ဂျပန်အစိုးရ၏ လှူဒါန်းငွေ ကန်ဒေါ်လာ ၂ ဒသမ ၉ သန်း ဖြင့် နိုင်ငံတစ်ဝန်းမှ HIV နှင့် TB ဝေဒနာရှင်များကို ထောက်ပံ့မည်

ဂျပန်အစိုးရ၏ လှူဒါန်းငွေ ကန်ဒေါ်လာ ၂ ဒသမ ၉ သန်း ဖြင့် နိုင်ငံတစ်ဝန်းမှ HIV နှင့် TB ဝေဒနာရှင်များကို ထောက်ပံ့မည်
December 14, 2016 Asian Fame

6:51 am
ဂျပန်အစိုးရ၏ လှူဒါန်းငွေ ကန်ဒေါ်လာ ၂ ဒသမ ၉ သန်း ဖြင့် နိုင်ငံတစ်ဝန်းမှ HIV နှင့် TB ဝေဒနာရှင်များကို ထောက်ပံ့မည်

hiv-health

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၉

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ ဂျပန်အစိုးရက ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းလှူဒါန်းခဲ့ပြီး ယင်းငွေများဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှ HIV နှင့် TB ဝေဒနာ ရှင်များအတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေ ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရက အလှူငွေများကို နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးမှ HIV နှင့် TB ဝေဒနာရှင်များကို စာရင်းကောက်ယူပြီး အဆိုပါ လှူဒါန်းငွေများဖြင့် ဆေးဝါးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။ ”တစ်နိုင်ငံလုံးက ဝေဒနာရှင်တွေကို စာရင်းကောက်ပြီး စာရင်းပေးထားတဲ့ ဝေဒနာရှင်တွေအကုန်လုံးကို ဆေးဝါးတွေ ရိက္ခာတွေပေးမှာပါ။ ဘတ်ဂျက်ဘယ် လောက်ဖိုးပေးမယ်ဆိုတာကိုတော့ သေ ချာမသိရသေးပါဘူး”ဟု ၎င်းကပြောသည်။

HIV နှင့် TB ရောဂါ ဝေဒနာရှင်များအနေဖြင့် ဆေးဝါးနှင့် ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရုံးခန်းတွင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး အမြဲတမ်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အချို့သော ဝေဒနာရှင်များသည် (WFP) မှ ဆေးဝါးရိက္ခာများ အထောက်အပံ့များ ရယူရန် စာရင်းပေးထားကြသော်လည်း နောက်ပိုင်းတွင် လာရောက်ထုတ်ယူခြင်း မရှိကြကြောင်း သိရသည်။

”မြန်မာနိုင်ငံမှာက HIV ရောဂါဝေဒနာရှင်တွေက ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံနေကြရတယ်လေ။ အဲဒီတော့ နောက်ပိုင်းကျရင် သိပ်မလာဖြစ်ကြတော့ဘူး” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် ယင်းအစီအစဉ်ကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် WFP ပူးပေါင်းကာ နှစ်စဉ်ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၁ဝဝ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် HIV နှင့် TB ဝေဒနာရှင်များအား ဆေးပစ္စည်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ ခြင်းအပြင် နယ်စပ်ဒေသမှ ဆင်းရဲချို့တဲ့သော ကလေးများအား ပညာသင်ကြေး ထောက်ပံ့ခြင်းတို့ကိုနယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*