီညွတ်ညွတ်လည်း ရှိကြ တယ်။ ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် အားလုံး တိုင်တိုင်ပင်ပင် ဆောင်ရွက်နေကြ တယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့်၊ အဲ ဒါတွေကို တွေ့နေရခြင်း အားဖြင့် ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ်တော်ဟာ သူ လုပ်ရမယ့် အလုပ်ကို တာဝန်ကျေကျေ လုပ် နေတဲ့၊ လုပ်နိုင်တဲ့ လွှတ်တော်လို့ပဲ ပြောရ မယ်။ တစ်နှစ် သက်တမ်းရှိတော့မယ့် ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ်တော်ဟာ ခု ဆိုရင် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ပြင်ဆင်နေ တာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ ကချင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကိုလည်း ပြန်ပြင် ဆင်ဖို့လုပ်နေပါတယ်။ ဒါတင် မကသေးပါ ဘူး။ ဝန်ဆောင်မှု ဥပဒေတွေကိုလည်း ပြင် ဆင်ဖို့ လုပ်နေပါတယ်။ ဘာလို့ အဲဒီလိုလုပ် နေရလဲဆိုရင် အဓိကတော့ လုပ်ပိုင်ခွင့်ပါပဲ။ ရှေ့နောက် မညီဘူး။ ဒါတွေကို ပြန်ညှိတဲ့အ ပိုင်းပါ။ လွှတ်တော်ထဲ အခက်အခဲ ကတော့ သိပ်မရှိပါဘူး။

ဒါဆိုရင် ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ် တော်က လုံးဝ ချို့ယွင်းချက် မရှိ၊ အားနည်း ချက်မရှိတဲ့ လွှတ်တော်ဖြစ်နေ တာပေါ့။

ဒီလိုတော့ ပြောလို့မရဘူး။ နေရာတ ကာမှာ လိုအပ်ချက်တွေကတော့ ရှိနေတာပဲ လေ။ ကျွန်တော်တို့ ပြည်နယ်က ဖွံ့ဖြိုးတိုး တက်ဖို့ အများကြီး လိုနေသေးတဲ့ ပြည်နယ် ဖြစ်တယ်လေ။ လိုအပ်ချက်တွေ လည်း အ များကြီး ရှိနေတော့ ဒါတွေကို လွှတ်တော် ဘက်ပိုင်းက အကွက်စေ့၊ ထောင့်စေ့အောင် မလုပ်ပေးနိုင်သေးဘူး။ ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်က ဥပဒေ ပြဋ္ဌာန်းပေးခြင်း အပိုင်း နဲ့ပါ။ တစ်ဖက် မှာလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်က အကန့်အသတ် ရှိတယ်လေ။ ဒီတော့ ပြည်ထောင် စု အစိုးရအဖွဲ့နဲ့ ပြည် ထောင်စု အဆင့်ရှိ လွှတ်တော်တွေ လောက် တော့ ဘယ်သွက် လောက်တော့မလဲ။ ဥပမာ ဗျာ။ ပညာရေး၊ ကျန်းမာရေး အပိုင်းပေါ့။ ကျွန်တော်တို့ ပြည်နယ် လွှတ်တော် အဆင့်က မွမ်းမံ၊ ပြင်ဆင်၊ ထိန်းသိမ်း တာလောက်ပဲ ဘတ်ဂျက်ပေး လို့ရ မယ်။ အသစ် လုပ်တဲ့ဟာ တွေကိုတော့ ပေးလို့မရဘူး။ ဥပဒေ၊ နည်း ဥပဒေနဲ့ အညီ လုပ်ရတာပေါ့ဗျာ။

ပြည်နယ် အစိုးရ ရဲ့ လုပ်ရည်၊ ကိုင်ရည်တွေကို ရော အားရရဲ့လားဗျ။

ကျွန်တော် တို့ပြည်နယ်က မဖွံ့ဖြိုး မတိုး တက်တဲ့ပြည်နယ်။ ဒီတော့ လွှတ်တော်ကိုယ် စားလှယ်တွေက သူ့မြို့နယ်၊ ငါ့မြို့နယ် စသ ဖြင့်ပေါ့လေ။ လိုအပ်ချက် အပြိုင် အဆိုင် တောင်းကြတာပေါ့။ အစိုးရကလည်း ကိုယ့် မှာရှိတဲ့ ဘတ်ဂျက် နဲ့ သင့်တင့်လျောက်ပတ် စွာ လုပ်ပေး ရတော့ ပေးနိုင်တဲ့ နေရာ ရှိတယ်၊ မပေးနိုင်တဲ့ နေရာ ရှိတယ်။ ဒီလိုဆိုတော့ အချို့သော ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေ ကတော့  ပြည်နယ် အစိုးရကို သိပ် ပြီး သဘော မတွေ့ကြဘူးပေါ့။ ဒါကိုလည်း အပြစ်လို့ ဆိုလို့ မရဘူးလေ။ အားလုံးက တိုး တက်ချင်ကြတာကိုး ဒီတော့ ရှင်းရှင်းပြောရ ရင် ပြည်နယ် အစိုးရကို ကျွန်တော်ကိုယ်၌က ကိုပဲ အားရတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီလိုပဲ အားမရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

