ရန်ကုန် တိုက်ခန်းအငှားဈေးကွက် ပြန်သွက်လာ

ရန်ကုန် တိုက်ခန်းအငှားဈေးကွက် ပြန်သွက်လာ
November 17, 2016 Asian Fame

7:08 am
ရန်ကုန် တိုက်ခန်းအငှားဈေးကွက် ပြန်သွက်လာ
In Bussiness

business-copy

HEZ
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အ တွင်း အဝယ်နှင့်အငှား နှစ်မျိုးစလုံး ပြန် လည်ကောင်းမွန်လာနေပြီး အထူးသဖြင့် ရန်ကုန်မြို့တွင်း အိမ်ရာရုံးခန်းများ ငှား ရမ်းမှုက ဝယ်ယူမှုထက် ပိုမိုအားကောင်း လာနေကြောင်း အိမ်ခြံမြေ ဈေးကွက်အ တွင်းမှ သိရသည်။

ဝါကျွတ်ကာလနောက်ပိုင်း အငှား ဈေးကွက်ပြန်လည် ကောင်းမွန်လာနေပြီး ရန်ကုန်မြို့တွင်း နေထိုင်ရန် ကောင်းမွန် သော မြို့နယ်များတွင် တိုက်ခန်းများ ပိုမို ဆောက်လုပ် ဖော်ဆောင်လာမှုများကြောင့် လည်း ဝယ်ယူရန်အတွက် တိုက်ခန်းများနှင့်၊ ငှားရမ်းနေထိုင်ရန်အတွက် တိုက်ခန်းနှင့် လုံးချင်းအိမ်များသည် ပိုမိုစုံစမ်းမှုရှိနေ သော အမျိုးအစားများဖြစ်ကြောင်း သိရ သည်။

”သီတင်းကျွတ်အပြီး အရောင်းအဝယ် ကတော့ မြေကွက်အဝယ် မေးမြန်းစုံစမ်း တာရှိတယ်။ သိန်းငါးထောင်အောက်ပေါ့။ မရမ်းကုန်း၊ အင်းစိန်၊ တောင် ဥက္ကလာ၊ မြောက်ဒဂုံ မေးတာများတယ်။ အရောင်း အဝယ်ဖြစ်တာက တောင်ဥက္ကလာမှာ တစ် ထောင်ဝန်းကျင်နဲ့ မရမ်းကုန်းမှာ လေး ထောင်ဝန်းကျင်ဖြစ်တယ်” ဟု Peace Land Real Estate Company မှ ဒါရိုက် တာ ဦးအောင်ဇော်ကပြောသည်။             အငှားဈေးကွက်တွင်မှု တိုက်ခန်းများ အနေဖြင့်နှစ်သိန်းဝန်းကျင်နှင့် စမ်းချောင်း၊ သာကေတ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း မြို့နယ်များတွင် အငှားများနေကြောင်း သိ ရသည်။

လုံးချင်းအနေဖြင့်မူ မရမ်းကုန်းမြို့ နယ်အတွင်း အငှားလိုက် နေကြောင်းသိရ သည်။ ကွန်ဒိုတိုက်ခန်းအငှား ဈေးနှုန်းများ တစ်လငှားရမ်းခ ကျပ်သိန်း ၁ဝဝ ကျော် ရှိသော တန်ဖိုးမြင့်လုံးချင်းအိမ် အငှားဈေး ကွက်မှာ ကျဆင်းလျက်ရှိပြီး အငှားဈေး နှုန်းများလည်း သိသာစွာ ကျဆင်းလျက်ရှိ ကြောင်း၊ မြို့ထဲဧရိယာအတွင်းရှိ ကွန်ဒို တစ်ခန်း၏ အငှားဈေးမှာ လမ်းနှင့် အခန်း အကျယ်အဝန်းပေါ်မူ တည်ပြီး တစ်လ လျှင် ကျပ် ၁ဝ သိန်းမှ ကျပ်သိန်း ၃ဝ အ ထိရှိပြီး ရိုးရိုးတိုက်ခန်းတစ်ခန်း၏ အငှား ဈေးမှာ အထပ်အမြင့်အပေါ် မူတည်ပြီး တစ်လလျှင် ကျပ်နှစ်သိန်း မှ ကျပ်ရှစ်သိန်း အထိ ရှိကြောင်း သိရသည်။

           မြန်မာနိုင်ငံသည် အိမ်ခြံမြေကဏ္ဍပိုမို တိုးတက် ကောင်းမွန်လာစေရန်အတွက် စည်းမျဉ်း စည်းကမ်းများ ဖြည့်စွက်လုပ် ဆောင်နေသော အခြေအေ နဖြစ်သော ကြောင့် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ရန်အတွက် နိုင်ငံတကာမှ စိတ်ဝင်စားမှု မြင့်တက်နေချိန်ဖြစ်သည်။ စည်းမျဉ်းစည်း ကမ်းများက ပိုမိုရှင်းလင်း အသေးစိတ်လာ ခြင်းနှင့် ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် ထွက်လာ တော့မည့် ကွန်ဒိုမီနီယံဥပဒေတို့ကြောင့် လည်း အိမ်ခြံမြေကဏ္ဍမှာနိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ပိုမိုဖြစ်ပေါ်လာဖွယ်ရနေပြီး လက်ရှိ သီတင်းကျွတ်ပြီးကာလတွင်ပင် စတင် လှုပ်ရှားလာလျက်ရှိကာ ၂ဝ၁၇ ခုနှစ် အစောပိုင်း ကာလများတွင် ပိုမို   ကောင်းမွန်လာနိုင်ရန် အိမ်ခြံမြေ အကျိုး ဆောင်များက မျှော်လင့်နေကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*