ရုရှား စီးပွားရေးဝန်ကြီးအား လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူ

ရုရှား စီးပွားရေးဝန်ကြီးအား လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူ
November 16, 2016 Asian Fame

7:46 am
ရုရှား စီးပွားရေးဝန်ကြီးအား လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူ
In International News

russias-economy-minister-is-detained-on-bribery-charges-copy

PN-002
မော်စကို၊ နိုဝင်ဘာ ၁၅

ရုရှားစီးပွားရေးဝန်ကြီးအား လာဘ် စားမှုဖြင့် အရေးယူလိုက်ပြီဖြစ်ကြောင်း သိ ရသည်။

ရုရှားစီးပွားရေးဝန်ကြီး မစ္စတာအလက် ဆီ အျူလ်ကာယက်ဗ်သည် ရေနံကုန်သွယ် ရောင်းဝယ်ရာတွင် ကန်ဒေါ်လာ ၂ သန်း လာဘ်စားခဲ့သည်ဆိုခြင်း ကို နိုင်ငံတော် စုံ စမ်းစစ်ဆေးရေးကော်မတီက ယနေ့ အ တည်ပြုကြေညာပြီး မကြာမီတွင်ပင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အသက် ၆ဝ ရှိပြီ ဖြစ်သော မစ္စတာ အလက်ဆီသည် ဆီုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အ ရေးယူခံရသူများအနက် အဆင့်အမြင့်ဆုံး အစိုးရအာဏာပိုင်တစ်ဦးဖြစ်သည်။

သူသည် ရုရှားအစိုးရက တစ်စိတ်တစ် ပိုင်းပိုင်ဆိုင်သော ရော့စ်နက်ဖ်ရေနံကုမ္ပဏီ ၏ရောင်းရငွေများထဲမှ ကန်ဒေါ်လာ ၂ သန်းကို ဝန်ကြီးဌာနပိုင်ငွေစာရင်းမှ သူ၏ ငွေစာရင်းသို့ လက်ခံလွှဲပြောင်းခဲ့ကြောင်း နိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။

”ရော့စ်နက်ဖ် ကုမ္ပဏီရဲ့ကိုယ်စားလှယ် ကို ခြိမ်းခြောက်ငွေညှစ်ပြီး လာဘ်ယူတာလို့ သိရပါတယ်။ ဒါကို စစ်ဆေးအတည်ပြုပြီး ညတွင်းချင်းပဲ ဖမ်းဆီး ထိန်း သိမ်းခဲ့ပါတယ်” ဟု နိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မတီ မှ ပြောခွင့်ရပုဂ္ဂိုလ် ဆဗက်လန်နာ ပက်ထရန်ကို က ပြောပါသည်။

ရှေ့နှစ်များက မြို့တော်ဝန်သုံးဦးကို လာဘ်စားမှုနှင့် ဖမ်းဆီးအရေးယူခဲ့သော် လည်း ရုရှားအစိုးရ ထိပ်သီးပိုင်းအဆင့်အ တန်းမှ လာဘ်စားမှုနှင့် အရေးယူ ခံရခြင်းမှာ ယခုအမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Ref: Russia’s Economy Minister Is Detained on Bribery Charges

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*