Miss Tourism Queen ခင်လပြည့်ဇော် သွားရောက်ခဲ့သည့် ခရီးစဉ်များ အကြောင်း စာအုပ်ရေးသား ထုတ်ဝေမည်

Miss Tourism Queen ခင်လပြည့်ဇော် သွားရောက်ခဲ့သည့် ခရီးစဉ်များ အကြောင်း စာအုပ်ရေးသား ထုတ်ဝေမည်
January 6, 2017 Asian Fame

11:50 am
Miss Tourism Queen ခင်လပြည့်ဇော် သွားရောက်ခဲ့သည့် ခရီးစဉ်များ အကြောင်း စာအုပ်ရေးသား ထုတ်ဝေမည်

khin-lapyae-zaw(ရန်ကုန်၊ ဇန်နဝါရီ ၂)

သွားရောက် လည်ပတ်ခဲ့သော ခရီးစဉ်များနှင့် ပတ်သက်ပြီး စာအုပ် ရေးသား ထုတ်ဝေရန် အစီအစဉ် ရှိသည်ဟု Miss Tourism Queen 2013 ခင်လပြည့်ဇော် ကပြောသည်။

”ဒိုင်ယာရီတော့ အမြဲရေးဖြစ် တယ်။ ခရီးသွားတာ ဝါသနာပါ တယ်။ မနှစ်ကတော့ တစ်နှစ်လုံး နီးပါး ခရီးသွားတယ်။ ဒီနှစ်လည်း မိသား စုတွေ နဲ့သွားမယ်။ ခရီးသွား တိုင်း မတူညီတဲ့ ဗဟုသုတတွေရ တယ်။ ငယ်ငယ်ကဆို ရောက်ရင် ဆော့မယ်၊ မုန့်စားမယ်၊ ကစားမယ်။ အခု ကျတော့ သူများနိုင်ငံမှာ ဘာ ထူးခြားလဲ၊ သူတို့ဘယ်လို စနစ် တွေရှိလည်း လေ့လာတယ်။ အကျိုး ဖြစ်စေမယ့် အရာတွေ ကို ရေး သား ဖို့ရှိတယ်။ အခုတော့ မဟုတ်သေး ဘူး၊ ဝမ်းစာ စုနေတယ်” ဟု ခင်လ ပြည့်ဇော်က ပြောသည်။

အဆိုပါ စာအုပ်ကို ရေးသားပါ က ပရိသတ်များ အတွက် အကျိုးဖြစ် စေရန် အဓိက ထားမည်ဖြစ်ပြီး စီး ပွားရေး အတွက် မဟုတ်ကြောင်း ခင်လပြည့်ဇော်က ပြောသည်။

”အချိန်တစ်ခု ယူပြီး အချက် အလက်တွေ စုဆောင်းမယ်။ ပြည် သူတွေ အတွက် တစ်ထောင့် တစ်နေ ရာကနေ အသုံးဝင်စေမယ့် အချက် အလက်တွေ ဖြစ်အောင်ကြိုးစား မယ်” ဟု ၄င်းက ပြောသည်။

ခင်လပြည့်ဇော်က လတ်တ လောတွင် အနုပညာ လုပ်ငန်းများ အပြင် ၂ဝ၁၇ ခုနှစ် အတွင်း အသက် မွေးဝမ်းကျောင်း အတွက် လုပ်ငန်း တစ်ခု စတင် အကောင် အထည် ဖော် ရန်ရှိသည်ဟုသိရသည်။

”အနုပညာ အလုပ်ကို ဝါသနာ တစ်ခုအနေနဲ့ လုပ်တာဖြစ်တယ်။ အခုလုပ်မယ့် လုပ်ငန်းက ငယ်ငယ် ကတည်းက စိတ်ကူး အိပ်မက်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်။ ညီမအသက် လည်း ၂၁ နှစ် ရှိပြီ။ လုပ်ငန်းတစ် ခုကို ဦးဆောင်နိုင်ပြီလို့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်တဲ့ အ တွက်ကြောင့် ဒီနှစ်ထဲမှာ စလုပ်မှာပါ” ဟု ၄င်းက ပြောသည်။

ခင်လပြည့်ဇော်သည် Miss Universe Myanmar 2017  ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။ ယခုနှစ် အတွက် အနုပညာ အလုပ်ကို ကြိုတင် လက်ခံထားခြင်း မရှိဘဲ လာရောက် ကမ်းလှမ်းလာပါ က စိစစ် ရွေးချယ် သွားမည် ဟုလည်း ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*