တောင်ကိုရီးယား သမ္မတ အသစ် ဇွန်လနှောင်းပိုင်းတွင် အိမ်ဖြူတော်သို့သွားမည်

တောင်ကိုရီးယား သမ္မတ အသစ် ဇွန်လနှောင်းပိုင်းတွင် အိမ်ဖြူတော်သို့သွားမည်
May 17, 2017 Asian Fame

10:38 am
တောင်ကိုရီးယား သမ္မတ အသစ် ဇွန်လနှောင်းပိုင်းတွင် အိမ်ဖြူတော်သို့သွားမည်
SouthKorea

အမေရိကန် ပြည်ထောင်စု အမျိုးသား လုံခြုံရေး ကောင်စီ အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး မတ် ပေါ့တင်းဂျားနှင့် လက်ဆွဲ နှုတ် ဆက်နေသော တောင်ကိုရီးယား သမ္မတ အသစ် မစ္စတာ မွန်ဂျေးအင်အား မေလ ၁၆ ရက်နေ့ ကတွေ့ရစဉ် (ဓာတ်ပုံ – အေပီ)

(ဆိုးလ်၊ မေ ၁၆)

တောင်ကိုရီးယားသမ္မတ အသစ် မစ္စတာ မွန်ဂျေးအင် သည် ဇွန်လနှောင်းပိုင်းခန့် တွင် အိမ်ဖြူတော်သို့ သွားရောက်၍ သမ္မတ ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ထိုသို့တွေ့ဆုံရာ တွင် မြောက်ကိုရီးယားတို့ နျူကလီးယား လက်နက်များ၊ ဒုံးပျံများ ဆက်လက်ပြုလုပ်နေခြင်းနှင့် တောင်ကိုရီးယားနိုင်ငံ လုံခြုံရေးကိစ္စရပ် တို့ကိုဆွေးနွေးသွာမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတရုံးမှ ထုတ်ပြန်ကြေညာသည်။

တောင်ကိုရီးယားနိုင်ငံ ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြံပေး ချွန်အိယွန်းနှင့် အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးကောင်စီ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မတ် ပေါ့တင်းဂျားတို့ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးမှုပြုရန် သဘော တူညီခဲ့ကြခြင်းဖြစ်ကြောင်း သမ္မတ ၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယွန်းယောင်ချန်ကပြောသည်။

လွန်ခဲ့သည် ရက်အနည်းငယ် က မြောက်ကိုရီးယားတို့ အင်အားပြင်း ဒုံးကျည်အသစ်တစ်ခုကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း တွင် တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

PN002
Ref: New South Korean leader to go to White House summit in June

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*