ကား တင်သွင်းခွင့် မူဝါဒကြောင့် တစ်ပတ်ရစ် ကားဈေးကွက် ပြောင်းလဲသွားနိုင်

ကား တင်သွင်းခွင့် မူဝါဒကြောင့် တစ်ပတ်ရစ် ကားဈေးကွက် ပြောင်းလဲသွားနိုင်
December 8, 2016 Asian Fame

3:57 am
ကား တင်သွင်းခွင့် မူဝါဒကြောင့် တစ်ပတ်ရစ် ကားဈေးကွက် ပြောင်းလဲသွားနိုင်

HEZ
ရန်ကုန်၊ ဒီဇင်ဘာ ၅

၂ဝ၁၇ ခုနှစ် ကားတင်သွင်း မှုနှင့် ပတ်သက်၍ မူဝါဒနှင့် သတ် မှတ်ချက်များ ထွက်ပေါ်လာပြီး နောက်ပိုင်း မော်ဒယ်မြင့်ကားများ ကိုသာတင်သွင်းရမည် ဖြစ်သော ကြောင့် ပြည်တွင်းတွင် တပ်ဆင် ထားသည့် ကားများသာ အရောင်း လိုက်လာနိုင်ကြောင်းနှင့် တစ်ပိုင် တစ်နိုင် လုပ်ကိုင်နေသော တစ် ပတ်ရစ် ကားဈေးကွက်မှာ ယခင် ကကဲ့သို့ နံပါတ်ဟောင်း ကားများ ကို ရောင်းချသော ဈေးကွက်အ ဖြစ် အသွင်ပြောင်းနိုင်ကြောင်းသုံး သပ်မှုများ ရှိနေသည်။

တစ်ဦးချင်းတင်သွင်းမှု ဖရီး ပါမစ်ကားများအတွက် ၂ဝ၁၅-၂ဝ၁၇ ဘယ်မောင်း မော်ဒယ်များ၊ ယာဉ်အိုယာဉ်ဟောင်းများအတွက် ၂ဝ၁၁-၂ဝ၁၄ မော်ဒယ်များနှင့် ကုန် တင်ယာဉ်များအတွက် ၂ဝဝ၇ နှင့် အထက် မော်ဒယ်များကိုသာ တင် သွင်းရမည်ဖြစ်ကြောင်း မူဝါဒပေါ် ထွက်လာခဲ့သောကြောင့် ကားဈေး ကွက်အတွင်း အနည်းငယ်လှုပ်လှုပ် ရှားရှား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် ထုတ် ပြန်ထားသော သတ်မှတ်ချက်များ ကြောင့် ဖရီးပါမစ်ဖြင့် တင်သွင်းနိုင် သောကားများမှာ ပုံမှန်ထက် ၃ဝ ရာခိုင်နှုန်းခန့် ဈေးပိုတက်သွား နိုင်ပြီး ပြည်တွင်းတွင် တပ်ဆင် သော ကားသစ်များ၏ ဈေးနှုန်းကို မီလုနီးပါး ဖြစ်သွားနိုင်ကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်းတစ်ဦးက ဆို သည်။

ထို့အပြင် ကားရှာသူအများစု က သိန်း ၁၄ဝ၊ သိန်း ၁၅ဝ နှင့် သိန်း ၂ဝဝ ကြား မော်ဒယ်များကို သာ အမေးများပြီး လက်ရှိအချိန် တွင် သိန်း၃ဝဝဝန်းကျင်သို့ ရောက် နေသော ကားများကို စိတ်ဝင်စား မှုနည်းပါးကြောင်း သိရသည်။ ပွင့် လင်းရာသီတွင် နယ်ဝယ်လက်များ တိုးလာမည်ဟု မျှော်မှန်းခဲ့ကြသော် လည်း လက်တွေ့တွင် အနည်းအ ကျဉ်းသာ ရောင်းရသည်ဟုလည်း ကားဝယ်ရောင်းများက ဆိုသည်။

လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားတင်သွင်း ရောင်းချသူ အများစုက လက်ဝယ်ရှိနေသော ကားများကို ရောင်းချခြင်း၊ ဆက် လက်ကိုင်ထားခြင်းများနှင့် ပတ် သက်ပြီး ဝေဝါးနေကြောင်း၊ စလစ် ကပ်ပါက ကားဈေးမှာ အဆမတန် မြင့်တက်သွားနိုင်ကြောင်း ပြောဆို မှုများ ရှိသည်။

ဝယ်ရောင်းအချို့က လွန်ခဲ့ သည့် နှစ်လခန့်မှစ၍ နံပါတ်ထွက် ပြီးသား ကားအဟောင်းများကို ပြန်ကိုင်ရန် ကြိုးစားနေကြသော် လည်း လက်ရှိအချိန်တွင် နံပါတ် ထွက်ပြီးသား ကားများကို ရောင်း ချမည့်သူ နည်းပါးလွန်းနေကြောင်း၊ ငွေကြေး အခက်အခဲရှိ၍ ရောင်း ချသည်မှအပ ကားလဲလှယ် စီးနင်း လိုသောကြောင့် ရောင်းချမည့်သူ မျိုး မရှိကြောင်းလည်း သိရသည်။

ရန်ကုန်လိုင်စင်နှင့် ပတ်သက် ၍ Public Transport  ကဏ္ဍကို ကောင်းအောင် စီစဉ်ပြီးမှသာ ရန် ကုန်ကား မှတ်ပုံတင်ခွင့်အတွက် စဉ်းစားလိမ့်မည်ဟု ခန့်မှန်းရ ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေး လုပ်ငန်းရှင်များ အသင်း (MAMDA)   ဥက္ကဋ္ဌ ဒေါက်တာစိုး ထွန်းက ပြောသည်။

လက်ရှိအချိန်တွင်မူ ကား အများစုကို နယ်လိုင်စင်များကပ် ၍သာ ရောင်းချလျက်ရပြီး နောက် ပိုင်းတွင် ကားတင်သွင်းသူများ အ နေနှင့် တစ်ပတ်ရစ်ကားများ တင် သွင်းရန် မလွယ်ကူတော့ကြောင်း နှင့် ကားအဟောင်းများကိုသာRecycle  ပုံစံဖြင့် ရောင်းဝယ်ရ တော့ မည်ဖြစ်ကြောင်းကိုလည်း MAMDA  ဥက္ကဋ္ဌက ခန့်မှန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*