HIV ဖြစ်ပွားမှု အဆင့် (၆) နေရာတွင် မြန်မာနိုင်ငံရှိနေ

HIV ဖြစ်ပွားမှု အဆင့် (၆) နေရာတွင် မြန်မာနိုင်ငံရှိနေ
December 13, 2016 Asian Fame

3:57 am
HIV ဖြစ်ပွားမှု အဆင့် (၆) နေရာတွင် မြန်မာနိုင်ငံရှိနေ

နေပြည်တော်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတွင် နေ့စဉ် လူ ၃ဝ ခန့်မှာ HIV ပိုးကူးစက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးရုံးတွင် ကျင်းပသည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် HIV ပိုးကူးစက်ခံရမှု အများဆုံးဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်နှင့် ထိုင်း-မြန်မာနယ်စပ် ထွက်ပေါက်မြို့ များတွင်အဖြစ် အများဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် အာရှပစိဖိတ်နိုင်ငံများအနက် မြန်မာနိုင်ငံသည် HIV ဖြစ်ပွားမှု အဆင့် (၆) နေရာတွင် ရှိနေကြောင်းလည်း သိရသည်။ ”ဒါဟာ ကောင်းတဲ့လက္ခဏာတစ် ရပ်တော့မဟုတ်ပါဘူး။ ပိုးကူးစက်မခံရအောင်လို့ကတော့၊ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ အားလုံးပူးပေါင်း လုပ်ဆောင်ရမှာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

HIV ရောဂါ ကူးစက်ခံရမှုတွင် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများမှ ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများတွင် ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူ ၁၃ ရာခိုင်နှုန်း၊ လိင်လုပ်သားများ၏ အမျိုးသားလိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်း ကူးစက်ခံနေရကြောင်းဝန်ကြီးက ပြောသည်။ ၂ဝ၁၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံထားရသူ နှစ်သိန်းနှစ်သောင်းကျော် ရှိနေကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*