မြန်မာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် 3MDG မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းထောက်ပံ့

မြန်မာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် 3MDG မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းထောက်ပံ့
November 17, 2016 Asian Fame

5:09 am
မြန်မာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် 3MDG မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းထောက်ပံ့
In Health

မှူးအိမ်ဇော်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွား မှုလျှော့ချနိုင်ရေးရည်မှန်းချက်ကို အကောင် အထည်ဖော်ရန်အတွက် ထောင်စုနှစ်ဖွံ့ ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံ ငွေ (3MDG) သည် ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် တီဘီရောဂါတိုက်ဖျက်ရေးအ ဆောက်အအုံလေးခုကို ပံ့ပိုးတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တည်ဆောက်သွားမည့် ပြင်ပလူနာ ဌာနများတွင် တီဘီရောဂါ ရှာဖွေဖော် ထုတ်ခြင်းနှင့် လူနာများအတွက်ဆေးကုသ မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွား မည် ဖြစ်ပြီး လူနာများအနေဖြင့် တီဘီရောဂါ စစ်ဆေးနိုင်ခြင်း၊ ရောဂါအကြောင်း ပိုမို သိရှိမေးမြန်းနိုင်ခြင်းနှင့် လိုအပ်ပါကဆေး ကုသမှုကိုချက်ချင်းရယူနိုင်ခြင်း အစရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ အင်းစိန်မြို့နယ်ရှိ အောင် ဆန်းတီဘီရောဂါ တိုက်ဖျက်ရေးဌာနတွင် ပြင်ပလူနာဌာနတစ်ခု တည်ဆောက်နေ ပြီး၂ဝ၁၈ ခုနှစ်တွင် စတင် ဖွင့်လှစ် သွား နိုင်မည်ဖြစ်ရာ တစ်နေ့လျှင် လူနာ ၁ဝဝ မှ ၁၅ဝ ခန့်ဖြင့် တစ်ပတ်လျှင် ငါးရက် ကြည့်ရှုကုသပေးနိုင်မည် ဖြစ်ကြောင်းသိရ သည်။ ထို့ပြင် ရန်ကုန်တိုင်း   ဒေသကြီးအ တွင်း အထူးကြပ်မတ်ကုသရန်လိုအပ်သော တီဘီလူနာများနှင့် ဆေးယဉ်ပါးတီဘီလူနာ များကို ယင်းဌာနထံ လွှဲပြောင်းညွှန်းပို့နိုင် မည်လည်းဖြစ်ေ ကြာင်း သိရသည်။

3MDG  ၏ ပံ့ပိုးမှုဖြင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ သန်း အကုန်အကျခံ ကာ UNOPS မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံချက်အရအခြား အဆောက်အအုံ သုံးခုကိုလည်း ဆောက် လုပ်လျက်ရှိပြီး မန္တလေးမြို့တွင် အလားတူ ပြင်ပလူနာဌာနတစ်ခု တည်ဆောက်သွား မည့်အပြင် ရန်ကုန်မြို့တွင် ဇီဝလုံခြုံမှုအ ဆင့် ၃ အမျိုးသားရည်ညွှန်း ဓာတ်ခွဲခန်း နှစ်ထပ်ဆောင် တစ်ခုကိုလည်း ဆောက် လုပ်သွားမည်ဖြစ်သည်။ ၄င်းဓာတ်ခွဲခန်း တွင် ဆေးယဉ်ပါးတီဘီ လူနာများအတွက် အဆင့်မြင့်ဓာတ်ခွဲ စမ်းသပ်မှုအပါအဝင် ရောဂါ ရှာဖွေဖော်ထုတ်ခြင်းများကို ပြည် တွင်းမှာပင် ဆောင်ရွက်သွားနိုင်မည် ဖြစ် ကြောင်း သိရသည်။

လေးခုမြောက် အဆောက်အအုံကို မြန်မာပြည်အထက်ပိုင်းရှိ မန္တလေးမြို့ ပုသိမ်ကြီး တီဘီဆေးရုံတွင် တည်ဆောက် လျက်ရှိပြီး ၄င်းနားခိုဆောင်ကို ၂ဝ၁၆ ခုနှစ်အကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊ လူနာများ ကုသမှုလာရောက်ခံ ယူစဉ် အတူပါလာသော လူနာစောင့်များ နားခိုချက်ပြုတ်စားသောက်နိုင်ရန် စီမံပေး ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီ ဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃ဝ တွင် ပါဝင်နေပြီး တီဘီလူနာပေါင်း ၁၅ဝဝဝဝ ခန့် နှစ်စဉ်တွေ့ရှိနေရပြီး တီဘီရောဂါ ကုသရာတွင် အသုံးပြုသော ပထမအ ဆင့် ဆေးဝါးများအား ယဉ်ပါးသွားသည့် ရောဂါကို ဆေးယဉ်ပါးတီဘီရောဂါဟု ခေါ်ပြီး ၄င်းရောဂါသည် စိုးရိမ်ဖွယ် ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာနေ ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*