ယခုဘဏ္ဍာနှစ်မကုန်မီ သားဖွားဆရာမ နှစ်ထောင် ထပ်ခန့်ရန် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်

ယခုဘဏ္ဍာနှစ်မကုန်မီ သားဖွားဆရာမ နှစ်ထောင် ထပ်ခန့်ရန် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်
February 22, 2017 Asian Fame

11:59 am
ယခုဘဏ္ဍာနှစ်မကုန်မီ သားဖွားဆရာမ နှစ်ထောင် ထပ်ခန့်ရန် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုဘဏ္ဍာနှစ်မကုန်မီ သားဖွားဆရာမ ၂ဝဝဝ ခန့် ခန့်အပ်ရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောသည်။

”ကိုယ်ဝန်ဆောင် မိခင်များနဲ့ ကလေး များ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် အတွက် အရည်အချင်းပြည့်ဝတဲ့ အခြေခံ ကျန်းမာရေးလုပ်သားများ ဖြစ်စေဖို့ ဌာန တွင်း မွမ်းမံသင်တန်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ ဒီနှစ်မတ်လက စတင်ပြီး သင်တန်းများ စပေးဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်ကုန်မှာလည်း သားဖွားဆရာမ ၂ဝဝဝ လောက်ခန့်ဖို့ စီစဉ်ထားပါတယ်။ ပြည် ထောင်စုအစိုးရအဖွဲ့ကလည်း သဘောတူ ပြီးပါပြီ”ဟု ¤င်းက ဖေဖော်ဝါရီ တတိယ ပတ်တွင် ပြောသည်။ ကျေးလက် ကျန်းမာရေးဌာနခွဲ မရှိ သေးသည့် ကျေးရွာတိုင်းတွင် သားဖွား ဆရာမ ၁ ဦးစီခန့်ပါက သားဖွားဆရာမ ၂ သောင်းခန့် ထပ်မံ လိုအပ်မည် ဖြစ် ကြောင်း၊ ထိုသို့ ခန့်အပ်လျှင် လစာ၊ လိုအပ်သည့် ဆေးပစ္စည်း ပရိဘောဂများ အပါအဝင် စုစုပေါင်းကျပ်ငွေ ၇၂ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး နိုင်ငံတော်မှ ကုန်ကျ ခံရမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

”ဒါတောင် ပင်စင်ယူမယ့်သူ၊ အလုပ်ထွက် သားဖွားဆရာမများကို ထည့်တွက် မထားသေးပါဘူး”ဟု ၎င်းက ပြောသည်။ တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆၃၉၃၈ ရွာရှိပြီး ကျေးလက် ကျန်းမာရေး ဌာနပေါင်း ၁၇၇၈ ဌာနနှင့် ဌာနခွဲပေါင်း ၇၅၅၁ ဌာနရှိကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခန့်ထားနိုင်သော သားဖွားဆရာမမှာ ၁၂၂၉၅ ဦးရှိကြောင်းဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*