ကျန်းမာရေးအသိပညာပေးမှုကြောင့် မူးယစ်ဆေး အကြောထဲထိုးသွင်းခြင်းမှ HIV ကူးစက်ခံရသူနှုန်း လျော့ကျလာ

ကျန်းမာရေးအသိပညာပေးမှုကြောင့် မူးယစ်ဆေး အကြောထဲထိုးသွင်းခြင်းမှ HIV ကူးစက်ခံရသူနှုန်း လျော့ကျလာ
December 13, 2016 Asian Fame

4:02 am
ကျန်းမာရေးအသိပညာပေးမှုကြောင့် မူးယစ်ဆေး အကြောထဲထိုးသွင်းခြင်းမှ HIV ကူးစက်ခံရသူနှုန်း လျော့ကျလာ

စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်မှ ယခုနှစ်အထိ ၁၆ နှစ်အကြာတွင် မူးယစ် ဆေးအကြောထဲသို့ ထိုးသွင်းမှုမှ HIV ကူးစက်ခံရသူ ရာခိုင်နှုန်းအားဖြင့် ၃၅ ရာ ခိုင်နှုန်းကျော်အထိ ကျဆင်းသွားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနှုံဠ ရောဂါပိုးတိုက်ဖျက်ရေးစီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

”မူးယစ်ဆေးဝါး အကြောထဲကို ထိုးသွင်းတာက ရှစ်သောင်းကျော်ရှိတယ်။ ၂ဝဝဝ တုန်းကတော့ ၆၅ ရာခိုင်နှုန်းအထိရှိ တယ် အခု ၂၉ ဆိုတော့ ကျတော့ကျသွား တယ်”ဟု ဒေါက်တာထွန်းညွန့်ဦးက ဆက် ပြောသည်။ ထိုသို့ ကျဆင်းနေသော်လည်း ထပ်မံပြီး မကူးစက်နိုင်ရန် ကျန်းမာရေး အသိပညာပေးခြင်းများလည်း လုပ်ဆောင် နေကြောင်း ၎င်းက ထပ်မံဆိုသည်။

”ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ကာကွယ်ရေးလုပ်ငန်းတွေလည်း လုပ်နေတယ်။ ကျန်းမာရေး အသိပညာလည်း ပေးတယ်။ တစ်ခါသုံး ဆေးထိုးအပ်နဲ့ ဆေးထိုြး>ွပန် ဖြန့်ဝေခြင်း လုပ်ငန်းတွေ။ ဒီကူးစက်မှုပြန်ပွားတဲ့ ဒေသတွေက ရှမ်း ပြည်နယ် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ် ကိုင်း၊ ရန်ကုန်ဖြစ်တာ။ တစ်နိုင်ငံလုံးတော့ ပြန့်နေတာမဟုတ်ဘူး။ ဘတ်ဂျက်ရရင် ဒီ ထက် ပိုလုပ်နိုင်မယ်”ဟု ဒေါက်တာ ထွန်း ညွန့်ဦးကလည်း ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ HIV ကူးစက်ခံရမှုတွင် မူးယစ်ဆေးအကြောထဲသို့ ထိုးသွင်းမှုမှာ အဖြစ်အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂ဝ၃ဝ ခုနှစ်အကုန်တွင် HIV ပိုးမကူးစက်သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာရန် မျှော်မှန်း ထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*