တောင်သူများအတွက် စက်ကိရိယာများနှင့် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေးပေးရန် JICA ချေးငွေယူ၍ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည်

တောင်သူများအတွက် စက်ကိရိယာများနှင့် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေးပေးရန် JICA ချေးငွေယူ၍ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည်
December 21, 2016 Asian Fame

2:18 pm
တောင်သူများအတွက် စက်ကိရိယာများနှင့် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေးပေးရန် JICA ချေးငွေယူ၍ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည်

HEZ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သည် တောင်သူများ စက်ကိရိယာ များ အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးမှု ကုန်ကျစရိတ်များအတွက် အရင်း အနှီးဖြစ်စေရန် နှစ်တိုနှစ်ရှည် ချေးငွေများအဖြစ်JICA မှရရှိ ထားသောချေးငွေ ဂျပန်ယန်း ၁၅၁၃၅ သန်းကို ထုတ်ချေးပေးရန် စီစဉ်ေ နကြောင်း သိရသည်။

အဆိုပါ ချေးငွေအား ပထမ ဦးစားပေးအနေဖြင့် လယ်ယာလုပ် ငန်းလုပ်ကိုင်သော လယ်သမား တစ်ဦးချင်းအတွက် လယ်ယာသုံး စက်ကိရိယာများအား ဦးစားပေး ထုတ်ချေးပေးမည်ဖြစ်ပြီး အဆိုပါ လယ်သမားတစ်ဦးချင်းအနေဖြင့် အများဆုံးဧက ၅ဝ အထိပိုင်ဆိုင်ေ သာ လယ်သမားများအား ချေးငွေအများ ဆုံး သိန်း ၅ဝ အထိထုတ်ချေးပေး မည်ဖြစ်ကြောင်း၊ ဒုတိယဦးစား ပေးအနေဖြင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်သော အသင်းအဖွဲ့များ ကိုထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ တတိယဦးစားပေးအနေဖြင့် လယ် ယာစီးပွားရေးလုပ်ငန်း လုပ်ကိုင် သော လယ်သမားတစ်ဦးချင်းအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ စတုတ္ထအနေဖြင့် လယ်ယာစီးပွားရေး လုပ်ငန်းလုပ်ကိုင်ေ သာအသင်းအဖွဲ့ များအားဦးစားပေးထုတ်ချေးသွား မည်ဖြစ်ကြောင်းသိရသည်။

”လာမယ့်နှစ် ၆လပိုင်းလောက် မှာ ထုတ်ချေးပေးဖို့ရှိပါတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂျပန်နိုင်ငံJICA အဖွဲ့မှပေး အပ်သောလယ်ယာကဏ္ဍနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းဆိုင် ရာချေးငွေ ဂျပန်ယန်း ၁၅၁၃၅သန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရပြီး အဆိုပါချေးငွေအား စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှJICA အဖွဲ့သို့ တစ်နှစ် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းအတိုးနှုန်းဖြင့်ပေးဆပ် ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနငွေတိုက်ဦးစီးဌာနသို့ တစ်နှစ်လျှင် သုံးရာခိုင်နှုန်း အတိုးနှု န်းဖြင့်ပေး ဆပ်ရမည်ဖြစ်ကာမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ် သမားများကို တစ်နှစ်လျှင် ၈ ဒသ မ ၅ရာခိုင်နှုန်းအတိုးနှု န်းဖြင့်ထုတ် ချေးသွားမည်ဖြစ်ကြောင်းသိရသည်။

လယ်ယာစီးပွားရေးလုပ်ငန်း ရှင်များကို ထုတ်ချေးရာတွင် လယ် ယာကုန်ထုတ်လုပ်မှုလုပ်ငန်း (အ လုပ်သမားဝန်ထမ်း၃ဝဝ)အတွက် ကျပ်သန်း ၁ဝဝဝကိုလည်းကောင်း၊ လုပ်သားအခြေခံကုန်ထုတ်လုပ်ငန်း (အလုပ်သမား ဝန်ထမ်း ၆ဝဝ) အတွက်ကျပ်သန်း၁ဝဝဝကို လည်း ကောင်း၊ လယ်ယာစီးပွားရေးလုပ် ငန်း (လုပ်သား ၆ဝ) အတွက်သန်း ၁ဝဝ ကိုလည်းကောင်း၊ ဝန်ဆောင် မှုဆိုင်ရာစီးပွားရေးလုပ် ငန်းအလုပ် သမား ၁ဝဝ အတွက် ကျပ်သန်း ၂ဝဝ ကိုလည်းကောင်း ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ပထမနှစ်ဖြစ်သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းတို့၌ စီမံကိန်းအား စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံ ကိန်းဒုတိယနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်တောင်ပိုင်းတို့တွင် ဆက်လက် ထုတ်ချေးသွားမည်ဖြစ်သည်။

JICA ၏ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံ ကိန်းကို ၂ဝ၁၇ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလအထိ သုံးနှစ်ကြာဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါချေးငွေအား ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ထုတ်ချေးသည့်ရက်မှစ၍ အနှစ် ၄ဝ တိတိတွင် ပြေကျေစွာပေးဆပ် ရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလမှာ ၁ဝ နှစ်တိတိဖြစ်ကြောင်း၊ ယင်းစီမံ ကိန်းချေးငွေအား လယ်သမားများ နှင့် လယ်ယာစီးပွားရေးလုပ်ငန်း ရှင်များအတွက် ချေးငွေဆိုင်ရာ အာမခံနှင့် ရာသီဥတုဆိုင်ရာ အာမခံများနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရန် အစီအမံများပြုလုပ်လျက် ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*