ဘယ်လို အပိုင်းတွေကို အားမရတာလဲ။

အချို့သော ကိစ္စတွေပေါ့ဗျာ။ ထင်သာ မြင်သာရှိတာကတော့ တင်ဒါ ကိစ္စရယ်၊ လေ လံပစ်တဲ့ကိစ္စရယ် ဒါတွေပါပဲ။ အကုန်လုံး တော့ မဟုတ်ဘူး ဗျ။ ကျွန်တော် ပြောတာက အချို့သော ကိစ္စတွေပေါ့။ ဒီအပိုင်းကိုလည်း ပြည်နယ်အစိုးရက ပြင်ဆင် သွားပြီးပါပြီ။ ကျွန်တော် ဒီလောက်ပဲ ပြောပါရစေ။

ကချင်ပြည်နယ် ရဲ့ ပြောင်းလဲမှုကို သိသိသာ သာ ခံစားရပြီလား၊ ပြောင်းလဲမှုကို စတွေ့ ပြီလား ခင်ဗျ။    

အမှန် အတိုင်း ပြောရရင်တော့ မပြောင်း လဲသေးဘူးဗျ။ ဒါပေမယ့် နောက်နှစ်တွေ နောက်နှစ်တွေဆိုရင် ပြောင်းလဲ သွားမယ်လို့ တော့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့က အခြားပြည်နယ်နဲ့ တိုင်းတွေ ကို လုပ်ရ ကိုင်ရတာ သိပ်မလွယ်ဘူး။ ဒါ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ပြည်နယ် အစိုးရကို မြင်ရတာ ပြောပြတာ နော်။ နယ်မြေမှ မအေးချမ်းတာဗျာ။ ဘယ် လိုမျိုး လုပ်ချင်တိုင်း လုပ်လို့ရမလဲ။ ပြီးတော့ အချို့သော အကြောင်းအရာတွေ လည်း ရှိ သေးတယ်ဗျ။ ဥပမာ ကျွန်တော် ပြောမယ်ဗျာ။ လွှယ်ဂျယ် ဘက် မှာပေါ့။ သူတို့က သူတို့ ဘက်ခြမ်းကို ကျောက်စီ နံရံကြီးတွေ ကာ ထားတယ်။ ဒီတော့ ကျွန်တော်တို့ ဘက်ကို ရေတွေ ထိုးတယ်။ ဒါနဲ့ ကျွန်တော် တို့လည်း ကာမယ်ပေါ့ဗျာ။ ဒါပေမယ့် တစ်ဖက်က လက်မခံတော့ မလုပ်ရဘူးဗျ။ နောက်ပြီး ရှိ သေးတယ်။ လမ်းပန်း ဆက် သွယ်ရေးပေါ့။ ကိုယ်တွေ ဘက်က လုပ်ချင်တယ်။ ဒါပေမယ့် အမည်းရောင်နယ်မြေ၊ လုံခြုံရေး စတာတွေ ကြောင့် မလုပ်ရပြန်ဘူး။ ဒါတွေ ရှိနေတော့ ဘယ်လို ပြောင်းလဲတော့မလဲ။ ဒါပေမယ့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာတော့ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ဖို့ တည်ဆောက်ရေး အပိုင်း တွေမှာ၊ ဘတ်ဂျက်တွေ အများကြီး ပိုချထား ပေးထားတယ်။ ဒီတော့ ဖွံ့ဖြိုး တိုးတက်မှု အရိပ်အယောင် လေးတွေ မကြာခင် စတွေ့ ရတော့မယ်လို့တော့ ယုံကြည်တယ်။

