အေဂျင်စီ များက အာမခံ တင်ပြမှု မရှိသဖြင့် ထိုင်ဝမ်သို့ အလုပ်သမားပို့ခွင့်ပြုရန် ခက်ခဲနေ

အေဂျင်စီ များက အာမခံ တင်ပြမှု မရှိသဖြင့် ထိုင်ဝမ်သို့ အလုပ်သမားပို့ခွင့်ပြုရန် ခက်ခဲနေ
January 6, 2017 Asian Fame

12:08 pm
အေဂျင်စီ များက အာမခံ တင်ပြမှု မရှိသဖြင့် ထိုင်ဝမ်သို့ အလုပ်သမားပို့ခွင့်ပြုရန် ခက်ခဲနေ

worker-copy

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂

အလုပ်သမား အေဂျင်စီများ ဘက်မှ အလုပ်သမားများနှင့် ပတ် သက်၍ သေချာတိကျစွာ အာမခံတင်ပြမှုမရှိေ သာကြောင့် ထိုင်ဝမ်  သို့ အလုပ်သမားပို့ဆောင်ခွင့်  ခွင့်ပြုပေးရန် ခက်ခဲနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရ သည်။

ထိုင်ဝမ်ကောင်စစ်ဝန်ရုံး ဖွင့် လှစ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံမှ ထိုင်ဝမ်သို့ အလုပ်သမားပို့ဆောင် ခွင့် ပေးရန် မြန်မာနိုင်ငံအတွင်းရှိ
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများက တောင်းဆို ခဲ့ကြသည်။ သို့သော် တောင်းဆို မှုများတွင် တိကျသေချာသည့် အချက်များ၊ မိမိတို့စေလွှတ်မည့် အလုပ်သမားများနှင့် ပတ်သက်၍ သေချာတိကျသည့် အကြောင်း အရင်း အသေးစိတ်များကို ပြည့်စုံ စွာ တင်ပြခြင်း မရှိသည့်အတွက် ထိုင်ဝမ်သို့ အလုပ်သမားပို့ဆောင် ခွင့်ကို ခွင့်ပြုပေးရန် အခက်အခဲ ဖြစ်နေကြောင်း အလုပ်သမားနှင့်  လဝက ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

”သက်ဆိုင်ရာ အေဂျင်စီတွေ က သူတို့ အလုပ်သမားတွေအတွက် ဘယ်လို သင်တန်းတွေပေးမယ်။ သူတို့လွှတ်မယ့် အလုပ်သမားတွေ အတွက် ဘယ်လို အာမခံချက်တွေ ရှိမယ်။ အန္တရာယ်ကင်းမယ်စတဲ့ အချက်တွေ ဘယ်လောက် တာဝန် ယူမယ်ဆိုတဲ့အချက်တွေ   ပြည့်ပြည့် စုံစုံနဲ့ တင်ပြရင် ကျွန်တော်တို့ ဘက်က စဉ်းစားရမှာပါ။ အခုက အဲဒီလိုတင်ပြတဲ့ အေဂျင်စီ လုံးဝ မရှိသေးဘူး။ ကျွန်တော်တို့ကို တင်ပြနိုင်ပါတယ်” ဟု ၄င်းကဆို သည်။

ထိုင်ဝမ်သို့ စေလွှတ်လျှင် အလုပ်သမားအတွက် အဓိက စိန်ခေါ်မှုများမှာ ဘာသာစကား အခက်အခဲနှင့် လုပ်ငန်းကျွမ်း ကျင်မှု ဖြစ်ေ နကြောင်း၊  ထို့ပြင် အလုပ်သမားများအပေါ် အစိုးရ က လုံခြုံရေး တာဝန်ယူပေးရန် ခက်ခဲသည့် အကြောင်းအရင်းများ ကြောင့် အလုပ် သမားပို့ဆောင်ခွင့် ကို ခွင့်ပြုပေးရန် အကြိမ်ကြိမ် စဉ်းစားခဲ့သော်လည်း မအောင်မြင် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် သက် ဆိုင်ရာအေ ဂျင်စီများ၏ တိကျ သေချာသည့် အာမခံချက်များနှင့် တောင်းဆိုမှုများ ရှိလာပါက တစ် နည်းတစ်ဖုံ ပြောင်းလဲနိုင်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သိရ သည်။

ယင်းကိစ္စနှင့် ပတ်သက်၍   မြန်မာ ပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း ချုပ် MOEAF  မှ တွဲဖက် အတွင်း

ရေးမှူး ၂ ဦးမြတ်သူက  ”ကျွန် တော်တို့ဘက်က တင်ပြပြီးပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ ဒါပေ မယ့် အခြေအနေမထူးသေးတာ ပါ” ဟု ဆိုသည်။

ထိုင်ဝမ်တွင် မြန်မာလုပ်သား များ သွားရောက်အလုပ် လုပ်ကိုင် ပါက ဝင်ငွေကောင်းသည့်အတွက် ယခုကဲ့သို့ အလုပ်သမားပို့ခွင့်ပေး ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများ က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*