လူငယ်များ အတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများ အခမဲ့ ဖွင့်မည်

လူငယ်များ အတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများ အခမဲ့ ဖွင့်မည်
December 22, 2016 Asian Fame

1:50 pm
လူငယ်များ အတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများ အခမဲ့ ဖွင့်မည်

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အခွင့်အရေးကို လက်လှမ်းမမီသော လူငယ်များအား လာမည့်နှစ်တွင် ဟိုတယ်ဆိုင်ရာသင်တန်းများ အခမဲ့ ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း ဆွစ် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း(Swiss Contact)   မှ သိရသည်။

ထိုဖောင်ဒေးရှင်းသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် ကူညီဆောင်ရွက်ရန်၊ အခွင့်အရေးကိုလက်လှမ်းမမီသော လူ ငယ်လူရွယ်များအလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်ကာ သင်တန်းများ ပေးခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ၃ နှစ်သက် တမ်းရှိ MoU ထိုးကာ သင်တန်းများပေးလျက် ရှိကြောင်း သိရသည်။

”အခုဆိုရင် ကျွန်တော်တို့ ပရောဂျက်က ရန်ကုန်နဲ့ နေပြည်တော်မှာ တင်မဟုတ်ဘဲနဲ့ မန္တလေးနဲ့ ပုဂံကိုပါ ထပ်ချဲ့ထားပါတယ်။ ၂ဝ၁၇ မှာ ဒေသ ၄ ခုမှာ သင်တန်းတွေပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရန်ကုန်နဲ့ နေပြည်တော်မှာတင် ရှိတဲ့အခွင့်အရေး ကို လက် လှမ်းမမီတဲ့ လူတွေတင်မဟုတ်ဘဲနဲ့ မန္တလေးတိုင်းနဲ့ ပုဂံကလူငယ်တွေပါ အခွင့်အရေးကို ရစေချင်လို့ ရည်ရွယ်ပါတယ်” ဟုSwiss Contact မှ ဦးစိုးနိုင်ဦးက ပြောသည်။

လက်ရှိတွင် လာမည့်နှစ်အတွင်း ဟိုတယ်သင်တန်းပေးရန် ဟိုတယ် အလုံး ၃ဝ ကိုစိစစ်ရွေးချယ်လျက်ရှိကြောင်း၊ လာမည့်နှစ်တွင် အဆိုပါ ဟိုတယ်များနှင့် ပူးပေါင်းကာ အခွင့်အရေးကို လက်လှမ်းမမီသည့် လူငယ် အယောက် ၃ဝဝဝ ပြည့်အောင် သင်တန်းများပေးရန် ရည်မှန်းထားကြောင်း ၄င်းကပြောသည်။

ထိုသင်တန်းများနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ”သူတို့ကအပြင်မှာ သင်တန်း မတက်နိုင်တဲ့ ကလေးတွေကို ဦးစားပေးပြီးလုပ်ပေးတယ်၊ စုရပ်သတ်မှတ်ပြီး ကြိုပေး တယ်၊ သူတို့နဲ့ ပူးပေါင်းထားတဲ့ဟိုတယ်တွေမှာ သင်တန်းပေးတယ်၊ သင် တန်း ၂ ကြိမ်ပြီးတိုင်းအပြင်မှာ အလုပ်အကိုင်ပြပွဲတွေ လုပ်ပေးတယ်” ဟု ပြောသည်။

Swiss Contact  သည်  ၂ဝ၁၄ ခုနှစ်မှစကာ ဟိုတယ်သင်တန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်နှင့် နေပြည်တော်ရှိ မိတ်ဖက်ဟိုတယ် ၄၄ လုံးဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကာ လူငယ် ၁၈ဝဝ ကျော်ကို မွေး ထုတ်ပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*