ခွင့်ပြုချက်မဲ့ဆိုးဆေးပါ စားသောက်ကုန်ရောင်းသူများကို မန်းစည်ပင် ထိထိရောက်ရောက် အရေးယူမည်

ခွင့်ပြုချက်မဲ့ဆိုးဆေးပါ စားသောက်ကုန်ရောင်းသူများကို မန်းစည်ပင် ထိထိရောက်ရောက် အရေးယူမည်
December 15, 2016 Asian Fame

5:00 am
ခွင့်ပြုချက်မဲ့ဆိုးဆေးပါ စားသောက်ကုန်ရောင်းသူများကို မန်းစည်ပင် ထိထိရောက်ရောက် အရေးယူမည်

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၁၃

ခွင့်ပြုချက်မဲ့ ဆိုးဆေးပါ စားသောက်ကုန်များနှင့် ပတ်သက်၍ ပညာပေးကာလကျော်လွန်သွားပြီဖြစ်၍ ဆက်လက်ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ အ ရေးယူတော့မည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်သည်။

မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ မြနန္ဒာဈေး၊ အောင်သာယာဈေး၊ စက်မှု ၁ ဈေး၊ မန်းရတနာဈေး၊ ပြည်ကျော်ဈေး၊ မန်းမြို့ဈေး၊ မနော်ဟရီဈေး၊ မြရည်နန္ဒာ ဈေးများအား ရှောင်တခင်ဝင်ရောက် စစ် ဆေးရာတွင် တရုတ်နိုင်ငံထုတ် အေးခဲ ကြက်သားများ ရောင်းချခြင်း၊ စားသုံးရန် မသင့်သည့် ခွင့်ပြုချက်မဲ့ဆိုးဆေးပါ ငရုတ် သီးမှုန့်၊ အရောင်တင်မှုန့်၊ မျှစ်အစရှိသော ကုန်ပစ္စည်းများအားရောင်းချခြင်း ရှိမရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပညာပေးဆောင် ရွက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ပညာပေးကာလလည်း ပြီးသွားပြီဆို တော့ နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိတာတွေကို အရေးယူဆောင်ရွက်သွားဖို့ပဲ ရှိ တော့တယ်။ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးက အရေးယူမှာ ဖြစ်သလို စည်ပင်ဥပဒေနဲ့လည်း အရေးယူမှာပါ” ဟု မန္တ လေးမြို့တော်စည်ပင်သာယာရေးကော်မ တီတာဝန်ရှိသူတစ်ဦးကပြောသည်။ခွင့်ပြုချက်မဲ့ ဆိုးဆေးပါစားသောက် ကုန်များရောင်းချပါက ဆက်လက် ဆောင် ရွက်သွားမည့် ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁ဝ ရက်က မန္တလေးမြို့တော်စည် ပင်သာယာ နယ်နိမိတ်ဈေးအသီးသီးမှ ဈေးဆိုင်များသို့ ကြေညာချက်များ လိုက် လံပြသပေးခဲ့သလို အဆိုပါ ကြေညာချက် များကိုလည်း ဈေးရုံးမျက်နှာစာများတွင် ချိတ်ဆွဲထားကြောင်း သိရသည်။

”ပထမအကြိမ် ဒဏ်ငွေလေးသောင်းကနေ လေးသိန်းအထိ ဒဏ်ရိုက်သတိပေး မယ်။ ဒုတိယအကြိမ်မှာ ဆိုင်ခန်းယာယီ ပိတ်သိမ်းမယ်။ တတိယအကြိမ်ဆိုရင်တော့ အဲဒီ ရောင်းချတဲ့ဆိုင်ခန်းကို အပြီး ပိတ် သိမ်းမှာပါ။ ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးကလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရေးယူဦးမှာ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။ တားမြစ်ဆိုးဆေးများ အသုံးပြုမှု ကြောင့် အသည်းကင်ဆာနှင့် ကျောက်ကပ် ပျက်စီးနိုင်ကြောင်း သိရပြီး မြန်မာနိုင်ငံ သည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*