ဝန်ဆောင်ခအငြင်းပွားမှုကြောင့် ထိုင်းသွားမည့် မြန်မာလုပ်သားငါးဦး စာချုပ် မချုပ်နိုင်

ဝန်ဆောင်ခအငြင်းပွားမှုကြောင့် ထိုင်းသွားမည့် မြန်မာလုပ်သားငါးဦး စာချုပ် မချုပ်နိုင်
November 30, 2016 Asian Fame

9:49 am
ဝန်ဆောင်ခအငြင်းပွားမှုကြောင့် ထိုင်းသွားမည့် မြန်မာလုပ်သားငါးဦး စာချုပ် မချုပ်နိုင်

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၂၈

သတ်မှတ်ကြေးထက် ဝန်ဆောင်ခ ငွေကြေးပိုပေး ရသောကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့်  ထိုင်းသို့သွားမည့် မြန်မာလုပ်သား ငါးဦး စာချုပ်မချုပ် နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းအ လုပ်သမားသင်တန်းကျောင်းတွင် ပြည်ပအလုပ်အ ကိုင်အေဂျင်စီ လူထိပ်မိုးကုမ္ပဏီက တာဝန်ယူပို့ ဆောင်မည့် အလုပ်သမား ၃ဝဝ ကျော်နှင့် ထိုင်းနိုင်ငံ ရှိ အလုပ်ရှင်ကုမ္ပဏီတို့ကြား  စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမား ငါးဦးမှာ သတ်မှတ်ကြေးထက် ငွေပို ပေးရကြောင်း ထုတ်ဖော်ပြောဆိုရာမှ အငြင်းပွားမှုဖြစ် ပွားပြီး  နောက်ဆုံးတွင် အဆိုပါ အလုပ် သမားငါးဦး မှာ စာချုပ်မချုပ်နိုင်ခဲ့ကြောင်း ယင်းပြဿနာကို သွား ရောက်ဖြေရှင်းသည့် အလုပ်သမားအရေးဆောင်ရွက် သူ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်လင်းထံမှ သိရသည်။

”အလုပ်သမား ၃၃ဝ လောက်ထဲမှာ ငါးဦးက သတ်မှတ်ငွေကြေးမဟုတ်ဘဲ ငါးသိန်းလောက်ပေး ရတယ်ဆိုပြီးထုတ်ပြောကြတယ်။ အဲ့ဒါ ညှိမရလိုက် ဘူး။ ထုံးစံအတိုင်းပဲ ကြားထဲက ပွဲစားတွေဝင်ရှုပ်တာ ပေါ့” ဟု ၄င်းက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာနက ထိုင်းသို့ အလုပ် သမားပို့ဆောင်မှု  ဝန်ဆောင်ခအနေဖြင့် ကျပ်တစ် သိန်းခွဲသာပေးသွင်းရမည်ဟု သတ် မှတ်ထားသော် လည်း အဆိုပါ အလုပ်သမားငါးဦးမှာတစ်ဦးလျှင် ငါးသိန်းစီပေးသွင်းခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြ ကြောင်း သိရ သည်။

အဆိုပါ စာချုပ်ချုပ်ဆိုမှုကို ရန်ကင်းအလုပ် သမားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ် ခင်မာ အေး ရှေ့တွင်လက်မှတ်ရေး ထိုးခြင်းဖြစ်ပြီး နောက် ဆုံးတွင် ဝန်ဆောင်ခပိုပေးရသည့် အလုပ်သမားငါးဦး မှလွဲ၍ ကျန်အလုပ်သမားများ အားလုံး စာချုပ်ချုပ် ဆို ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမား များကို တာဝန်ယူပို့ဆောင်သည့် လူထိပ်မိုးကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဇင်ကို ဆက်သွယ်ေ မးမြန်းရာ ”၅ ယောက်ကတော့ လက်မှတ်မထိုးလိုက်နိုင်ဘူး။ ပွဲစား ဆိုတာကလည်း တရားဝင်ပွဲစားနဲ့  တရားမဝင်ပွဲစားဆို ပြီးရှိတယ်။ ကျွန်တော်တို့ထားတဲ့ နယ်ကိုယ်စားလှယ် က တရားဝင်ပေါ့ဗျာ။ သူတို့ကိုက ကျွန်တော်တို့ ထိန်း ချုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မသိဘဲ ကျွန် တော်တို့ ကိုယ်စားလှယ်မဟုတ်ဘဲ ကြားကနေဝင်ပြီး အလုပ်လုပ်သွားတဲ့ ပွဲစားကျတော့ ကျွန်တော်တို့ဘက် က အားနည်း တယ်။ တကယ်တော့ဒါက ဝန်ကြီးဌာန က ဒေသအလိုက်ဖွင့်ထားတဲ့ အလုပ်သမားရုံး ၃၇ ရုံးက အလုပ်မလုပ်လို့။ တကယ်ဆို ကျွန်တော် တို့ လိုတဲ့အလုပ်သမားတွေကို ဝန်ကြီးဌာနရုံးတွေက ကောက်ပေးရမှာ။ ပြီးတော့ အလုပ်သမားတွေကို အသိပညာပေးရမှာ။ ဥပဒေကြီး ရှိပေမယ့် သူတို့မလုပ် နိုင်လို့ အခုလို ဖြစ်တာ” ဟု ဆိုသည်။

အဆိုပါ အလုပ်သမားငါးဦးနှင့် ပွဲစားကိစ္စကို လက်ရှိ ဆောင်ရွက်နေမှု အခြေအနေကို မေးမြန်း သော်လည်း မသိရှိရသေးကြောင်း တာဝန်ရှိသူအသီး သီးက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများနှင့် အေဂျင်စီ များကြား ဝင်ရောက်အလုပ်လုပ် သည့်  ကြားနေပွဲစား များပပျောက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပြည်ပအ လုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ ပူးပေါင်းကာ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည် ဟု ပြောဆိုထားသည့် အချိန်မှာပင် ယခုကိစ္စ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*