ရန်ကုန်ကုန်စည်ဒိုင်သို့ နယ်မှ ဆန်အဝင်နည်းပါး၊ ဆန်ဈေးတက်

ရန်ကုန်ကုန်စည်ဒိုင်သို့ နယ်မှ ဆန်အဝင်နည်းပါး၊ ဆန်ဈေးတက်
December 15, 2016 Asian Fame

5:00 am
ရန်ကုန်ကုန်စည်ဒိုင်သို့ နယ်မှ ဆန်အဝင်နည်းပါး၊ ဆန်ဈေးတက်

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များ သို့  နယ်မှ ဆန်တင်ပို့မှု နည်းပါးနေ ပြီး စပါးတင်ပို့မှု ပိုများနေသော ကြောင့် ဆန်ဈေးနှုန်းများ မြင့်တက် လျက်ရှိကြောင်း ဆန်လုပ်ငန်းရှင် များထံမှ စုံးစမ်းသိရှိရသည်။

ဆန်သစ် ပေါ်ခါစကာလမှ စပြီး ဆန်ကောင်း၊ ပုံမှန်ဆန်၊ ဆန် ကြမ်း အမျိုးအစားများ အားလုံး အပါအဝင် ဆန်ကွဲများပါ တပြေးညီ ဈေးနှု န်း မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ဆက်လက် မြင့်တက်လျက် ရှိနေ ကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ အ တွင်းရေးမှူး ဦးတင်ဦးက ပြောသည်။

ယခင် ဆန်သစ်ပေါ်ခါစကာလ တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ် လျှင် ၂၄၅ဝဝ ကျပ် ရှိခဲ့ရာမှ ယခု အခါတွင် ၂၇၅ဝဝ ကျပ်၊ ၂၅ မတ် ဆန်တစ်အိတ်လျှင် ယခင် ၁၅၅ဝဝ ကျပ်ရှိခဲ့ရာမှ ယခုအခါတွင် ၁၆၅ဝဝ ကျပ်သို့ မြင့်တက်နေခြင်း ဖြစ်သည်။

ဦးတင်ဦးက ”နယ်တွေက စပါး တွေချည်းပဲ ဝင်နေတယ်။ ဆန် ဝင်အား နည်းတယ်။ အဲဒါကြောင့် ဆန်ဈေးတွေ တက်နေတာပါ။ဆန်   တွေအကုန်လုံး ဈေးတက်နေပါ တယ်။ ပြီးရင် ဆန်ဝယ်လိုအားလည်း များတာပေါ့။ စပါးက ပေါ်ခါစဆို တော့ စပါးပဲ အများကြီး ဝင်တာ။ တစ်နေ့ကို စပါး သုံးသောင်း လောက်ဝင်ရင် ဆန်က တစ်နေ့ကို တစ်သောင်းလောက်ပဲ ဝင်တယ်” ဟု ပြောသည်။

ဆန်ကွဲဈေးနှုန်းမှာ မြင့်တက် နေသော်လည်း စက်ရုံသုံး လိုအပ် ချက်များ ရှိနေသည့်အတွက် မျှတမှု ရှိနေကြောင်း သိရသည်။

နယ်မှဆန်များ ပိုမို တင်သွင်း လာမှသာ ဆန်ဈေးနှုန်းများ တည် ငြိမ်လာမည်ဖြစ်ပြီး လာမည့် နောက် တစ်ပတ်ခန့်တွင် ဆန်ဈေးများ တည်ငြိမ်လာ နိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*