ကချင်ပြည်နယ် အစိုးရသစ် တက်ပြီး တရား ဥပဒေ စိုးမိုးမှု အပိုင်း ဘယ်လို ရှိနေလဲဗျ။

ပိုဆိုးလာတယ် လို့ မြင်တယ်။ မူးယစ်မှု တွေ သိသိသာသာ တိုးလာတယ်ဗျ။ ဘယ်လို ပဲလုပ်လုပ် မူးယစ်ကိစ္စက မပြိုလဲဘူး ဖြစ်နေ တယ်။ သက်သေ နဲ့ပြရရင် ကျွန်တော်တို့ ဗန်းမော်ပေါ့။ ဗန်းမော်ထောင်ဟာ အကျဉ်း သား ၈ဝဝ ပဲ ဆံ့တဲ့ ထောင် တစ်ထောင်ဖြစ် တယ်။  သို့ပေမယ့်လို့ အခု အကျဉ်းသား ၁၅ဝဝ ကျော်နဲ့ ပြည့်နှက် နေတယ်။ အဲဒီ အကျဉ်းသား တွေက ဘယ်အမှုနဲ့ ထောင်ကျ တယ်လို့ထင်လဲ။ မူးယစ်မှုတွေနဲ့ဗျ။ ဒါတွေ ကိုကြည့်ပြီး ကျွန်တော်ပြောတာ။ အခြား သောသာဓကတွေလည်း အများကြီးရှိသေး တယ်။

ကချင် ဝန်ကြီးချုပ်ရဲ့ လုပ်ရည် ကိုင်ရည်ကို တော့ ဘယ်လိုမြင်လဲ။

အခု ဝန်ကြီးချုပ်တွေထဲမှာ အရမ်းဟော့ နေတဲ့ ကွီးဖြိုး တို့လို၊ ဒေါက်တာ ဇော်မြင့်မောင် တို့လို စတဲ့ ဝန်ကြီးချုပ် တွေလောက်တော့ ကျွန်တော် အားမရဘူးဗျ။ သူ့ကို ပျော့တယ် လို့ မြင်တယ်။ သူတစ်ဦးတည်း ဆုံးဖြတ်ချက် နဲ့ မလုပ်ဘူး လို့လည်း ကြားရတယ်။ သူက ပြည် နယ် တစ်ဖွဲ့လုံးကိုခေါ်။ အစည်းအဝေး တွေလုပ်။ ပြီးမှ ဆုံးဖြတ်ချက် ချတာလို့ ကြား ရတယ်။ သွက်သွက် လက်လက်နဲ့ တစ် ယောက် တည်း အနေနဲ့ ချတဲ့ ဆုံးဖြတ်ချက် နည်းတယ်လို့တော့ မြင်တယ်။ သူလည်း သူလုပ်နိုင် သလောက် လုပ်နေတာ ဆိုတော့ အပြစ်တော့ သိပ်မပြောချင်ပါဘူး။

အကန့်အသတ်တွေ ရှိနေကြတဲ့ အတွက် မလုပ်နိုင်ကြတာလားဗျ။ အန်ကယ် ဘယ် လိုမြင်လဲ။

ကျွန်တော်တို့ ပြည်နယ်ရဲ့ အတားအ ဆီး၊ ပြည်နယ် လွှတ်တော် အတွက် အတားအ ဆီး ပြီးတော့ ပြည်နယ် အစိုးရ အတွက် အ တား အဆီးက တစ်ခုပဲ ရှိတယ်။ အဲဒါက ဘာ လဲဆိုတော့ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးမှ မရတာ။ ဘယ်လို လုပ်ချင်တိုင်း လုပ်လို့ရ မလဲ။ ရင်းနှီးမြှုပ်နှံချင်တဲ့ သူက မြှုပ်နှံချင်တာ တောင် ခွင့်ပြုပေးရမယ့် သူကလည်း ခွင့် မပြုရဲဘူး ဖြစ်နေတယ်။ အန္တရာယ် ရှိမှာစိုးလို့။ ဥပမာ ပြောမယ်ဗျာ။ ဝန်ကြီးချုပ်။ သူဆိုရင် သွားချင်တိုင်း သွားလို့ မရဘူး။ မြစ်ကြီးနား ကနေ ဗန်းမော်လမ်း ကို သူ ကားနဲ့ သွားလို့ မရဘူး။ လုံခြုံရေးရှိတယ်လေ။ ကျွန်တော်တို့ ကိုလည်း မသွားခိုင်းဘူး။ ကျွန်တော် ကတော့ ချတာပဲ သွားတာပဲ။ အဲဒီ အကန့်အသတ် တွေ မရှိတော့ရင်တော့ တိုးတက်သွားမှာပါ။

ငြိမ်းချမ်းရေး မရသေးမီစပ်ကြား ကချင်ပြည် နယ်အတွက် အရေးတကြီး လိုအပ်ချက်က ဘာများ ဖြစ်နိုင်မလဲ။

လမ်းပန်း ဆက်သွယ်ရေးဗျ။ ကျွန်တော် တို့ ဒါတွေကို အရေးတကြီး လိုတယ်။ လမ်း ပန်းဆက်သွယ်ရေး မကောင်းတော့ ဘာမှ ကို အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ် ရေးကောင်းရင်တော့ ပညာရေး၊ ကျန်းမာ ရေး အကုန်ကောင်းပြီဗျာ။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*