ကမ္ဘောဇဘဏ်လီမိတက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန်အများဆုံးထမ်းဆောင်

ကမ္ဘောဇဘဏ်လီမိတက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန်အများဆုံးထမ်းဆောင်
December 22, 2016 Asian Fame

2:00 pm
ကမ္ဘောဇဘဏ်လီမိတက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန်အများဆုံးထမ်းဆောင်

kbz3-copy

mkt
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကမ္ဘောဇဘဏ်လီမိတက်သည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့ သည့်ကုမ္ပဏီဖြစ်ကြောင်း ဒီဇင်ဘာ လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေ ညာ ခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန် များဦးစီးဌာနက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင် သည့် ကုမ္ပဏီများစာရင်းကို ထုတ် ပြန်ကြေညာခဲ့ရာ ၄င်းထုတ်ပြန်   ကြေညာချက်အရ ဝင်ငွေခွန်ထမ်း ဆောင်ခဲ့ကြသော ကုမ္ပဏီများအ နက်မှ ကမ္ဘောဇဘဏ်လီမိတက်သည် ပထမနေရာမှ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီဖြစ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ဘဏ္ဍာနှစ်(၂ဝ၁၁-၂ဝ၁၂)မှ ဘဏ္ဍာ နှစ် (၂ဝ၁၅-၂ဝ၁၆)အထိ မြန်မာ နိုင်ငံအတွင်း ထိပ်ဆုံးမှ ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့သည့် ကုမ္ပ ဏီဖြစ်ပြီး၊ အခွန်စည်းကြပ်နှစ်အ လိုက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်အတွက် ကျပ်ငွေ (၆ဝ၁၅ ဒသမ ၃၉၇) သန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အတွက်  ကျပ်ငွေ (၁ဝ၈၂၇ ဒသမ ၇ဝ)သန်း၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွက် ကျပ်ငွေ (၁၇ဝ၆၂ ဒသမ ၆၆)သန်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် ကျပ်ငွေ (၂၂ဝ၁၃ ဒသမ ၆၁)သန်း နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွက် ကျပ်ငွေ (၂၂၉၅၉ ဒသမ ၈၃) သန်း တို့ကို ဝင်ငွေခွန်ပေးဆောင်ခဲ့ပြီး ပထမနေရာမှ ၅ နှစ်ဆက် ငါးကြိမ် မြောက် ဝင်ငွေခွန်အများဆုံးထမ်း ဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက်လည်း ကြိုတင်ခွန်အဖြစ် ကျပ်ငွေ(၂၈ဝဝဝ ဒသမ ဝဝ)သန်းကို ကြိုတင်ခွန်   ပေးသွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ကြိုတင်ခွန်ကျပ်ငွေ(၃၂ဝဝဝ ဒသမ ဝဝ)သန်းကျော် ကို ပေးသွင်း လျက်ရှိကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ခု နှစ် အခွန်စည်းကြပ်နှစ်အတွက် လည်း ကြိုတင်ခွန်ကျပ်ငွေ (၃၈ဝဝ ဒသမ ဝဝ)သန်း ကို ပေးသွင်းရန် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်သည် မြန်မာ နိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၄၃ဝ ကျော်၊ ATM စက်ပေါင်း ၇၅ဝ ကျော်၊ ဝန်ထမ်း စုစုပေါင်း ၁၇ဝဝဝ   ကျော်ဖြင့် နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ် ငန်းများကို အရှိန်အဟုန်မြှ င့်ဆောင် ရွက်လျက်ရှိပြီး၊ ကမ္ဘောဇနိုင်ငံတ ကာဘဏ် ကိုယ်စားလှယ်ရုံးများကို လည်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ တွင် ဖွင့်လှစ်ခဲ့ ပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ အကြီး ဆုံးပုဂ္ဂလိကဘဏ်ကြီးတစ်ခု ဖြစ် သည်။

ကမ္ဘောဇဘဏ်သည် မြန်မာ နိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၄၃ဝ ကျော်၊ATM စက်ပေါင်း ၇၅ဝ ကျော်၊ ဝန်ထမ်းစုစုပေါင်း ၁၇ဝဝဝ   ကျော်ဖြင့် နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ေ ဆာင်ရွက် လျက်ရှိပြီး၊  ကမ္ဘောဇ နိုင်ငံတကာ ဘဏ်ကိုယ် စားလှယ်ရုံးများကိုလည်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေး ရှားနိုင်ငံတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိ က ဘဏ်ကြီးတစ်ခုဖြစ်သည်။

ကမ္ဘောဇဘဏ်အနေဖြင့် World Finance မှပေးအပ်သည့် “Banker of the Year in Asia 2016” ဆုကိုလည်း ရရှိခဲ့သည်။

အဆိုပါဆုသည် လန်ဒန်အခြေစိုက်World Finance အဖွဲ့အစည်းမှ ၂ဝ၁၆ ခုနှစ်အတွင်း ဘဏ်လုပ်ငန်း များ တိုးတက်အောင်မြင်အောင် ထူးချွန်ပြောင်မြောက်စွာ အုပ်ချုပ် စီမံခန့်ခွဲခဲ့ကြသည့် ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှ ပုဂ္ဂိုလ် ၇ ဦးကိုသာ ရွေး ချယ်ပေးအပ်သည့်ဆုဖြစ်သည်။

    ‘Banker of the Year 2016’  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင် ဘာလ ၅ ရက်က လန်ဒန်မြို့ရှိLondon Stock Exchange  ၌ ကျင်း ပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင် ကိုဝင်းက တက်ရောက်ခဲ့သည်။ ကမ္ဘောဇဘဏ်အနေဖြင့် ၄င်းဆု အား ၃ နှစ်ဆက်တိုက် လက်ခံရရှိ ခဲ့ခြင်းလည်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*