ယခုဘဏ္ဍာနှစ် ပထမ(၄)လ အတွင်းပြည်ပ ပို့ကုန် စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်း အထိ လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ခဲ့

ယခုဘဏ္ဍာနှစ် ပထမ(၄)လ အတွင်းပြည်ပ ပို့ကုန် စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်း အထိ လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ခဲ့
August 7, 2017 Asian Fame

11:30 am
ယခုဘဏ္ဍာနှစ် ပထမ(၄)လ အတွင်းပြည်ပ ပို့ကုန် စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်း အထိ လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ခဲ့

container(နေပြည်တော် သြဂုတ် ၇)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အစ (၄)လအတွင်း အမေရိကန် ဒေါ်လာ(၄.၃)ဘီလီယံ အထိ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ပြီး လယ်ယာ ထွက်ကုန် ပစ္စည်းများမှ ကန်ဒေါ်လာ တစ်ဘီလံယံကျော် တင်ပို့နိုင်ခဲ့သည်။

“လယ်ယာ ထွက်ကုန်တွေဖြစ်တဲ့ဆန်၊ ဆန်ကွဲပဲပြောင်း နဲ့ရော်ဘာတွေက စုစုပေါင်းပြည်ပ ပို့ကုန်ရဲ့ လေးပုံ တစ်ပုံ အထိ ရှိလာပါတယ်၊ ဒါက အစိုးရရဲ့လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတတ်ရေး ဆိုတဲ့မူဝါဒကို စတင် အကောင်အထည် ဖော်နိုင်ပြီ ဆိုတဲ့ အခြေအနေပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

ယခုဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ အများဆုံးတင်ပို့နိုင်သည့် လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ တန်ဖိုးများမှာ ပဲအမျိုးမျိုးမှ (၄၈၄) သန်း၊ ဆန်နှင့်ဆန်ကွဲမှ (၂၇၆)သန်း ၊ပြောင်းမှ(၇၀)သန်းနှင့် ရာဘာတင်ပို့မှုမှ (၆၇)သန်းဖြစ်ပြီး အခြား လယ်ယာ ထွက်ကုန် များတင်ပို့မှု စုစုပေါင်း မှာ(၈၂)သန်းကျော် အထိရှိခဲ့သည်။

ယခုဘဏ္ဍာနှစ် အစ (၄)လအတွင်း ပြည်ပသို့ တင်ပို့နိုင်ခဲ့သည့် လယ်ယာထွက်ကုန် တန်ဖိုးသည် ယခင်နှစ် ကာလတူထက် ပိုမိုခဲ့သလို (၅)နှစ် အတွင်း ကာလတူ နှိုင်းယှဉ်ချက် များထက်လည်း များပြားခဲ့သည်။ ယခုနှစ်တွင် ပို့ကုန် သွင်းကုန်နှစ်ခုပေါင်း၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏသည်လည်း ကာလတူထက် (၁.၆)ဘီလီယံထက်ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ အချက်အလက်များအရသိရသည်။

လယ်ယာ ထွက်ကုန်များ ကိုပြည်ပ တင်ပို့ရာတွင် မြန်မာနိုင်ငံ အတွက် စံအရည်အသွေး သတ်မှတ်ချက် အပါအဝင် စိန်ခေါ်မှု များစွာ ရှိနေသော်လည်း ဈေးကွက်သစ်နိုင်ငံ များရှာဖွေခြင်း အပါအဝင် ပို့ကုန် အမယ်သစ်များ စမ်းသပ် တင်ပို့နိုင်ခဲ့ခြင်း တို့ကြောင့် နှစ်စဉ် လယ် ယာ ထွက်ကုန်တင်ပို့မှု ပမာဏမှာတိုးတတ်လျှက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*