ကွန်ဒိုမီနီယံဥပဒေ ထွက်လာပြီးသော်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများကြောင့် အိမ်ခြံမြေဈေးကွက် အကျပ်ရိုက်နေ

ကွန်ဒိုမီနီယံဥပဒေ ထွက်လာပြီးသော်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများကြောင့် အိမ်ခြံမြေဈေးကွက် အကျပ်ရိုက်နေ
December 8, 2016 Asian Fame

3:56 am
ကွန်ဒိုမီနီယံဥပဒေ ထွက်လာပြီးသော်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများကြောင့် အိမ်ခြံမြေဈေးကွက် အကျပ်ရိုက်နေ

HEZ
ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေ သစ်ကြောင့် အိမ်ခြံမြေကဏ္ဍ ပိုမိုကောင်း မွန်လာဖွယ် ရှိနေသော်လည်း ကွန်ဒိုမီနီယံ နည်း ဥပဒေ ကို စောင့်မျှော်နေကြသော ကြောင့် ဈေးကွက်အတွင်းအကျဘက် ဦး တည်နေကြောင်း အိမ်ခြံမြေလုပ်ငန်းဆိုင် ရာ ကျွမ်းကျင်သူများထံမှ သိရသည်။

အမေရိကန်မှ စီးပွားရေးကုန်သွယ် ခွင့်ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက် ခြင်းနှင့် အသေးစိတ် အချက်အလက်များ ဖြင့် ပိုမိုကောင်း မွန်လာသော ရင်းနှီးမြှုပ်နှံ မှုဥပဒေသစ်တို့ကြောင့် နိုင်ငံအတွင်း ရင်း နှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ဝင်ရောက်လာ နိုင်ပြီး အိမ်ခြံမြေကဏ္ဍပါ တိုးတက်ကောင်း မွန်လာဖွယ်ရှိနေသော်လည်း ကွန်ဒိုမီနီယံ နည်း ဥပဒေလိုအပ်ချက်ကြောင့် ရပ်တန့် မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

”လောလောဆယ် ကြည့်ရင်တော့ အိမ်ခြံမြေဈေးကွက်က တုံ့ဆိုင်းသွားတယ်။ ကွန်ဒိုမီနီယံဥပဒေ ထွက်လာပေမယ့်လည်း နောက် ကတော့ လုပ်ထုံးလုပ်နည်းဆိုင်ရာ တွေ မလာသေးတော့ နိုင်ငံခြား ရင်းနှီးမြှုပ် နှံလိုသူတွေအတွက် အခက်အခဲ ရှိနေပါ သေးတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြော သည်။

သို့ရာတွင် နိုင်ငံတွင်း အခြေခံအ ဆောက်အအုံ ကင်းမဲ့မှုသည် နိုင်ငံအတွက် လိုအပ်ချက် တစ်ခုဖြစ်သော်လည်း ရင်းနှီး မြှုပ်နှံသူများအ တွက် အခွင့်အလမ်း ကောင်းများပင် ဖြစ်ကြောင်း မဖွံ့ဖြိုးသေး သော ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုအ တွက် အခွန်မက်လုံးပိုပေးမည်ဟု ဆိုလို ခြင်းသည် ဖွံ့ဖြိုးပြီးဒေသများတွင် အခွန် မက်လုံးမရှိခြင်းကို ဆိုလိုခြင်း မဟုတ် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောဆိုခဲ့ဖူးသည်။

အွန်လိုင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက် တစ်ခု၏ Managing Director ဖြစ်သူ Mr. Nitesh Khirwal  ကမူ”မြန်မာ့ ရင်းနှီးမြှုပ် နှံမှုကော်မတီ ရဲ့ အကြံဥာဏ်များဖြင့် ဖြည့် စွက်ပြင်ဆင်ထားတဲ့ ဒီရင်းနှီးမြှုပ်နှံမှုဥပဒေ သစ်ဟာ အိမ်ခြံမြေကဏ္ဍအတွက်လည်း အလားအလာကောင်း များ ဖြစ်ပေါ်လာ စေမှာပါ။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ တို့ကို အာဆီယံလမ်းညွှန်ချက်နဲ့အ ညီ ပေါင်းစည်းလိုက်ခြင်းက ဒေသတွင်းအခြား နိုင်ငံတွေနဲ့ စီးပွားရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနဲ့ စီမံခန့်ခွဲမှုများ ဆင်တူလာ စေဖို့ အထောက်အကူဖြစ်စေပြီး ပိုမိုရှင်း လင်းမြန်ဆန်မှုများ ဖြစ်ပေါ်လာစေနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ထို့အပြင် ဥပဒေသစ်သည်  စီးပွားရေး လုပ်ငန်းအသစ်များ၏ ခွင့်ပြုချက်များအ တွက် လုပ်ဆောင်ရာတွင်လည်း ပိုမိုမြန် ဆန်စွာ လုပ်ေ ဆာင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန်မှSanction များ ဖြေလျှော့လိုက်ခြင်းကလည်း မြန်မာ့ဈေး ကွက်ကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ပိုမို စိတ်ဝင်စားမှု ရှိလာနေ ကြောင်းလည်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*