မကာအိုမှ အလုပ်ခေါ်စာများ လာသော်လည်း ကျွမ်းကျင်မှုအားနည်းချက်ကြောင့် လုပ်သား မပို့နိုင်

မကာအိုမှ အလုပ်ခေါ်စာများ လာသော်လည်း ကျွမ်းကျင်မှုအားနည်းချက်ကြောင့် လုပ်သား မပို့နိုင်
May 16, 2017 Asian Fame

4:41 pm
မကာအိုမှ အလုပ်ခေါ်စာများ လာသော်လည်း ကျွမ်းကျင်မှုအားနည်းချက်ကြောင့် လုပ်သား မပို့နိုင်

ရဲလွင်
ရန်ကုန်၊ မေ ၈

မကာအိုမှ အလုပ်ခေါ်စာများရှိနေသော်လည်း လုပ်သား၏ကျွမ်းကျင်မှု အားနည်းသောကြောင့် သွားရောက်အလုပ်လုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။မကာအိုနိုင်ငံသည် အခြား သောနိုင်ငံများကဲ့သို့ စက်ရုံအလုပ် ရုံပေါများခြင်းမရှိဘဲ ဟိုတယ်နှင့် ကာစီနိုများပြားခြင်းကြောင့် ဝိတ်တာများအဖြစ်လုပ်ကိုင်ရန် ခေါ်စာ ရရှိသော်လည်း လုပ်ငန်းကျွမ်းကျင် မှု၊ ဘာသာစကား စသည့် နေရာများ တွင် အဓိက အခက်အခဲဖြစ်နေ ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ကျွန်တော်တို့ MOEAF က မကာအိုမှာ ဝန်ကြီးနဲ့လည်းသွားတွေ့တာတွေ လုပ်ခဲ့တယ်။ အလုပ်လုပ်ခွင့်ပါမစ် ထုတ်ပေးဖို့ ကိစ္စတွေဘာတွေ။ အဓိက အရပ်အမောင်း သတ်မှတ်ချက်မှာ တင်သွားပြီ။ ပြီး တော့ဘာသာစကား၊ မကာအိုမှာက အင်္ဂလိပ်စကားတောင် စင်ကာ ပူအဆင့်လောက်မကဘူး သတ်မှတ်ထားတယ်။ ပြီးတော့ တရုတ် ဘာသာစကား၊ အဲဒါတွေ လိုအပ်တော့ အဲဒီကို အလုပ်သမားပို့ဖို့က အရမ်းခက်ခဲနေတယ်။ အရင်တုန်းကတော့ အေဂျင်စီတစ်ခု ပို့ဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လုံးဝမပို့ဖြစ်တော့ဘူး”ဟု ၎င်းက ဆိုသည်။ ယင်းအပြင် မကာအိုသို့ ယခင်က အိမ်အကူလုပ်သားများပို့ခဲ့ဖူးကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”အခက်အခဲတွေအများကြီးရှိနေလို့။ ပြောလို့မကောင်းတဲ့အပိုင်းတွေလည်းရှိတယ်။ မကာအိုက တရုတ်လက်အောက်ခံဆိုတော့။ ခုနောက်ပိုင်း လွှတ်တာ မရှိတော့ဘူး။ တခြားလုပ်ငန်းကျွမ်းကျင်မှု၊ ဘာသာစကား အဲဒါတွေလည်းပါတယ်” ဟု ဆိုသည်။ မကာအိုမှ လက်ရှိ အချိန်ထိ အလုပ်ခေါ်စာမည်မျှ ရောက်ရှိ ကြောင်းနှင့်ပတ်သက်၍မူ စာရင်းမသိရှိရသေးကြောင်း MOEAF တာဝနှ်ရှိသူက ဆိုသည်။ လက်ရှိ မြန်မာမှ နိုင်ငံခြား တိုင်းပြည်များသို့ အလုပ်သမားပို့ ခွင့်ပြုထားသည့်အထဲတွင် မကာအိုလည်း တစ်ခုအပါအဝင် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*